•••••••••••••••••••••••
အောင်သင်း
ဘသန်းမြင့်ကို တွေ့လိုက်တော့ ကျွန်တော် ရုတ်တရက်ပင် မမှတ်မိလိုက်။ ပြုံးကာရယ်ကာ နှုတ်ဆက်လိုက်တော့မှ သူ့ရုပ်ကို ဖမ်းလို့ရတော့သည်။ ကျောင်းတုန်းကနှင့် လုံးဝသီးခြားဖြစ်နေသည်။ ဘောင်းဘီ၊ စပို့ရှပ်၊ နေကာမျက်မှန်၊ လက်ကိုင်အိတ် စသည့် သူတို့လိုကောင်လေးတွေ ဒီခေတ်တွင် ဝတ်ကြဆင်ကြသော ပစ္စည်းပစ္စယတွေနှင့်လို့သာ ပြောပါရစေတော့။ သူတို့၏ ပစ္စည်းတွေ ဘယ်ဟာကဘယ်လောက် အဖိုးတန်သည်ကို ကျွန်တော် လုံးဝနားမလည်။ ပြောရလျှင်လည်း ရှက်စရာပါ။
သို့သော် ပြောလိုက်ရပါဦးမည်။
မကြာသေးမီက ကျွန်တော့်တပည့်တစ်ယောက်က ရှပ်တစ်ထည် ယူလာပြီး ကန်တော့သွားသည်။ ကျွန်တော်ကတော့ သာမန်ပါပဲ။ ကျွန်တော့်သားများက သူတို့အဖေ၏ အရည်အချင်းကို စမ်းသပ်ချင်လေသလား မသိ။ “ဖေဖေ အဲဒီရှပ် ဘယ်လောက်ပေးရမလဲ ထင်သလဲ” တဲ့။ ကျွန်တော်ကလည်း
သည်ကောင်တွေ မေးကတည်းက အတော်လေး တန်ဖိုးရှိလို့ ဖြစ်မှာပဲဟု တွေးပြီး “တစ်ရာ့ငါးဆယ်၊ နှစ်ရာအောက်တော့
မလျော့ဘူးထင်တယ်ကွ” ဟု ပြောလိုက်ရာ သူတို့က ဝိုင်းရယ်လိုက်ကြပြီး “ဖေဖေ အဲဒီတံဆိပ်နဲ့အင်္ကျီကို ခုသွားပြီး ရောင်းရင်
ငါးရာလောက်ရနိုင်တယ်” ဟု ပြောလိုက်မှ သူတို့ အဝတ်အစားတွေကို ကျွန်တော် လန့်သွားသည်။
ထို့ကြောင့် ဘသန်းမြင့်၏ ပစ္စည်းပစ္စယအကြောင်း ကျကျနန ဘာမျှမပြောနိုင်ပါ။ သို့သော် သည်ကောင် အတော့်ကို ဟန်ကျပန်ကျ ဖြစ်နေကြောင်းတော့ဖြင့် ကောင်းကောင်းကြီး
သိသာနေပါသည်။
ကျောင်းတုန်းက ဘသန်းမြင့်ကို ပြန်ပြီး သတိရမိသည်။ သူ၏ အိမ်အခြေအနေမှာ အတန်အသင့် နွမ်းပါးဟန်ရှိသည်။ ကျောင်းလခလား၊ စာမေးပွဲကြေးလား မမှတ်မိတော့၊ တစ်ခါ နှစ်ခါလောက်လည်း ကျွန်တော့်ထံ ခေတ္တခဏ ငွေလှည့်ဖူးသည်။ ပြန်တော့ အမြဲပေးပါသည်။ သူသည် စည်းကမ်းရှိသည်။ စာကိုတော့ အလွန်ကြိုးစားသူမျိုး မဟုတ်၊ မှန်မှန်စာကြည့်သည့် သဘောသာ ဖြစ်သည်။
ကျွန်တော် မှတ်မိတာတစ်ခု ရှိသေးသည်။ ကျွန်တော့် ဗီရိုကို ဖွင့်ပြီး ဘီစကစ်၊ ကိတ်ခြောက်စသည့် တိုလီမိုလီ
မုန့်ကလေးတွေကို ရှာဖွေပြီး စားသွားတတ်သည်။ ထို မုန့်မျိုးဆိုသည်မှာလည်း ကျွန်တော်ကိုယ်တိုင် စိတ်လိုလက်ရ ဝယ်ထားသည်က အလွန့်ကိုနည်းပါသည်။ ကျောင်းသူကောင်မလေးတွေက ဝယ်ခြမ်းလာကြပြီး “ဆရာ ဟောဒီမှာ” ဆိုပြီး ထည့်ပေးသွားသည်ကသာ များပါသည်။
“လာပါဆရာ၊ တစ်ခုခု စားကြရအောင်ပါ။ ဆရာနဲ့ ကြုံတောင့်ကြုံခဲ တွေ့ရတာပါ။ အိမ်ကိုလာရင်လဲ ဆရာ့ကို တွေ့ရတာမှ မဟုတ်ပဲ”
