•••••••••••••••••••••••
သော်တာဆွေ
အခန်း(၆)
လာပါ၊ လာပါ မကြည် ရဲ့တို့၊
တကယ်စောင့်တဲ့အချိန်
မလွယ်ပေါက်နဲ့အိမ်၊
ဝင်တော်မူပါ၊ ကလိန် ကလိန်၊
ကြိမ်ကြိမ်ကြည်ကြည် ပြောမယ်၊
ဘကြီးသားသဘောက၊
စောစောဝင်ကာ မချိန် မချိန်
မကြည် က ချစ်လျက်နဲ့၊
တယ် အ တဲ့ နုတဲ့ ကလိန်၊
မစားနိုင် တပိန်ပိန်
မသောက်နိုင် တလိန်လိန်
ကိုကလိန် ဦးတော်ချလို့နှိမ်၊
တကယ်စောင့်တဲ့အချိန်
မလွယ်ပေါက်နဲ့အိမ်၊
ဝင်တော်မူပါ၊ ကလိန် ကလိန်၊
ကြိမ်ကြိမ်ကြည်ကြည် ပြောမယ်၊
ဘကြီးသားသဘောက၊
စောစောဝင်ကာ မချိန် မချိန်
မကြည် က ချစ်လျက်နဲ့၊
တယ် အ တဲ့ နုတဲ့ ကလိန်၊
မစားနိုင် တပိန်ပိန်
မသောက်နိုင် တလိန်လိန်
ကိုကလိန် ဦးတော်ချလို့နှိမ်၊
ကျွန်တော်တို့ ပုဆိုး လည်ပင်းရောက် အရွယ်တုန်းက သိပ်ခေတ်စားခဲ့တဲ့ သီချင်းပေါ့၊ ဓာတ်ပြားရှိ တော့ တစ်ပြည်လုံး ကလေးလူကြီး ဆိုကြတယ်၊ မူရင်းက အငြိမ့်မင်းသမီး ဗလကြည် ကာလသား တွေ သွားရည်ကျ သပေါ့။
'ကိုကလိန်' ဆိုတာက ဗလကြည်က သူ့ချစ်သူ ရည်းစားကို ချစ်စနိုး ခေါ်တာ ခင်ဗျာ၊ ခုခေတ် ကလိမ်ပဲ၊ ဘာပဲ ညာပဲ ဆိုတာလို နှိမ့်ချတဲ့စကား မဟုတ်ဘူးဗျ၊ သူ့ခေတ်နဲ့သူတော့ 'လူရည်လည်၊ လူရည်တတ်' လို့ ခေါ်မှာ ထင်ပါ့ဗျာ။
ဦးကလိန်ရေ၊
ယခုအချိန်မလေ၊
ပြုချိန် နုချိန်၊
ကိုကိုတို့ရဲ့၊
မောင်မောင်တို့ရဲ့၊
ဆိုတာတောင်၊
ရိုးသားလှသကွယ့်၊
မောင်တော် ဦးကလိန် ...
ယခုအချိန်မလေ၊
ပြုချိန် နုချိန်၊
ကိုကိုတို့ရဲ့၊
မောင်မောင်တို့ရဲ့၊
ဆိုတာတောင်၊
ရိုးသားလှသကွယ့်၊
မောင်တော် ဦးကလိန် ...
'ကလိန်' ဆိုတဲ့ စကား ဘယ်လောက် အသားပေးထားသလဲဆိုတာ အဲသည် သီးချင်းမှာပဲ သိနိုင်ပါ တယ်။
အဲသည် အချိန်တုန်းက ကျွန်တော် မောင်တက်ပုတို့များ 'မောင်ကလိန်' လို့ 'ကိုကလိန်'လို့ အခေါ်ခံ ချင်လိုက် တာလေ၊ နန့်နန့်တက်လို့၊ ဒါပေမယ့် ရွှေပန်းငေါက်တောက် အရွယ်မရောက်သေးတဲ့ အကောင်ဆိုတော့ အခေါ်မခံခဲ့ရပါဘူး၊ အဲ ... ဦးကြီးဖြိုးတို့က သည်အခါမှာ လူပျိုကိုး၊ လူကလည်း လူရည်သန့် လူခန့်ထဲက အငြိမ့်စင် ထောင့်ကကြည့်ရင်း ဗလကြည်က သူ့ဘက်မျက်စလလေး ပစ်လိုက်ပြီး 'ဦးကလိန်ရေ ယခု အချိန်မလေ' လို့ ဆိုလိုက်မှဖြင့် ဘသားချောကြီး သဘောကျ လွန်လွန်းလို့ နောက်က လူရိုက် သွားတာ တောင် မသိလိုက်ဘူးတဲ့။
စံဖဲအကြောင်းမပါရင်၊
ဒေါသနဲ့အပြစ်တင်၊
မေးရင်ဖြင့် ဘယ်မှာ၊
ဂျာနယ်တွင်၊
ဒီလိုပါ မာမီရယ်၊
သာစည်နယ်အတွင်း၊
ဘုန်းတော်ကြီး မယ်တော်ပျံတွင်၊
ကိုစံဖဲ၊ မောင်စံဖဲ၊
ပွဲကြည့်လာတာမြင်၊
ဒေါသနဲ့အပြစ်တင်၊
မေးရင်ဖြင့် ဘယ်မှာ၊
ဂျာနယ်တွင်၊
ဒီလိုပါ မာမီရယ်၊
သာစည်နယ်အတွင်း၊
ဘုန်းတော်ကြီး မယ်တော်ပျံတွင်၊
ကိုစံဖဲ၊ မောင်စံဖဲ၊
ပွဲကြည့်လာတာမြင်၊
မြန်မာပြည်မှာ ဈေးဦးပေါက် အင်္ဂလိပ်အစိုးရကို တောခိုပြီး ဆိုးနေတဲ့၊ တောပုန်းကြီး စံဖဲသီချင်းပေါ့။ ('ရွှေကြီးညို လာရင် ... ခေါင်းပေါင်းစ ဘေးတင်၊ မေးရင်ဖြင့် လူပျို' ဆိုသော သီချင်းအလိုက်ကို ယူရေးခြင်း ဖြစ်သော်လည်း ကိုစံဖဲကြီး တန်ခိုးကြောင့် သူ့မူရင်း သီချင်းထက်ပင် ခေတ်စားပါသည်။)
ခုနှယ်ခါ ဆုငွေငါးထောင်၊
မကြုံဖူးပါဘူးမောင်၊
ဂုဏ်ထူးတဲ့မောင်၊
ဆရာစံ ကမ္ဘာဉာဏ်၊
ဂဠုန်အပေါင်းဆောင်၊
သူ့ပုန်ခေါင်းဆောင်၊
ဖမ်းနိုင်သူ ပြေရွာအတွင်းက၊
ချက်ချင်းယူလှည့်မောင်၊
ငါးထောင် ... ငါးထောင် ... ငါးထောင်၊
မကြုံဖူးပါဘူးမောင်၊
ဂုဏ်ထူးတဲ့မောင်၊
ဆရာစံ ကမ္ဘာဉာဏ်၊
ဂဠုန်အပေါင်းဆောင်၊
သူ့ပုန်ခေါင်းဆောင်၊
ဖမ်းနိုင်သူ ပြေရွာအတွင်းက၊
ချက်ချင်းယူလှည့်မောင်၊
ငါးထောင် ... ငါးထောင် ... ငါးထောင်၊
ကျွန်တော်သည် ဤသီချင်းခံ သီချင်းကြီးသုံးပုဒ်ကို တလှည့်စီ ပလွေမှုတ်ကာ ရွာရိုးတွင် ကျူကျူေ၀ တော့လေ သည်။ နေ့ရောမှုတ်၊ ညရောမှုတ် အခေါက်ခေါက်အခါခါ၊ မယားရှိနေတဲ့ ယောက္ခမကြီး အိမ်ရှေ့ မှာ ပို၍ လျှောက်၏။
ဘယ့်နှယ်လဲ 'လင်မယားကွဲတဲ့အခါမှာ တမှိုင်မှိုင် တွေတွေ လုပ်နေရင် မယားက အထင်သေးပြီး ငါ ဒီကောင် မျိုး ပြန်လိုချင်ရင် ဘယ်အချိန်မဆို ရနိုင်တဲ့ ပဲလို့ မာနတက် အေးစက်စက်နဲ့ ဝမ်းသာနေ တတ်တယ်၊ အဲ ... ယောကျ်ားက ဝတ်ကောင်း စားလှနဲ့ ပျော်ရွှင်နေတာမြင်တော့ သူတို့စိတ်ထဲ တစ်မျိုးပဲ၊ မခံချိမခံသာ ဖြစ်လာပြီး ဒီလင်ကို ပြန်မက်မောလာတယ်၊ ဒီပြင့် မိန်းမနဲ့ ယူသွားမှာ မနာလို ဖြစ်လာတယ်' လို့ ဦးကြီးဖြိုးက သြဝါဒ ပေးသွားတာကိုး။
ဒါနဲ့ ကျွန်တော့်မှာ မချိလို့ ဖြဲတဲ့သွား ရယ်နေတယ်ထင်ရအောင် ရှပ်အင်္ကျီ လျှော်ပြီးသားကလေး ဝတ်၊ ပုဆိုး လတ်လတ်ကလေး စည်း၊ သဘက်ဖြူဖြူကလေး ခေါင်းပေါင်းပြီး စလေအညာက ပလွေ ဆရာ လုပ်ရ တော့တယ်။
'လာပါ ... လာပါ ... မကြည့်ရဲ့' တစ်လှည့်၊ 'စံဖဲအကြောင်းမပါရင်' တစ်ကြိမ်၊ 'ဆရာစံ' တစ်ကျော့နဲ့ ရွာတစ်ရိုး မှာ ဟိုးဟိုးကျော်သွားအေင် ညမှောင်လည်းမှုတ်၊ နေပူလည်းမှုတ်၊ မိုးရွာလည်း နီးရာအိမ် ခပ်သုတ်သုတ် ကလေး ဝင်ပြီး မှုတ်၏။
သုံးရက်အကြာ သူကြီးအိမ်မှာ ဟိုမိန်းမကြီးနဲ့ အမှုဆိုင်တဲ့ တစ်နေ့သာ တော်တော်ကြာလေး နားခဲ့ တယ်။ ဤနေ့ ၌ သူကြီးမင်းက ကောက်ချက်ချလေသည်။
သားနံရည် ဒိစကြိတ်၊ စုစပ်မြို့အပိုင်၊ လှည်းဝင်ရိုးပင်ရွာ ဓားပိုင် သေနတ်ကိုင် အမိန့်တော်ရ၊ လယ်ပျက်၊ စားကျက် တစ်ခု အပိုင် စားရသော 'ငါသူကြီးမင်း အမိန့်တော် ချမှတ်လိုက်သည်။
လှည်းဝင်ရိုးပင် ရွာ သိမ်ပျက်ထပ်ပြင် ဒကာ မောင်ဖုအင်း၏သား မောင်တက်ပုအား ၎င်းရွာနေ ဆန်ကွဲ ဖွဲနုသယ် မဂျမ်းပုံကြီးက သူ့သမီးဖွတ်ကြီးကို ယင်းငတက်ပုက ညအချိန်မတော် သန်းခေါင်ကျော်၌ အချောင်နှံ ရန် ကြံစည်သည်ဟု စွပ်စွဲသောအမှုတွင် ငါသူကြီးမင်း၏ အမိန့်တော် ရကျေးရွာစံထောက်ကြီး ဦးဂန်ဂျား ၏ စုံထောက်ချက်မှာ.....