ဘသန်းမြင့် ဇွတ်ခေါ်သည်နှင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲသို့ ဝင်လိုက်ကြပါသည်။ သူ သင်္ဘောလိုက်သည်ကိုတော့ ကျွန်တော် ကြားလိုက်ရသည်။ ဘယ်လောက်ကြာပြီး
ဘာတွေဖြစ်နေသည်ကိုတော့ သေသေချာချာ မသိပါ။ ယခုမှ သိရသည်က အိမ်လေးရာလေးနှင့် အတော်လေး အခြေခိုင်သွားကြောင်း၊ နောက် တစ်ခေါက်နှစ်ခေါက်လိုက်ပြီးလျှင်
ရန်ကုန်မှာပဲ အခြေတကျ လုပ်ငန်းလုပ်မည့်အကြောင်း၊ အိမ်ထောင်ပြုတော့မည်ဖြစ်ကြောင်း စသည်တို့ကို သိရပါသည်။
ထို့နောက် လက်ဖက်ရည်ဖိုး ရှင်းတော့မည်ကဲ့သို့ သူ့လက်ကိုင်အိတ်ကို ထုတ်သည်။
ပြီးတော့ ကျွန်တော့် လက်ကိုင်အိတ်ကို လှမ်းဆွဲယုဖွင့်လိုက်ပြီး ငွေစက္ကူတစ်ထပ်ကို ထည့်မည် လုပ်ပါသည်။
"ဟေ့ - ဘသန်းမြင့် ဒီလိုမလုပ်နဲ့၊ ငါဟာ မချမ်းသာပါဘူး။ ဒါပေမဲ့ မဆင်းရဲဘူး။ ငွေရေးကြေးရေး ဘာမှမလိုဘူး။
ငါ မလိုချင်ဘူး” ဟု မျက်နှာထား ခပ်တင်းတင်းပဲ ပြောလိုက်သည်။
ဘသန်းမြင့် မျက်နှာအနည်းငယ်ပျက်သွားပြီးမှ လေသံ ခပ်အေးအေးနှင့် -
“ဒီလိုမပြောပါနဲ့ ဆရာရယ်။ ဆရာ့ဘဝ အေးအေးချမ်းချမ်း မပူရမပင်ရ နေနိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဆရာ့ကျေးဇူးတွေ ကျွန်တော့်မှာ ရှိပါတယ်။ ဆရာ့ကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူးဆိုတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆရာ့ကလေးတွေဖို့ မုန့်ဖိုးအဖြစ် ယူသွားပါ ဆရာ။ ကလေးတွေအတွက်ပါ''
သူ့မျက်နှာကို ကြည့်လိုက်တော့ တကယ့်ကို သူ့စေတနာကို ပြလိုသည့် သင်္ကေတမျှသာ ဖြစ်ကြောင်းကို သိလိုက်ပါသည်။ ထို့ကြောင့် ကျွန်တော်လည်း ဘာမျှပြန်မပြောတော့ဘဲ
ခပ်ငိုင်ငိုင်သာ ကြည့်နေလိုက်မိပါသည်။
လူချင်းခွဲခါနီးတော့ “အချိန်ရရင် ဆရာ့အိမ်ကို လာခဲ့ဦးမယ် ဆရာ” ဟု ပြောပြီး လက်အုပ်ချီ နှုတ်ဆက်သွားပါသေးသည်။
အိတ်ကို ဖွင့်ကြည့်လိုက်တော့ ငွေသုံးရာ ထည့်ပေးသွားသည်ကို တွေ့လိုက်ရပါသည်။ ထိုငွေကို ကျွန်တော် ဘာလုပ်ရမည်နည်း ဆိုသည်ကို စဉ်းစားလို့မရနိုင်အောင် ဖြစ်နေမိသည်။ 'အေးလေ ... ကလေးတွေ မုန့်ဖိုးပဲပေါ့' ဟု စိတ်ကို ဖြေပြီး တွေးလိုက်မိပါသည်။
ထိုကဲ့သို့ ခပ်ငိုင်ငိုင် လမ်းလျှောက်လာနေစဉ်မှာပင်
“ဆရာ ... ဆရာ” ဟု ခေါ် လိုက်သံကြားလို့ လှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်။ ခပ်ပိန်ပိန်ပါးပါး၊ သေချာ ကြည့်လိုက်တော့မှ မှတ်မိပြီ -