(၁) မောင်တက်ပုက သရက်ပင်ပေါ်၌ ပျားတက်ဖွပ်တာပါဟု ထုချေသည်ကို ဂျမ်းပုံကြီးက အစဖျောက်ရန် လက်ကျန်သရက် ကိုင်းငုတ် အရင်းက ထပ်ခုတ်ပြီး ရွှံ့နှင့်သုတ်ထားကြောင်း မျက်မြင်သက်သေနှင့် ပြနိုင်၏။
(၂) ၎င်းသရက်ကိုင်းကိုလည်း ရအောင်ရှာ၍ မောင်တက်ပု၏ ပျားအုံအကိုင်းတံနှင့် တစ်ကိုင်းတည်း ဖြစ်ကြောင်း ပြနိုင်သည်။
(၃) စင်စစ်ဧကန် မောင်တက်ပုက သူ့သမီးဖွတ်ကြီးကို ကြံချင်ရိုးမှန်လျှင် သရက်ပင်ပေါ်မှတစ်ဆင့် ကူးရန် မဟုတ်၊ ဖွတ်ကြီးခေါင်းရင်းက ဖွင့်ထားသော ပြတင်းပေါက် အောက်နှုတ်ခမ်းမှာ မြေမှ လက်လှမ်း မီသောကြောင့် တံခါးပေါက်ဆွဲ၍ ထရံခြေကန်ပြီးတက်ဖို့သာ ရှိကြောင်း၊ ငါသူကြီးမင်းကို နည်းပေးလမ်း အကြံပေး သလိုပင် ခေါ်ပြသဖြင့် ငါလည်း ဝါသနာပါပါနှင့် လိုက်ကြည့်ရာ ဟုတ်နေ၏။
ထု့ိကြောင့် ဂျမ်းဘုံကြီး၏ စွပ်စွဲချက်သည် မဟုတ်မမှန် သူ့သမီးပေါတာကြီး အစွံထုတ်ချင်၍ လုပ်ကြံ ကြောင်း ထင်ရှားသည်။ မောင်တက်ပု တရားသေလွတ်စေ။
မောင်တက်ပု ပျားခိုးဖွပ်ကြောင်း ပေါ်သော်လည်း ဂျမ်းဘုံကြီးက သူ့သရက်ပင် ပျားမစွဲကြောင်းနှင့် လီဆယ် လုပ်ကြံ၍ အမှုစွဲသောကြောင့် သူ့ပျားအုံဖိုးလဲ မပေးနဲ့တော့။ ဦးဂန်ဂျားစုံထောက်ခ ငါးမူးနဲ့ ငါတရားစီရင်ခ ခြောက်မူး ကို မောင်တက်ပု ပေးစေ။
မောင်တက်ပု ပျားခိုးဖွပ်ကြောင်း ပေါ်သော်လည်း ဂျမ်းဘုံကြီးက သူ့သရက်ပင် ပျားမစွဲကြောင်းနှင့် လီဆယ် လုပ်ကြံ၍ အမှုစွဲသောကြောင့် သူ့ပျားအုံဖိုးလဲ မပေးနဲ့တော့။ ဦးဂန်ဂျားစုံထောက်ခ ငါးမူးနဲ့ ငါတရားစီရင်ခ ခြောက်မူး ကို မောင်တက်ပု ပေးစေ။
'အင်း.... သူကတောင် တစ်မူးပိုလိုက်သေး'
သို့သော် ဤတစ်ကျပ်တစ်မူးနှင့် ကိစ္စပြီးသားတာပဲ ကျွန်တော်အဖို့ တော်လှပါပြီ။ နို့မဟုတ်လျှင် ဒီပေါတောမ ဖွတ်ကြီး ကို ကျွန်တော်ယူရ၍ ကျွန်တော့်မယားအလှ မငွေမြိုင်ကြီး လက်လွှတ်ရပေ တော့မည်။ မငွေမြိုင် ရယ်... မြိုင်ရယ် ခုတော့ မျှော်လင့်ချက် ရှိသေးတယ် မှုတ်လားကွယ်။
စုံထောက်ကြီး ဦးဂန်ဂျားပဲ အားကိုးရပေတော့မည်။ ယခုအမှု၌ သူစုံထောက်ပုံမှာ ကျွန်တော်၏ ပျားအုံလက်တံနှင့် သက်ရက်ကိုင်းလက်ကျန် ဆက်ပြနိုင်မှ ပျားဖွတ်ကြောင်း မည်ရမည် ဖြစ်သောကြောင့် ကျွန်တော်တို့ သူကြီးအိမ်နေချိန်၌ သူသည်ပျားအုံကိုင်းတံကိုယူ၍ ၎င်းသက်ရက် ပင်ပေါ် သွားရောက် ဆက်ကြည့်ရာ ပထမ၌ သရက်ကိုင်း အစအနရာမတွေ့သောကြောင့် သူ့နှုတ်ခမ်းစပ် မျက်လုံးကလေး ပြူးသွား ချေသည်။
နောက်စုံထောက်တို့၏ စူးစမ်းခြင်းဖြင့် သေသေချာချာ ကြည့်တော့မှ တစ်နေရာတွင် ရွှံ့သုတ်ထား သည်ကို တွေ့ ၍ အစပေါ်လေသည်။
သို့တိုင် မဂျမ်းဘုံ ဤမနက် သရက်ကိုင်းခုတ်ကြောင်း သက်သေပြနိုင်ရန်နှင့် ၎င်းသရက်ကိုင်းကို သူကြီးရှေ့ ပြဖို့က လိုနေပေသေးသည်။
သို့တိုင် မဂျမ်းဘုံ ဤမနက် သရက်ကိုင်းခုတ်ကြောင်း သက်သေပြနိုင်ရန်နှင့် ၎င်းသရက်ကိုင်းကို သူကြီးရှေ့ ပြဖို့က လိုနေပေသေးသည်။
ပထမအချက်ကား မဂျမ်းဘုံအိမ် ခေါင်းရင်းဘက်က မဖွားမြင့် ချည်ဘုံပေးပေးသော တရုတ်ကလေး နှင့် ညားသွားသည်ကို (သူလည်း ဤတရုတ်ကလေးအား သမက်ဖမ်းရန် မှန်းခဲ့သောကြောင့်) မနာလိုဖြစ်ကာ 'ဒီတရုတ်မျက်မှေးလေးနှယ်တော်၊ ငါ့သမီးတော့ မကြိုက်ဘူး၊ ဒီကျောက်ပေါက်မာ နဲ့ဟာမှ ယူရသလား' ဟု စကားဆိုဖူးသောကြောင့်' မဖွားမြင့်ကရန်ငြိုးထားသည်။ ထို့ကြောင့် မဖွားမြင့်က ဤမနက် မဂျမ်းဘုံကြီး သရက်ကိုင်း ချိုးတာ မြင်ကြောင်း သက်သေလိုက်လေသည်။
ဒုတိယအချက်၌ကား ကျွန်တော်တို့ စုံထောက်ကြီးတော်တော်ပင် စွန့်စွန့်စားစား ပြုလိုက်ရသည်။
မဂျမ်းဘုံခုတ်သော ၎င်းသရက်ကိုင်းမှာ သူတို့ထင်းစင်တွင် ရှိနေမည်ဟု တွက်ဆသည်။ ထင်းစင်းမှာ အိမ်ခြေရင်း ဘက် တွင်ရှိသည်။ ထင်းစင်နှင့်အိမ်အကြားမှာ မောင်းဆုံရှိသည်။ မောင်းဦးသည် အိမ်ဘက်သို့ လှည့်သည်။
မဂျမ်းဘုံခုတ်သော ၎င်းသရက်ကိုင်းမှာ သူတို့ထင်းစင်တွင် ရှိနေမည်ဟု တွက်ဆသည်။ ထင်းစင်းမှာ အိမ်ခြေရင်း ဘက် တွင်ရှိသည်။ ထင်းစင်နှင့်အိမ်အကြားမှာ မောင်းဆုံရှိသည်။ မောင်းဦးသည် အိမ်ဘက်သို့ လှည့်သည်။
ဦးဂန်ဂျားသည် ပေါတောမကြီးတော့ ဂရုစိုက်သည် မဟုတ်၍ ဒေါ်ဂျမ်းဘုံမရိုခိုက် အိမ်ခြေရင်းဘက် စောင်ရင်းအောက် မှ လေးဘက်ထောက် ဝင်ခဲ့သောအခါ၌ ဖွတ်ကြီးသည် ထင်းစင်ကိုကျောခိုင်းကာ ဆန်ဖွတ် လျက်ရှိသည်။ ထင်းစင်မှာ ရင်ဘတ်လောက်သာ မြင့်၍ အတန်းဖြစ်ရာ၊ ဦးဂန်ဂျားသည် ကုန်းကုန်း ကုန်းကုန်း နှင့် လျှောက်ကာ သရက်ကိုင်းကို ရှာလိုက်၊ တစ်ချက်တစ်ချက်၌ ဖွတ်ကြီး၏ အရိပ်အခြည်ကို ကြည့်လိုက် လုပ်နေ၏။
ဖွတ်ကြီးကား ထဘီရင်လျားနှင့် နိမ့်တုံမြင့်တုံ သူ့တင်ပါးဆုံကြီးနှင့်သာ မောင်းနင်းနေသည်။ နောက်ကို ပြန်၍ လှည့်မကြည့်ချေ။
ထို့ကြောင့် နောက်ဆုံး၌ ဦးဂန်ဂျားသည် မိမိလိုချင်သော သရက်ကိုင်းကို အောင်မြင်စွာ ရရှိလေသည်။ သို့သော် လူတို့၏ လုပ်ငန်းတို့မှာ များသောအားဖြင့် အေးအေးဆေးဆေး မပြီးတတ်လေရကား၊ မိမိ လိုချင် သော ပစ္စည်းလက်ထဲရောက်မှပင် နောက်က ဒေါ်ဂျမ်းဘုံကြီး၏ တစ်ဟုန်တည်း ဆဲသံကိုကြားရ၍ ခွေးပြေး ပြေးပြီး ဝင်းခြံက သစ်ပင်ကြက်ဆူပင်တို့ အကြားမှ နွားတိုးတိုး၍ ထွက်ကာသူကြီးအိမ်သို့ ကဆုန်စိုင်းခဲ့ရ၏။
ထို့ကြောင့် နောက်ဆုံး၌ ဦးဂန်ဂျားသည် မိမိလိုချင်သော သရက်ကိုင်းကို အောင်မြင်စွာ ရရှိလေသည်။ သို့သော် လူတို့၏ လုပ်ငန်းတို့မှာ များသောအားဖြင့် အေးအေးဆေးဆေး မပြီးတတ်လေရကား၊ မိမိ လိုချင် သော ပစ္စည်းလက်ထဲရောက်မှပင် နောက်က ဒေါ်ဂျမ်းဘုံကြီး၏ တစ်ဟုန်တည်း ဆဲသံကိုကြားရ၍ ခွေးပြေး ပြေးပြီး ဝင်းခြံက သစ်ပင်ကြက်ဆူပင်တို့ အကြားမှ နွားတိုးတိုး၍ ထွက်ကာသူကြီးအိမ်သို့ ကဆုန်စိုင်းခဲ့ရ၏။
သူ နားသောတဆင်ခဲ့ရသည်များကား...
'ဟဲ့...... သေချင်ဆိုးကြီးရဲ့၊ နှာခေါင်းကျိုးကြီးရဲ့၊ ကာလနာကြီးရဲ့၊ နင့်နဲ့ ငါ့သမီးနဲ့ တန်သလားဟဲ့၊ အမဲရိးနယ် ဟင်းအိုး မှအားမနာတော်... ဘုရင့်စားတော်ပွဲ ကျီးဝဲလို့ရမလားဟဲ့၊ နင့်လိုကောင်က သဲကြီးလို, မိကျေးတို့လို ခွေးပေး လို့ ဝက်မစားတဲ့ ဟာမကြီးတွေမှ ရမယ်မှတ်လိုက်ပါ၊ ငါ့သမီး က အပျိုစစ် တစ်တစ်ရစ်ရစ်ကြီးဟဲ့၊ ဘယ်နှစ်တော် ..... ကျုပ်သမီး နေ့ကြံတဲ့လူကကြံ၊ ညကြံတဲ့လူကကြံ ရန်များလှချေလား အရပ်ကတို့ရဲ့၊ ကျုပ်သမီး နားက တစ်ဖဝါးခွာလို့မှ မဖြစ်တော့ပါလား၊ သမ္မာဒေဝနတ်ကောင်းနတ်မြတ် များက ကြည့်နေကြ တော့မှာလား'
ရွာကျော်အောင် အော်လိုက်၏။ ဖွတ်ကြီးမူကား နားလေးသူဖြစ်၍ သူ့အမေအသံကို သဲ့သဲ့မျှာသာ ကြား သဖြင့် ဆန်ပြာနေရာမှ ဆန်ကော ခဏရပ်ကာ...
'အမေ့....ဘာလဲ'
'ဟဲ့... ညည်းကို နှာခေါင်းကျိုးက ဟိုထင်းပုံကွယ်က ချောင်းပြီး နောက်ကနေကြံနေတယ်၊ ညည်း ဘာမှမသိဘူး၊ ညည်းကို ဟိုလူကြံ, ဒီလူကြံ ကြံနေကြပြီ၊ ညည်းသတိထား'
သို့သော် ဖွတ်ကြီးကား အေးစက်စက်ပင်။
'ကြံကြံတော် ... ဒါကကိုယ့်သဘောပါ၊ ကိုယ်ပါမှ သူတို့ရမှာပါ' ဆိုပြီး ဆက်၍ပြာ၏။
မအေကား မနေသေးချေ။ သူကြီးအိမ် ချက်ချင်းသွားပြီး...
မအေကား မနေသေးချေ။ သူကြီးအိမ် ချက်ချင်းသွားပြီး...
'နှာခေါင်းကျိုး သက်ကျားအိုကြီးက သူ့သမီးပျိုအား နေ့ကြောင်တောင် နောက်ကနေကြံစည်နေတာ သူ့မျက်မြင် မိနေကြောင်း' တိုင်ကြားလေ၏။
ဤအချိန် ၌ ဦးဂန်ဂျားမှာ သူကြီးအိမ် အရင်ရောက်နှင့်ကာ လက်ထဲတွင် ဟိုသရက်ကိုင်းစ ပြနိုင်လို့သာပ၊ နို့မဟုတ် ဒုက္ခ။
အခန်း (၇)
ဘယ့်နှယ့်လဲ၊ ကျုပ် သည်တစ်လော သူကြီးအိမ်နဲ့ တာစားနေပါလား။
အကြောင်းမှာ ဒေါ်ဂျမ်းဘုံကြီးနှင့် အမှုပြီး၍ နောက်တစ်နေ့မှာပင် သူကြီးက အခေါ်လွှတ်လိုက်ပြန် သည်။ ဘာကိစ္စ များပါလိမ့်။
အကြောင်းမှာ ဒေါ်ဂျမ်းဘုံကြီးနှင့် အမှုပြီး၍ နောက်တစ်နေ့မှာပင် သူကြီးက အခေါ်လွှတ်လိုက်ပြန် သည်။ ဘာကိစ္စ များပါလိမ့်။
လာခေါ်သော ကောင်လေးအား အေး.... လာခဲ့မယ်ပြောလိုက်ဟေ့ မှာလိုက်ပြီးနောက်၊ မနေ့က အမှုနိုင် သဖြင့် ဝမ်းသာအားရနှင့် ညကတော်တော် ညဉ့်နက်အောင်ပင် ပလွေမှုတ်လိုက် သောကြောင့် ပလွေက ပင့်ကူမှေး မှာ ပေါက်ကွဲသွားသဖြင့် နောက်ထပ် အသစ်ရှာပြီး ပြန်ကပ်နေရသေးသည်။
ပြီးမှ ရွာတစ်ရိုး ဟိုးဟိုးကျော်အောင် မှုတ်ကာ လာခဲ့သည်။
'စံဖဲ အကြောင်း မပါရင် ဒေါ်သနဲ့ အပြစ်တင်'
'လာပါ......လာပါ ....မကြည့်ရဲလို့၊ တကယ်စောင့်တဲ့အချိန်'
'ဆရာစံ သမ္ဘာဉာဏ်... '
တစ်လှည့်စီ၊ တစ်ကျော့စီ၊ ဖွဲ့ကာနွဲ့ကာ တီတီတာတာ။ မကြည်ရဲ့' သီချင်းမှာ အချစ်သီချင်း၊ ရည်းစားမျော် သီချင်းကလေး ဆိုတော့ ပို၍မှုတ်ကောင်းသည်။ ကျွန်တော် ငယ်မှုပြန်လေသည်။ ရည်းစားထားချင်စိတ်ပင် ပေါ်လာသည်။
ဟင်... ရပ်ပလွေမှုတ်မှပဲ သာသာယာယာ စည်စည်ဝေေ၀ရှိပါလေရော၊ ဟီး... ကိုယ့်မိန်းမနဲ့ ပြန်လည် သင့်မြတ် လို့ ပလွေမှုတ် ရပ်လိုက်ရင်ဖြင့် သူတို့ဘာပြောကြမလဲ၊ ရွာခြောက်လှတယ်ကွာ၊ တက်ပုတော့ သူ့ မိန်းမ နဲ့ ကွဲအောင် လုပ်ပေးဦးမှပဲ၊ ဆိုစမှတ်ပြုကြတော့ထင့်။
မိန်းမ နဲ့ ကွဲအောင်တော့ မလုပ်ကြပါနဲ့ဗျာ၊ ကြားချင်ရင် အလုပ်အားတဲ့အခါ လျှောက်မှုတ်ဆို မှုတ်ပေးပါ့မယ်၊
'မကြည် က ချစ်လျက်နဲ့
တယ် အ တဲ့ န တဲ့ ကလိန်
မစားနိုင်... တပိန်ပိန်...