“လှမြတ်ထွေးပါလား။ မတွေ့ရတာကြာပြီ။
ထွန်းအောင်ကော နေကောင်းလား။ ဘာလုပ်နေကြလဲ။ နင်တို့
ကလေးဘယ်နှစ်ယောက်ရပြီလဲ” စသည်ဖြင့် တသီကြီး မေးလိုက်မိပါသည်။
လမ်းမှာပင် စကားရပ်ပြောရင်း သိလာရသည်။
ထွန်းအောင်က မကြာသေးမီကပင် အလုပ်လက်မဲ့ ဖြစ်သွားသည်။ လှမြတ်ထွေး၏ လခကလေးကိုသာ ချွေတာစားသောက်ကြရသည်။ ဒုတိယကလေးကလည်း နို့ဘူးတိုက်ရသည်နှင့် ဘာနှင့်ဆိုတော့ အတော်လေး ကသီလင်တဖြစ်နေကြရဟန် တူသည်။ မိဘများကလည်း ယခင်ကလို စီးပွားရေး မတောင့်တင်းသည်ကြောင့် သိပ်ပြီး ထောက်ပံ့နိုင်ကြဟန် မတူပါ။
ကျောင်းသူဘဝတုန်းက လှမြတ်ထွေးကို ပြန်ပြီး သတိရမိသည်။ မြူးမြူးကြွကြွ၊ လှပေ့ကောင်းပေ့ဆိုသော အဝတ်အစားလေးများကို ဝတ်ဆင်တတ်သူ။ ကျွန်တော့်အတွက် စားစရာမုန့်ကို မကြာခဏ ယူလာတတ်သည်။ သူတို့အိမ်နားမှာ မုန့်ဖုတ်သည့် အိမ်ရှိလို့ ထင်ပါရဲ့။ နာနတ်ယိုသွပ်ထားသည့် မုန့်တစ်မျိုးမှာ အတော်စားကောင်းသည်ကို ကျွန်တော် မှတ်မိနေသေးသည်။
ယခု သူ့ကို ကြည့်လိုက်တော့ အဝတ်အစားက နွမ်းလှသည်ဟု မဆိုနိုင်တောင်မှ သစ်သစ်လွင်လွင်တော့ မဟုတ်။
သူ့ဖိနပ်ကို သတိထားကြည့်လိုက်တော့ နွမ်းပါးရှာမှန်း ပိုပြီး သိသာနေသည်။
“ငါလဲ ဆာနေတယ်။ လာဟာ - ဆီချက်စားရင်း
စကားပြောကြရအောင်” ဟု ဆိုပြီး သူ့ကို ခေါ်ရသည်။ သူက နေပါစေဟု ပြောသော်လည်း ကျွန်တော်နှင့်တော့ စကားပြောချင်ပုံရသည်။
ဆီချက်စားရင်း “ကျောင်းသူဘဝကို ပြန်ပြီး လွမ်းတယ် ဆရာ” ဟု တမ်းတမ်းတတ ပြောရှာသေးသည်။
“နင် - ငါ့ဖို့ မုန့်တွေ ဝယ်ဝယ်လာတာ မှတ်မိသေးလား” ဟု ပြောတော့ သူက “အဲဒီတုန်းက သိပ်ပျော်စရာကောင်းတာပဲ
ဆရာရယ်။ ကျွန်မဖြင့် တွေးမိတိုင်း လွမ်းတယ်”
ခဏရှိတော့ ကျွန်တော်ကလည်း ဘသန်းမြင့် လုပ်သွားတဲ့ နည်းအတိုင်းပါပဲ။ သူ့လက်ပွေ့အိတ်ကလေးကို ကောက်ယူဖွင့်လိုက်ပြီး ဘသန်းမြင့် ပေးခဲ့တဲ့ ငွေသုံးရာကို ထည့်မယ်လုပ်လိုက်တော့ သူက မျက်စိပျက်၊ မျက်နှာပျက်ဖြစ်ကာ ပျာပျာသလဲ -
"မလုပ်ပါနဲ့ ဆရာရယ်။ မယူပါရစေနဲ့” ဟု ပြောရင်း သူ့အိတ်ကို ပြန်ယူမည် လုပ်ပါသည်။ ကျွန်တော်က ပြန်မပေးဘဲ ဇွတ်ထည့်နေတော့ -
“မလုပ်ပါနဲ့ ဆရာ။ ကိုထွန်းအောင် ကျွန်မကို ဆဲလိမ့်မယ်''
"အေး ... ထွန်းအောင်လဲ ငါ့တပည့်၊ နင်လဲ ငါ့တပည့်ပဲ။ အဲသည်ကောင်ကို ပေးတာမဟုတ်ဘူး။ နင့်ကို ပေးတာလဲ မဟုတ်ဘူး။ ကလေးတွေအတွက် မုန့်ဖိုး ပေးလိုက်တာ ကြားလား”