မသောက်နိုင် တလိမ်လိမ်
ကိုကလိန် ဦးတော်ချလို့နှိမ့်
တယ် အ တဲ့ န တဲ့ ကလိန်
မစားနိုင်... တပိန်ပိန်...
မသောက်နိုင် တလိမ်လိမ်
ကိုကလိန် ဦးတော်ချလို့နှိမ့်
သီချင်း က မဆုံးနိုင်သေးလို့ မှုတ်ကောင်းကောင်းနဲ့ သူကြီးအိမ်ထဲရောက်တောင် မှုတ်နေရသေး၊ သူကြီးရှေ့ ရောက်တော့ မှ ပဲ ပလွေခါးထိုးလိုက်ရင်း...
'ဘာကိစ္စတုံး သူကြီးမင်းရ'
ကျွန်တော်လက်ပလွေက မခွာရသေးပါ။
'ပေး.....မင့်လက်ထဲက ပလွေ'
'ဘာလဲ ... သူကြီးမင်းက လက်သံစမ်းချင်လို့လား'
သို့သော် သူ့မျက်နှာ ခက်ထန်နေကာ...
'မဟုတ်ဘူး ကွ၊ မင်းပလွေကို ငါ့အမိန့်နဲ့ သိမ်းတာ'
ဤမှ ကျွန်တော် မျက်နှာကလေးရှုံ့ကာ...
'ဟင်... ဘယ့်နှယ့်ကြောင့်လဲဗျာ၊ ရပ်ရွာအကျိုး'
'အေး....ရပ်ရွာအကျိုး တစ်ရွာလုံး နားကန်းသေကြတော့မယ်၊ သောက်ဖြစ်ရှိအောင်လဲ မှုတ်တတ်တာ မဟုတ်ဘဲ နဲ့၊ မှုတ်လိုက်တဲ့ သီချင်း က ဂျာအေးသူ့အမေရိုက်'
'ဟာ... သူကြီးမင်းရ၊ သူ့အမေရိုက်သီးချင်းကို ကျွန်တော်တစ်ခါမှ မမှုတ်ပါဘူးဗျာ၊ သူကြီးမင်း နားကြားလွဲလို့ ဖြစ် ပါလိမ့်မယ်၊ ကျွန်တော်မှုတ်တဲ့သီချင်းက လာပါလာပါ မကြည်ရဲ့ ရယ် စံဖဲအကြောင်းမပါရင် ရယ် ဆရာစံ ရယ်...'
'အေး...ဒီသုံးပုဒ်ပဲ၊ ဂျာအေး သူ့အမေရိုက် မှုတ်နေတာပြောတာဟ၊ မှုတ်လိုက်တာလဲ၊ နေ့ရောညရော၊ နို့ပြီး မြချော အိမ်က စကားမပြောတတ်တဲ့ သာလိကာ အော်တာလောက်မှ ပီတာမဟုတ်ဘူး၊ ဟောဒီအရပ်က တိုင်စာ လာတယ်၊ ရော့ ....နင်ဖတ်ကြည်'
သူကြီးမင်းရှင့် ... သူကြီးမင်းခင်ဗျား။
(အမယ် ယောကျာ်းရော၊ မိန်းမရော ပါ ပါလား)
ရွာထဲမှာ တက်ပုပလွေမှုတ်တာ ၃ရက်ရှိပါပြီ၊ ဒီသုံးရက်အတွင်းမှာ နားပင်းတဲ့လူ ပင်း၊ ဖျားတဲ့လူဖျား ဖြစ်ကုန် ကြပါပြီ၊ သူကိုမနှိမ်နင်းရင်ဖြင့် နောက်တစ်ရက်နှစ်ရက် အတွင်းမှာ ရွာပျက်ပါလိမ့်မယ်၊ လူတွေ သေကြ ကျေကြ ပါလိမ့်မယ်၊ တချို့ရွာကထွက်ပြေးဖို့ လှည်းနွားပြင်ကြပါပြီ၊ သူ့ပလွေသံဟာ ကာလဝမ်းရောဂါထက် ဆိုး ပါကြောင်း၊ အောက်ပါလက်မှတ်ထိုးသူများက သူကြီးမင်းအား ရိုသေလေးမြတ်စွာ ရှိခိုးအသနားခံ လျှောက်ကြား အပ် ပါသည်'
အင်း... လက်မှတ် ထိုးကြတဲ့လူတွေ အစိတ်လောက် ယောက္ခမကြီးနာမည်က ထိပ်ဆုံးကပါလား။
တယ်... ယောက္ခမဖျက်၊ ပြည်ပျက်၊ ဒါသူ့လက်ချက်ပဲ၊ ရွာထဲကလူတွေဟာ ဒါလောက် ကျွဲပါးစောင်းတီး ဖြစ်ကြမယ် မဟုတ်ပါဘူး၊ သည်လောက်ကောင်းတဲ့ ဂီတအရသာကို အေး... နင့်တို့ငတ်ကြပေါ့ကွာ၊ ငါကမမှုတ် နဲ့ဆို မမှုတ်ဘူးဟေ့၊ ရှင်းရှင်းပဲ။
သို့သော် ပလွေတော့ အဆုံးမခံနိုင်သေးပါ။ ထို့ကြောင့်...
သို့သော် ပလွေတော့ အဆုံးမခံနိုင်သေးပါ။ ထို့ကြောင့်...
'သူကြီးမင်း မမှုတ်နဲ့ဆို မမှုတ်တော့ဘူးဗျာ၊ ပလွေတော့ ပြန်ပေးပါ'
'ဘယ်ပေးနိုင် မလဲ၊ ငါ့အမိန့်သိမ်းတာ ငါပိုင်တယ်'
'ဟာ... ဒါလေး ဘယ်လောက်အဖိုးတန်မှာ မို့လို့လဲဗျာ၊ ကျွန်တော် ဟာမဟုတ်လို့ ပြန်တောင်း နေတာပါ၊ ဦးကြီးဖြိုး သား စံနဂုတ်ပလွေဗျ၊ သူ့ဟာ ပြန်မပေးရင် ဆူနေဦးမှာ'
'နင်ဒါဖြင့် ပက်ဆံနဲ့ပြန်ရွေးလေ'
သူကြီး မှာ ပိုက်ဆံကို ပက်ဆံဟုခေါ်ကာ အင်မတန်မက်မောလေသည်။ တစ်မူး တစ်ပဲ တစ်ပြားကစ ရသမျှ ယူ၏။
'ဘယ်လောက် နဲ့ ရွေးရမှာလဲ'
'တစ်မတ်ပေး'
'ဟာ.....များဘူးလား သူကြီးမင်းရာ၊ သုံးပဲလုပ်ပါ'
'ကဲ...ကဲ ...... ရှည်မနေနဲ့၊ သုံးပဲနှစ်ပြားထား'
'ဟာ..... သုံးပဲတိတိပဲ ထားလိုက်ပါတော့...သူကြီးမင်းရာ၊ တခြားလူတွေမှလဲ မဟုတ်တာ'
ကျွန်တော် တို့ ဆွေမျိုးနီးစပ် တော်ကြပါသည်။
'အေးလေ .... ငါမင့်အဖေမျက်နှာထောက်လို့ ဒီနှစ်ပြားလျှော့တာကွ၊ နိုးမို့ဝေးပါသေးရဲ့'
ပြော၍ ရပုံ မပေါ်တော့သဖြင့် ကျွန်တာ်အိတ်ထဲက ပိုက်ဆံထုတ်ရပါတော့သည်။ သို့သော် အခက်အခဲ တွေ့ရပြန်တော့သည်။ ဟောဒီအစိုးရ မတင်မကျလုပ်ပုံဗျ။
'ကဲ....သူကြီးမင်း၊ ဟော့ဒီနောက်ပေါ်တဲ့ ငါးပြားစေ့ က သုံးပြားဆိုတော့ သူကြီးမင်းက တစ်ပြားအမ်းပါ'
'ငါမှာ တစ်ပြား မရှိဘူး၊ မင်းအနာမခံချင်ရင် ကြေးပြားယူခဲ့'
'ဟာ.... ခုနှယ် ကြေားပြားကလဲ ဘယ်သွားရှာမလဲ'
ကျွန်တော် အမှတ်မဲ့ ပြောမိရာ သူကြီးမင်း မျက်မာန်ရှလျက်...
'ဟေး... ဟေး... တက်ပု ... တက်ပု၊ မင်းငါ့အရှင်သခင်ကျေးဇူးရင် အစိုးရကို ထိပါး ပုံတ်ခတ်တဲ့စကား ပြောရ သလား၊ နင့်ငါအမှုလုပ်ပြီး ဒဏ်တပ်နိုင်တယ်... သိရဲ့လား'
ဤတွင်မှ ကျွန်တော် မျက်လုံးမျက်ဆန်ပြူးကာ...