ထို့နောက်မှ ကျွန်တော်က မျက်နှာထားကို ခပ်တင်းတင်း ပြင်လိုက်ပြီး ခပ်အေးအေး၊ ခပ်တင်းတင်းလေသံနှင့် -
“ဒီမယ် လှမြတ်ထွေး၊ ဆရာတစ်ယောက်မှာ တပည့်တွေဆိုတာ အများကြီးရှိတာပဲ။ ဒါပေမဲ့ ကိုယ့်မှာ အကျပ်အတည်း ကြုံလာရင် လိပ်ပြာမငယ်ဘဲ အကူအညီသွားတောင်းဝံ့တဲ့ တပည့်မျိုး များများမရှိဘူး။ အဲဒီအထဲမှာ နင်တို့
လင်မယားနှစ်ကောင်လုံးကို အားကိုးနိုင်တယ်လို့ ငါ အမြဲယူဆခဲ့တယ်။ ငါ့အပေါ်မှာလဲ နင်တို့လင်မယားက အဲဒီလို အပြန်အလှန်သဘောထားသင့်တယ်။ နောက်ပြီး နင်တို့က မွေးတဲ့ ကလေးဟာလဲ ငါ့မြေးတွေလိုပဲ ဖြစ်လာပြီ မဟုတ်လား”
ကျွန်တော်၏ လေသံ၊ ကျွန်တော်၏ မျက်နှာထားကို ကြည့်ရင်း ကျွန်တော့်စကားတွေကို ကြားတော့မှ လှမြတ်ထွေး မျက်ရည်ဆင်းလာပါသည်။ ဘာမှ ပြန်မပြောတော့ပါ။
လူချင်းခွဲခါနီးတော့ -
“ဒီမယ် လှမြတ်ထွေး၊ လူဆင်းရဲပေမဲ့ စိတ်မဆင်းရဲစေနဲ့။ စီးပွားကျပေမဲ့ စိတ်မကျစေနဲ့။ ချမ်းသာခြင်းဆိုတာ
သင်္ခါရပဲလို့ ပြောကြတယ်။ ဒါပေမဲ့ ဆင်းရဲတယ်ဆိုတာ သင်္ခါရပဲဆိုတာ မြဲမြဲမှတ်ထား။ နင်တို့လင်မယား အမြဲထာဝရ
နွမ်းပါးနေမှာ မဟုတ်ဘူး။ ပိုင်ရှင်မရှိတဲ့ ခွေးလေခွေးလွင့်တောင်မှ သူ့ဘဝမှာ နေ့ကောင်းရက်သာ ရက်ရာဇာဆိုတာ
ရှိစမြဲပဲ။ ဘာမှ အားငယ်နေဖို့ မလိုဘူး။ အခိုက်အတန့်မျှလို့သာ သဘောထား။ လင်မယားချင်း စကားမများမိအောင် ဂရုစိုက်ကြ။ ထွန်းအောင်ကိုလဲ ငါက မှာလိုက်တယ်လို့ ဒီစကားတွေကို
သေချာပြန်ပြီး ပြောလိုက်၊ ကြားလား”
လှမြတ်ထွေး ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ အားတက်ခြင်း၊ အားငယ်ခြင်းတို့ကို တစ်ပြိုင်နက်ခံစားပြီး မျက်ရည်က ဝေ့ဝေ့ နှုတ်ခမ်းကလေး တုန်တုန်ရီရီနှင့် နှုတ်ဆက်သွားပါသည်။ ဘသန်းမြင့် ပေးလိုက်သော 'ကလေးတွေဖို့ မုန့်ဖိုး' မှာ သူ့ရည်မှန်းချက်အတိုင်း 'ကလေးတွေဖို့ မုန့်ဖိုး' ပဲ ဖြစ်သွားပါလေပြီ။ ဪ... ကျောင်းမှာတုန်းက သူစားခဲ့တဲ့ မုန့်ဖိုးနဲ့ပဲ
တူသေးတော့။
ဘသန်းမြင့် ပေးခဲ့သောငွေ ကျွန်တော့်မှာ တစ်ပြားမှ မကျန်တော့ပါ။ သို့သော် အများကြီး ကျန်ခဲ့ပါသည်။
⚫
ဆရာအောင်သင်းရဲ့တစ်ခါတုန်းက တပည့်တွေ စာအုပ်စာမျက်နှာ ၈၇ - ၉၄ ကနေ ကိုယ်တိုင်စာရိုက်ကူးယူပြီး မျှဝေပါတယ်။ သည်စာအုပ်တအုပ်လုံး ရိုက်တင်ပြီးသွားပါပြီ။ ထပ်တင်စရာ မကျန်တော့ပါ။
စလေ ငနော့
______________________
Unicode
ကလေးတွေဖို့ မုန့်ဖိုး