'အမယ်လေး... ကျွန်တော် မှားပါတယ်၊ ကျွန်တော်တောင်းပန် အသနားခံပါတယ်... သူကြီးမင်းရယ်၊ အမှု လုပ်ပြီး ဒဏ်တပ်မနေပါနဲ့၊ ဟောဒီငါးပြားစေ့က တစ်ပြားပိုတာလဲ သူကြီးမင်းပဲ ယူလိုက်ပါတော့'
ကျွန်တော့် မှာ ပလွေကလေးကိုင်၍ ခပ်မှိုင်မှိုင် ပြန်ခဲ့ရပါတော့သည်။ ထပ်၍မမှုတ်ဝံ့တော့ပါ။ နောက်တစ်ခေါက် မှုတ်သံကြားရင် မှုတ်တယ်ဆိုရင် ဒဏ်ချမယ်ဟု သူကြီးကပြောလိုက် ပါသေးသည်။ အင်မတန် ဒဏ်ချတော့ ဝါသနာပါတဲ့ သူကြီးမင်း။
အင်း... ငြိမ်ဦးမှ... ငြိမ်ဦးမှ၊ ကိုယ့်ဇာတာနိမ့်တုန်း ကြည့်စမ်း... သားမယားနဲ့လဲကွဲ၊ ငွေလဲတော်တော် ကုန်ပြီ။ အရင်အမှုက တစ်ကျပ်တစ်မူး။ အခုတစ်မတ်နဲ့နှစ်ပြား။ အင်း... သုံးပြား ကျသွားတာပေါ့လေ။ စုစုပေါင်း တစ်ကျပ်သုံးမူးနဲ့ တစ်ပဲတောင် ရှိသွားပါပြီလား.....။
အခန်း (၈)
ကျနော်သည် ဦးကြီး အကြံ မဟန်ကြောင်းပြောပြမည်ဟု ဦးကြီးဖြိုး အိမ်ဆီလာခဲ့ရာ ဦးကြီးဖြိုးမှာ ဧည့်သည် နှစ်ယောက် နှင့် ထိုင်နေသည်ကို တွေ့ရပါသည်။
တစ်ယောက် က ကျနော့် စုံထောက်ကြီးဦးဂန်ဂျား နောက်တယောက်က ရွာစဉ် ထီလက်မှတ်လျှောက် ရောင်း တဲ့ ဦးဖက်ထုပ်ကြီး။
တစ်ယောက် က ကျနော့် စုံထောက်ကြီးဦးဂန်ဂျား နောက်တယောက်က ရွာစဉ် ထီလက်မှတ်လျှောက် ရောင်း တဲ့ ဦးဖက်ထုပ်ကြီး။
ထို့ကြောင့် ဦးကြီးဖြိုးက ကျနော့်ကို လှမ်းမြင်လိုက်လျှင်မြင်လိုက်ခြင်း...
'ဟေ့ တက်ကလေး အဆင့်သင့်ပဲဟေ့ လာစမ်း၊ ဒီမှာ ဦးဖက်ထုပ်ကြီးက သူ့ထီလက်မှတ်တစောင် ရောင်းရင် ထန်းရည် တကျပ်ဖိုး တိုက်မတဲ့ ကွ မင်းလဲ သောက်ရအောင် ထိုးကွာ'
ကျနော် သူတို့ အနီးရောက်သောအခါ မျက်နှာ ရှုံရှုံ မဲ့မဲ့ နှင့်
'ဟာ မထိုးနိုင်ဘူး ဦးကြီးရာ ကျနော် ခုတလော ပိုက်ဆံ အကုန်အကျ များနေတယ်၊ နို့ပြီး ခု အိတ်ထဲမှာ လဲ ပိုက်ဆံ မရှိဘူး'
'အိတ်ထဲ မရှိ အိမ်ပြန်ယူကွာ'
'အိမ်မှာလဲမရှိဘူး ဦးကြီးရ ပိုက်ဆံပြတ်နေတယ်၊ မနက်ကရှိတဲ့ ငါးပဲကလေးတောင်...'
ကျွန်တော့် စကားမဆုံးခင်...
'ဟာ.... မင့်ပိုက်ဆံ ပြတ်နေရင် ဝမ်းစာစပါးထဲက တစ်တင်း လောက် ရောင်းကွာ၊ ဒီလိုကြံကြံဖန် ထိုးရတဲ့ ထီလက်မှတ်မျိုး က ပေါက်တတ်တယ်ဟ'
ကျွန်တော် ဦးကြီးစကားနှင့် စိတ်ပါသလို ဖြစ်မိကာ...
'ခုချက်ချင်း စပါးက ဘယ်မှာ ရောင်းရမလဲ'
'အမယ်လေး ... ဟောဒီအနား ဆန်သည်မတွေ အပုံကွာ' ဟု ဆိုပြီး သူ့အိမ်ခေါင်းရင်းဘက်က အိမ်တွင် အိမ်ရှေ့၌ စပါးဖျာလှမ်းနေသော မိန်းမကို လှမ်း၍ ...
'ဟေ့ ... ဖွားသက်'
ပုဆိုး ခေါင်းပေါင်းကြီး နှင့် စပါးမွှေနေရ၍ မျက်နှာမမော့အားဘဲ ...
'တော်'
'နှင် စပါးတစ်တင်းလောက် ဝယ်မလား'
'ခုတော့ မဝယ်နိုင်သေးဘူးတော်ရေ့ ...၊ ကျွန်မတို့က တစ်တင်းပြီးမှ တစ်တင်းဝယ်နိုင်တာ၊ ပိုက်ဆံက လက်ထဲ နှစ်တင်း ရင်းဖို့ ရှိတာ မဟုတ်ဘူး'
'လျှော့ဈေး နဲ့ ရောင်းမယ်ဟယ်၊ တို့က အခုအသုံးလိုလို့'
ဤတွင် မဖွားသက် က ခေါင်းမော့ကာ ...
'ဘယ်လောက်နဲ့ ရောင်းမလဲ'
'သုံးကျပ်ပဲတင်း'
'အမယ်လေး ... ဒါ ကျွန်မတို့ လျှောက်ဝယ်နေတဲ့ဈေးပဲတော်၊ ဘယ်မှာ လျှော့လို့တုံး'
'ဒါဖြင့် မူးတင်းထားမယ်ဟာ ... ယူ'
'ဒီတစ်ပဲ သက်သာတာနဲ့တော့ ယူနိုင်သေးဘူးတော်၊ အခု ပိုက်ဆံက ကျွန်မလက်ထဲရှိတာ မဟုတ်ဘူး၊ အမေရယ် အဖေသေတဲ့နေ့မှာ ဘုန်းကြီးငါးပါးလောက် ဆွမ်းကျွေးမယ်လို့ ကတ်သီး ကတ်သတ် စုထားတဲ့ ပိုက်ဆံကလေး ထဲက အကျိုးအကြောင်း ပြောပြပြီး ချေးရမှာ၊ အဲဒါ သုံးပဲ တင်းရရင်တော့ ယူမယ်တော်'
ဤတွင် စုံထောက်ကြီးက ကြားဝင်၍ ...
'အမယ်နေး ဖွားတက်ကယ်၊ နင်နို့လို ဂျဘားသတင်းတုန်းမူး နားမူး ညတ်နေထဲ့ဟာက ဒီပိုက်ချန် ကလေး တမူးတပဲ ကြောနေရတေးလားဟာ'
မဖွားသက်ကလည်း မခေ ...
'ပြောရတယ်' ကိုဂန်ဂျားကြီးရေ့၊ ကျွန်မတို့ စပါးတစ်တင်း က ဆန်ဖြစ်အောင် လုပ်လိုက်ရတာလဲ ကြည့်ဦး၊ မနက် နေထွက်ကတည်းက နေလှန်း၊ ညနေစောင်းမှကြိတ်ထိုး၊ ညမှာ ဆန်ဖွပ်၊ အဲ ... ဆန်ဖြစ်တော့မှလဲ မနက် လေးလေးပင်ပင် ကြီးရွက်ပြီး လျှောက်ရောင်းရသေးတယ်၊ ကျွန်မတို့ အလုပ်က ရှင့်အလုပ်လို ပိုက်ဆံ ရလွယ်တာ မဟုတ်ဘူးတော်ရေ့၊ ရှင်ကတော့ အမှုတစ်ခု စုံထောက်လိုက်ရတယ်ဆိုရင် ပိုက်ဆံငါးမူးမျိုး ခြောက်မူးမျိုး ဘတ်ခနဲ ရတာတော့'
ဦးဖက်ထုပ်ကြီးကလည်း ကြားဝင်ပြန်ကာ ...
'အေးလေ ... ဒါက အလုပ်ကြမ်း နဲ့ ဉာဏ်စခန်းဆိုတော့လဲ ဘယ်တူမလဲဟာ'
ဦးကြီးဖြိုး က ကျွန်တော့်ကို ကြည့်ကာ ...
'ဘယ့်နှယ်လဲကွာ တက်ကလေး၊ တစ်မူးတည်း ကွာတာ ကိုယ် အသုံးလိုတုန်းပဲ ရောင်းလိုက်ကွာ'
ကျွန်တော်က လူကြီးစကား မပယ်ရှားလို၍ ခေါင်းညိတ်လိုက်သည်၌ တစ်ဖက်အိမ်သို့ လှမ်းကာ ...
'ဟေ့ ... ဖွားသက်၊ ယူဟာ ပိုက်ဆံတော့ ခုပေး၊ စပါးတော့ ဟော့ဒီ တက်ပုအိမ်မှာ နင်ကြိုက်တဲ့ အချိန်မှာ ခြင်ပေးမယ်'
'အင်း ... အမေ့တောင် ဘယ်လိုက်ရှာရပါ၊ ဒေါ်သာလိတို့ ခြံထဲများ ပြောင်းကူစိုက်ရအောင် သွား လာမသိဘူး၊ ကျွန်မ လိုက်ရှာချေမယ်၊ ဟော့ဒီ စပါးဖျာ ကြက်လာတာ မြင်ရင် တစ်ဆိတ်မောင်း လိုက်ပါတော်'
မဖွားသက် တို့ သားအမိမှာ မအေမုဆိုးမ သမီးမုဆိုးမ အိမ်တွင် ကျီးမောင်း၊ ကြက်နှင်ခိုင်းဖို့မှ ကလေးမြေးငယ် အခြွေအရံ မရှိ။ သမီးက မအေအိုကြီးကို နွေရာသီ ၌ ကြိတ်ထိုးမောင်းထောင်းဖြင့် ဆန်ရောင်း ၍ လုပ်ကျွေးရသည်။ မိုးတွင်းမှာ သူများလယ်တွင် ကောက်စိုက် မြက်နုတ် အလုပ်ငှားရ သည်။ ဆောင်းအခါ မှာ ကောက်ရိတ်ရသည်။ စပါး ရွက်ရသည်။
အမယ်ကြီးကား မည်မည်ရရ ဘာမျှ မလုပ်နိုင်တော့။ သူ့အိမ်နောက်ဖေးက နနွင်းတက်ပေါ်လျှင် တော့ တူးပြီး အမှုန့်ထောင်း၍ ရွက်ရောင်းနိုင်သေးသည်။ အခြားအချိန်မျိုးဆိုလျှင်ကား ထမင်း တစ်နပ်များ အလကား စားရအောင် အခုန မဖွားသက်ပြောသည့်အတိုင်း ဒေါ်သာလိတို့လို နည်းနည်းပါးပါး ချောင်ချောင် လည်လည် ရှိသော အိမ်မျိုးတို့၌ ပြောင်းစိုက်လို ပေါင်းသင်လို မိမိတတ်နိုင် သမျှ အကူအညီကို ပေးရရှာ၏။ ကြီးကြီး မားမား သားလူပျိုတစ်ယောက် ရှိခဲ့ရာ ရွာကို ကရင်ဝင်စဉ်၌ ကျေးရွာကာကွယ်သည့်ဘက်မှ အသတ်ခံ လိုက်ရသည်။
အမယ်ကြီး၏ မူးစု ပဲစု ပိုက်ဆံကလေး ဖြစ်၍ မဖွားသက် က တော်တော် နှူးရဟန် တူသည်။ ထမင်းအိုး တစ်လုံးချက် လောက်ကြာမှ ကျွန်တော်တို့ ရ၏။
ပိုက်ဆံတို့ မည်သည် လူ၏ ခိုင်းစရာ ဖြစ်လေရာ မကြာမီ၌ အဘွားအိုကြီး၏ ဘုန်းကြီးဆွမ်းကျွေးရန် သည် ကျွန်တော် တို့ အိတ်ထဲ၌ ထန်းရည်ဖိုး အရက်ဖိုး ဖြစ်လေ၏။ ဤပိုက်ဆံသည်လျှင် တစ်ကြိမ် သောအခါ လူသတ်မှု မဖြစ်ခဲ့ဘူးဟု အသူ ပြောနိုင်အံ့နည်း။
'ရော့ဟေ့ .. တက်ကလေး၊ သုံးကျပ်သုံးပဲတင်းပဲ၊ ကိုဖက်ထုပ်ကြီးက ထီစာအုပ်ထုတ်လဗျာ'
ဦးကြီးဖြိုး က အော်ဒါပေး၏။
ဦးဖက်ထုပ် က အိတ်ထဲမှ တစ်အုပ်ထုတ်၍ ...
ဦးဖက်ထုပ် က အိတ်ထဲမှ တစ်အုပ်ထုတ်၍ ...
'ရော့ဟေ့ ... တက်ပု၊ ဟောဒီတစ်အုပ်က နောက်ဆုံး အရွက်၊ ဒါမျိုးက ပေါက်တတ်တယ်၊ မြို့က လူတွေက ဒါကို လတ်စွမ်းလို့ ခေါ်ကြတာပဲကွ၊ ငါတော့ ဘာမှန်းမသိဘူး၊ နံပါတ်ကလဲ အဆန်း ကလေးဟေ့၊ ခ-၇၅၇၅၇၅ တဲ့၊ ၇၅ သုံးခု ကွ၊ လက်ကီးနှမ်းပတ်ပေါ့'
ဦးကြီးဖြိုးက ဖောက်၍ ...
'ခင်ဗျားပြောတာ ရွံစရာကြီးဗျ'
'ဟ ... ဖြိုးကြီးရ၊ ဒါ မြို့က အင်္ဂလိပ်စာတတ်တဲ့ လူတွေ ခေါ်တာကွ၊ ကျက်သရေရှိတဲ့ စကားတဲ့၊ ကဲ့ ... ရော့၊ အတိတ် နေရပ် မင်းဟာမင်း ရေးမလား၊ ငါ ရေးပေးရမလား'
'ကျွန်တော့် ဟာ ကျွန်တော် ရေးမှာပေါ့'ဆိုပြီး သူ့ဆီက ဖောင်တိန်စုတ်ကို ယူလိုက်တာ 'ဟင် ... ခင်ဗျားဟာ မင် ရှိရဲ့လားဗျ'
'ရှိပါတယ်ကွ၊ ခါ ... ခါ၊ အေး ... ထွက်လာပြီ၊ ရေးတော့'
ချစ်မယား ကို ပြန်ပေါင်းထုပ်ရန် မောင်တက်ပု လှည်းဝင်ရိုးပင်ရွာ စုစပ်မြို့အပိုင်။
ဦးကြီးဖြိုး သည် ကျွန်တော် ရေးတာကို ကြည့်ပြီး ...
'ဟာ ... ငါ့တူက မယားကို ဒါလောက်ပဲ အစွဲအလမ်းကြီးတာဟေ့'
'စွဲလမ်းရမယ် ဦးကြီး၊ သူပဲ ကောင်းကျိုးပေးတာ'
'အေး ... အေး ထီပေါက်ပြီး ပြန်ပေါင်းထုပ်နိုင်ရုံ မက ကြက်ပေါင်ကျော် ကလေးနဲ့လဲ တွဲဖက်လို့ မြည်းနိုင် ပါစေ ကွယ်၊ ကဲ ... ဦးဖက်ထုပ် ခင်ဗျာ့စကားအတိုင်း တစ်ကျပ်ပေး၊ ရော့ ... ဖင်ကြားကြီး ဘိုးခိုအိမ်သွား၊ တစ်ကျပ်ဖိုး ဆွဲချေဟေ့'
ကျွန်တော်တို့ စုံထောက်ကြီးမှာ ဤနေရာမျိုးတွင်လည်း ဖင်ပေါ့လှ၏။ ခင်ဗျားတို့ မြို့စုံထောက်ကြီး ဦးစံရှားကား ဒါမျိုး ခိုင်းစေလို့မှ ရပါ့မလား'
ဦးကြီးဖြိုးက ဝင်းဝရောက်သွားကာ ဦးဂန်ဂျားကို လှမ်း၍ မှာလိုက်သေး၏။
ဦးကြီးဖြိုးက ဝင်းဝရောက်သွားကာ ဦးဂန်ဂျားကို လှမ်း၍ မှာလိုက်သေး၏။
'ဟေ့ ... ဖင်ကြားကြီး ခိုကြီးကို တစ်ကျပ်ဖိုး ငါလုံးရအောင် ပြောယူခဲ့ကွာ'
ဦးဂန်ဂျား မှာ လက်တစ်ခြမ်းနှင့် ခြေတစ်ဖက် မသန်ရကား စောင်းငန်းစောင်းငန်း၊ စိုက်ထိုးစိုက်ထိုး နှင့် အရှိန် နှင့် လိမ့်ရသည်ဖြစ်၍ သာမန်လူတို့ထက် ခရီးသွားမြန်၏။
မကြာမီ ကျည်တောက်ကြီးဆွဲ၍ ပြန်ရောက်လာ၏။ ဦးကြီးဖြိုးက ဆီး၍ ...
'ငါးလုံး ရခဲ့ရလားကွ'
'ရခဲ့တယ်၊ ကိုရင်ချိုး က ဆိုလို့ ပေးလိုက်တာတဲ့၊ ဒီကြင်နူဆို နှေးလုံးနှုန်းပဲတဲ့'
'အေးကွာ၊ ခိုကြီး က ငါ့ဆိုရင် ခင်ပါတယ်' ဆိုပြီး ...
'ဟာ ... ဖင်ကြားကြီးရ၊ အုန်းမှုတ်ခွက်ပါခဲ့ရဲ့လား၊ ငါမေ့လို့ မမှာလိုက်မိဘူး'
'မှာတရာ မနိုပါဘူး ကိုရင်ချိုး ရာ၊ ဒါညိုးကို အနိုနို တိပါတယ်' ဟု ဆိုပြီး သူ့ခါးပိုက်ထောင်မှ အုန်းမှုတ်ခွက်ကို ထုတ်၏။
'အေး ... စုံထောက်ဆိုတာ အဲလို စေ့စပ်မှာပေါ့ကွ၊ ထန်းရည်ဆိုတာ အုန်းမှုတ်ခွက်နဲ့မှ ကောင်းတယ်၊ တချို့ နားမလည် တဲ့ လူတွေက ငါတွေးပြီး ရယ်ချင် သေးတယ်၊ တစ်ခါ ပန်းမောင် အိမ်ကို မြို့ကလူတွေလာတော့ ထန်းရည် ဝယ်တိုက်တာကိုးကွ၊ ပန်းမောင်ဆိုတဲ့ကောင်က အသောက်အစားဆို ဘာမှ နားလည် တဲ့ အကောင် မှုတ်ဘူး'
စကားပြော ၎င်းပထမဆုံးခွက် ငဲ့လိုက် ပြီး ...
'ရော့ ... ဦးဖက်ထုပ် က ကျုပ်တို့အထဲမှာ အကြီးဆုံး အရင်နှိပ်လိုက်' ဟု ခွက်ကမ်းပြီးမှ ...
'ရော့ ... ဦးဖက်ထုပ် က ကျုပ်တို့အထဲမှာ အကြီးဆုံး အရင်နှိပ်လိုက်' ဟု ခွက်ကမ်းပြီးမှ ...
'အဲဒါ ထန်းရည် အိမ်ရောက်တော့ တကတဲ ဖန်ချိုင့်ထဲ ကို ပိတ်ပါး နဲ့ အထပ်ထပ် စစ်ထည့်ပြီးမှ ဖန်ခွက်နဲ့ တိုက်တာကိုးကွ၊
သူကတော့ မြို့သားတွေ ရယ်ဆိုပြီး သန့်သန့်ပြန့်ပြန် ဖြစ်အောင် ကြိုးကြိုးပမ်းပမ်း ပြုစုရှာတာပါပဲ၊ ဒါပေမယ့် ထန်းရည် မှာတော့ သူ့ပိတ်ပါးနဲ့ အထပ်ထပ် စပ်ထားကြောင့် အထဲ အမှုန်အနှစ်တွေ မရှိတော့ဘူး၊ ဖန်ချိုင့်ထဲ ဖန်ခွက်ထဲ မှာ ထုံးရေလိုကြည်လို ဘာမှ ထန်းရေရဲ့ သဘာ၀ သတ္တိ မရှိတော့ဘူး၊ အနံ့ပဲ ရှိတော့တာ ပေါ့လကွာ၊ ရော့ ... တက်ကလေး ... မင့်အလှည့်'
ကျွန်တော်က မယူသေးဘဲ ...
'နေပါဦး ... ဦးကြီးရ၊ ဦးဖက်ထုပ်ပြီးရင် ဦးကြီးက အသက် အကြီးဆုံး မဟုတ်လား'
'ဟ ... ခွက်ကိုင်တဲ့သူက ဘယ်လောက်ပဲ ကြီးကြီး နောက်ဆုံးမှ သောက်ရတယ်၊ ပထမဦးဆုံး တစ်ခွက်သာ အသက်ကြီးဆုံး လူ ရွေးရတယ်၊ နောက်ခွက်တွေကျတော့ အငယ်အကြီး မထားတော့ ဘဲ လူအစဉ်အတိုင်း လှည့်ရတယ်၊ ဒါ အသောက်သမား စည်းမျဉ်းကိုးကွ၊ မှတ်ထား ခွက်ကိုင်တဲ့ လူမှာလဲ အင်မတန် သတိထား ရတယ်၊ ခွက်ကျော် မပေးရဘူး၊ နောက်ဆုံး အပတ်ကျရင် အားလုံး မျှသွားအောင် အမှန်းအဆ နဲ့ ငှဲ့တတ်ရတယ်၊ မသကာ ကိုယ် အငတ်ခံသင့် ခံလိုက်ရတယ်'
ကျွန်တော် သောက်ပြီးသောအခါ၌ ဦးဂန်ဂျားအတွက် ငှဲ့ရင်း ...
'ထန်းရေ မှာ ဟော့ဒီလို အမြှုပ် ရှိတယ်ကွ၊ အမှုန် အနှစ်တွေ ရှိတယ်ကွ၊ ပျားကောင်တွေ ပုရွက် ကောင်တွေ ရှိတယ်ကွ။ ဒါကို ပိတ်ပါးနဲ့ စစ်မပစ်ရဘူး၊ အမြှုပ်နဲ့ ပျားပုရွက်ကောင်တွေကို ပါးစပ်နဲ့ မှုတ်သောက်နိုင်ရမယ်၊ ဒါကြောင့် အုန်းမှုတ်ခွက် နှုတ်ခမ်းကျယ်ကျယ်ဟာ ထန်းရည်သောက်ဖို့ရာ အကောင်းဆုံးလို့ ပြောတာပေါ့ကွ'
ဦးဂန်ဂျား သောက်ပြီး ပါးစပ်မှ ခွက်ချွတ်သောအခါ၌
'ဘယ့်နှယ်လဲဟေ့ ဖင်ကြားကြီး ကောင်းရဲ့လား'
ဦးဂန်ဂျားက နှုတ်ခမ်းပါးနားလျက်ရင်း ဟေ့ခနဲ လေတက်လိုက်ပြီး ...
'ဟာ ... ကောင်းတယ်၊ တိတ်ကောင်းတာပဲ'
'အပေါ့ ကောင်းလား၊ အလေးကောင်းလားကွ'
'ကိုရင်ချိုး သောက်ကြည့်လေ'
'ဦးကြီးဖြိုး တစ်ခွက်မော့လိုက်ပြီး ပါးစပ်မြုံလျက် ...'
'အင်း ... သီးရင့် ဖြတ်စပဲကွ အပေ့ါကောင်း၊ မောင်ခိုက ထန်းကိုင် ချိုးခံကောင်းတော့ ဒီဖြတ်စရေ မှာပဲ အချိုဓာတ် အချဉ်ဓာတ်မပါဘဲ ပေါ့ခါးပြီး မွှန်နေတယ်။ အင်း ... ဒါမျိုးမှ မူးတယ်ကွ၊ ဟော့ဒီ ထန်းစဖြတ်စမှာ ထန်းကိုင် ချိုင်းခံမတတ်ရင် ချဉ်ရင်လဲ ချဉ်သကွ၊ ချိုရင်လဲ ချိုလေးနေသကွ၊ ချဉ်ရင် ဝမ်းသက်သကွ၊ ချိုလေး နေရင် မိန်းမကြိုက်ရဟန်းကြီး ကြိုက်ပေါ့ကွာ၊ ဒါပေမယ့် ရင်ကယ် တတ်တယ်၊ ကဲရော့ ဦးဖက်ထုပ်'
ဦးဖက်ထုပ် သည် မသောက်သေးဘဲ ခွက်ကို သူ့ရှေ့ယူချေပြီး ...
'ဖြည်းဖြည်းလကွာ၊ ဇိမ်လေးနဲ့ လုပ်မှာပေါ့'
'ကျုပ် နားလည်ပါတယ်၊ ဒီနှစ်ပတ်တော့ သွက်သွက်ကလေး လှည့်လိုက်ဦးမှာပေါ့ဗျ၊ နည်းနည်း ရတီတီ ကလေးရှိမှ စကားစနေပြောရင်း ဇိမ်ယူရတာပေ့ါ၊ ဟော့ နှေးရမယ့် အပတ်ကျတော့ ခင်ဗျာ့ကို ကျွန်တော်က လက်ထဲ အရောက် မပေးဘူး၊ ဟော့ဒီရှေ့မှာ ချထားလိုက်မယ်၊ ခင်ဗျားသောက်ချင် တဲ့ အချိန်ကျမှ ကောက်သောက်၊ ကဲ ... ခုတော့ အမြန်ပဲ ကြိတ်လိုက်ဦး'
ဦးဖက်ထုပ်ကြီး မော့နေရသောအချိန်၌ ဦးကြီးဖြိုးက ကျွန်တော့် ကြည့်၍ ...
'ဟေ့ ... တက်ကလေး၊ မင်းကတော့ အမြည်း လို လိမ့်မယ်၊ သွားကွာ မီးဖိုထဲမှာ မနေ့က ဝက်သားဟင်း ကလေးရှိတယ်'
'အရီးချစ်စု ရှိလား'
'မရှိဘူးကွာ အကုန်သာခပ်ခဲ့၊ ဟော့ဒီ ဦးဖက်ထုပ်လဲ မြည်းရအောင်'
လေးငါးတုံးမျှ ရှိသည်။ ကျွန်တော် အကုန်လုံးခပ်ခဲ့၍ လူဝိုင်းထဲရောက်သောအခါ၌
'ဝမ်းမသွားဘူး လားကွ'
ဦးကြီးဖြိုးက ကျွန်တော့်ကို ထန်းရည်ခွက်ပေးပြီး ...
'ဟာ ... နည်းနည်းပါးပါး ကိစ္စ မရှိပါဘူး၊ များရင်သာ မကောင်းတာ၊ ဆိုးတာက ပေရေ နဲ့ ဝက်သား ဗျ၊ အဲဒါများ ဘယ်တော့မှ တွဲဖက်လို့ မသုံးလေနဲ့ ဝမ်းသွားလို့ တုံးလုံး ဖြစ်သွားမယ်သာ မှတ်ထား'
ကျွန်တော်အပြီး၌ ဦးဂန်ဂျားသို့ ခွက်လှမ်းရင်း ...
'ရော့ဟေ့ ... ဖင်ကြားကြီး' ဆိုပြီးနောက်
'စကားအဆင်သင့်တုန်း ပေရေနဲ့ ဝက်ဟာ ဘယ်လောက် မတည့် သလဲဆိုတာ ပြောရဦးမယ်၊ တစ်ခါက အခု ဂျပန်ခေတ်က သေသွားတဲ့ ဖိုးသင်းကလေးပေ့ါ ကွာ၊ သူ့ အိမ်နောက်ဖေး က ပေပင်ကြီးအဖူးမှာ အရေတက်ခံကာ ညှပ်ချက်ကလဲမိတော့ ထွက်လိုက် တာဟေ့ အောက် ကို စဉ့်အိုးကြီးထဲ ရေဓယောက်နဲ့ (ရေတံလျှောက်) သွယ်ချရတယ်၊ တစ်နေ့တစ်နေ့ ရေအိုး ဒန် ဆယ့်လေးငါးလုံး ရတယ်၊ အဲဒါ ရွာမှာတော့ ပေရေကို တယ်သောက်တာ မရှိဘူး၊ သူ့မြို့က ကုမ္ပဏီကို သွားသွား သွင်းရတယ်၊ ထန်းရည်ကို အင်္ဂလိပ်ပိုက်ဆံနဲ့ တစ်မတ်ခြောက်ပေးရတဲ့ အချိန်မှာ သူ့ ပေရေက ဆယ်လုံးသွင်းရတယ်၊ ခုတော့ ထန်းရည်နဲ့ ရောရောင်းတာပေါ့ကွာ'
'စကားအဆင်သင့်တုန်း ပေရေနဲ့ ဝက်ဟာ ဘယ်လောက် မတည့် သလဲဆိုတာ ပြောရဦးမယ်၊ တစ်ခါက အခု ဂျပန်ခေတ်က သေသွားတဲ့ ဖိုးသင်းကလေးပေ့ါ ကွာ၊ သူ့ အိမ်နောက်ဖေး က ပေပင်ကြီးအဖူးမှာ အရေတက်ခံကာ ညှပ်ချက်ကလဲမိတော့ ထွက်လိုက် တာဟေ့ အောက် ကို စဉ့်အိုးကြီးထဲ ရေဓယောက်နဲ့ (ရေတံလျှောက်) သွယ်ချရတယ်၊ တစ်နေ့တစ်နေ့ ရေအိုး ဒန် ဆယ့်လေးငါးလုံး ရတယ်၊ အဲဒါ ရွာမှာတော့ ပေရေကို တယ်သောက်တာ မရှိဘူး၊ သူ့မြို့က ကုမ္ပဏီကို သွားသွား သွင်းရတယ်၊ ထန်းရည်ကို အင်္ဂလိပ်ပိုက်ဆံနဲ့ တစ်မတ်ခြောက်ပေးရတဲ့ အချိန်မှာ သူ့ ပေရေက ဆယ်လုံးသွင်းရတယ်၊ ခုတော့ ထန်းရည်နဲ့ ရောရောင်းတာပေါ့ကွာ'
သူ့ခွက်လှည့် မော့သောက်လိုက်ပြီးနောက် ဦးဖက်ထုပ်အတွက် ငှဲ့၍ ရှေ့မှာ ချလိုက်ပြီး ...
'အဲဒါ တစ်နေ့တော့ ဖိုးသင်းကလေးဟာ ကုမ္ပဏီက ငွေထုတ်ခဲ့ပြီး ပေရေပုံးအခွံတွေ ထမ်းပြန် အလာ လမ်းမှာ သူ့အသိအိမ်က ဝက်ကလေးနှစ်ကောင် ဈေးအဆင်သင့်တာ နဲ့ မွေးဖို့ ဝယ်တယ်၊ ဝယ်ပြီး အိမ်သယ်ဖို့ က သူ့ပေရေပုံးကြီးတွေ က စက်ဆီပုံးကြီးတွေ၊ ရေနံဆီပုံကြီးထက်လဲ ကြီးတယ်၊ ကျယ်လဲ ကျယ်တယ်၊ ဝက်ကလေး တစ်ကောင်စီ ချောင်ချောင်ချိချိနဲ့ နေနိုင်တာကိုး၊ ဒါနဲ့ သူ့ရှေ့ တစ်ကောင် နောက်တစ်ကောင် အဆင်သင့် ပဟဆိုပြီး ထည့်ထမ်းခဲ့တယ်၊ အိမ်ရောက်တော့ ဝက်ကလေးတွေ အသက် မရှိတော့ဘူး။
ဦးကြီးဖြိုးသည် ခေတ္တစကားရပ်၍ ဆေးပေါ့လိပ်မီးညှိကာ နှစ်ဖွာ သုံးဖွာ ဖွာလိုက်ပြီးမှ ...
'အဲဒီဝက်ကလေးတွေ အသက်မရှိတာက ဘာမှအံ့သြစရာ မဟုတ်သေးဘူး၊ ပေရေနံ့ကြောင့် လည်းကောင်း၊ အသက်ရှူကျပ် လို့လည်းကောင်း သေတယ် ပြောနိုင်သေးတယ်၊ အဲ ... ထူးဆန်းတာက တကတဲ ဝက်ကလေး တွေ အသားဟာ ကိုင်လို့မရတော့ဘူး၊ တစ်ခါတည်း နူးညံ့ အိရိပြီး လက်နဲ့ထိလိုက်တာနဲ့ ပဲ့ပဲ့ ကျကုန်တယ်'
သောတရှင် အားလုံးပင် အံ့သြကြရသည်။ ပြီးမှ ဦးကြီးဦးဖက်ထုပ်ဘက် လှည့်ကာ ...
'အဲဒါ ဝက်သား နဲ့ ပေရေနဲ့ သောက်လို့ ဝမ်းပေါက်တယ်ဆိုတာ ဘာမှ အံ့သြစရာ မရှိဘူးဗျ၊ အဲ ... ပေရေ မပြောနဲ့၊ ပေထန်းလျက် နဲ့ ဝက်သားတောင် ရှောင်ရှားတော့ဗျို့၊ တစ်ခါက ဘုန်းကြီး တစ်ပါး ပေါ့ ... ဝက်သား ဟင်းတွေ နဲ့ နင်းကန်ဘုန်းပေးအပြီး လက်ဖက်ရည်ပွဲမှာ အချိုတည်းတာ တကတဲ ပေထန်းလျက်ဖြစ်နေလို့ ဝမ်းတော် လားပါရောလား'
ဤမှ ဦးဖက်ထုပ်သည် သူ့ရှေ့ချထားသော ထန်းရည်ခွက်ကို ကောက်မော့လိုက်ပြီးနောက် ...
'အင်း ... ဖြိုးကြီးက ပေရေနဲ့ ဝက်သား မတည့်တာ ပြောတော့ ငါက အမဲသားနဲ့ ထန်းရည် အကြောင်း ပြောရဦးမယ်'
'ကြားဖူး ကြုံဖူးတာလေးတွေရှိ လုပ်ပါဦးဗျာ' သက်ကြီးစကား သင်ငယ်ကြား ဆိုတာလို ကျွန်တော် တို့ လူငယ် များ မှတ်ရ သားရအောင်'
ကျွန်တော်က အဘိယာဇက ပြုလိုက်ပါသည်။ ဦးဖက်ထုပ်သည် ဦးကြီးဖြိုးဆီက ဆေးပေါ့လိပ်ကို ယူဖွာ လိုက်ပြီး ...
'ဒါက ငါ့ကိုယ်တွေ့ကွ၊ ငါတို့ ဆိုးတုန်းပေတုန်းအရွယ်ကပေါ့ကွာ၊ အခု ရွှေဘိန်းဘိုးမျှင်ရယ်၊ သေတဲ့ မန်းညွန့်ကြီး ရယ်၊ အခုမှ နောင်တ၊ တရားရပြီး အသောက်အစားအားလုံး ဖြတ်ထားတဲ့ မွန်းထွန်းစိန် ရယ်၊ ငါရယ် ငါးယောက်သား ဇောင်ငါးကုန်းရွာက နွားမကလေးတစ်ကောင် ခိုးပေါ်စားကြတာ။ ရွှေဘိန်း အိမ်နောက်ဖေးက ထန်းပင်ကြီး အောက်မှာပေါ့၊ အဲဒီထန်းပင်ချည်ပြီးထုတာပဲ၊ တကတဲ... ဖျက်ကက်ပြီးလို့ ဝယ်တဲ့ လူတွေလာပြီး ဝယ်ပြုသွားကြပြီး တို့လက်ထဲ နက်ဖြန်ထမ်းရောင်းဖို့ ငါးတွဲ လောက်အကျန်မှာ ဇောင်းငါးကုန်း က လူတွေ လိုက်လာကြတယ် ကြားတော့ အမြန်ဖျောက်ဖျက် ရတာကိုကွ၊
သူတို့ရှာမှာကလဲ ငါတို့အိမ်တွေမှာပဲ လူချင်းတွေက ကာလသားချင်း ဓာတ်သိတွေပဲ၊ ဒီတော့ တို့အိမ်တွေမှာ ဝှက် လို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး၊ ဒီငါးတွဲကြီး ဘယ်အိမ်ကမှလဲ လက်ခံဝံ့ မှာ မဟုတ်ဘူး။ ဒါနဲ့ ရွှေဘိန်းကပဲ အကြံ ရတယ်ဟေ့၊ အမဲသား တွေ သူက နှစ်တွဲ၊ မန်းညွန့်ကြီးက သုံးတွဲ ခါးချိတ် ပြီး ထန်းပင်ပေါ် တက်သွားတယ်၊ အပေါ်ရောက် ထန်းရည်ကလဲ ချပြီးသား၊ ကျည်တောက် တွေထဲ မှာ သိပ်ထားလိုက်တယ်၊ ကျည်တောက် ချိတ်ပုံ၊ အပေါ်က အဝတ်ပတ်ပုံ ဟန်မပျက် ဆိုတော့ ထန်းစ ကလဲ အကျမပျက်ဘူးပေါ့ကွာ။
သူတို့ရှာမှာကလဲ ငါတို့အိမ်တွေမှာပဲ လူချင်းတွေက ကာလသားချင်း ဓာတ်သိတွေပဲ၊ ဒီတော့ တို့အိမ်တွေမှာ ဝှက် လို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး၊ ဒီငါးတွဲကြီး ဘယ်အိမ်ကမှလဲ လက်ခံဝံ့ မှာ မဟုတ်ဘူး။ ဒါနဲ့ ရွှေဘိန်းကပဲ အကြံ ရတယ်ဟေ့၊ အမဲသား တွေ သူက နှစ်တွဲ၊ မန်းညွန့်ကြီးက သုံးတွဲ ခါးချိတ် ပြီး ထန်းပင်ပေါ် တက်သွားတယ်၊ အပေါ်ရောက် ထန်းရည်ကလဲ ချပြီးသား၊ ကျည်တောက် တွေထဲ မှာ သိပ်ထားလိုက်တယ်၊ ကျည်တောက် ချိတ်ပုံ၊ အပေါ်က အဝတ်ပတ်ပုံ ဟန်မပျက် ဆိုတော့ ထန်းစ ကလဲ အကျမပျက်ဘူးပေါ့ကွာ။
'နွားမခေါင်း ရယ်၊ ခြေထောက်ရိုး ရယ်၊ သားရေ ရယ်တော့ ဆုံးချင်ဆုံးပါစေဆိုပြိး ဟိုရွာ့ပြင်က ရေတွင်းအိုကြီး ထဲ ခဲဆွဲပြီး ပစ်ချလိုက်တယ်၊နောက်ထန်းပင်အောက်က သွေးစ သွေးနတွေ ပြာနဲ့ဖုံးသိမ်း၊ အမှိုက်သရိုက်တွေ ထပ်အုပ်ပြီးခြံမီးရှို့ တဲ့ အပေါက်မျိုး လုပ်နေလိုက်တယ်၊ ခွေးမသားတွေ သူကြီးနဲ့ လာရှာကြတော့ ဘယ်တွေ့လိမ့်မလဲကွာ၊ သူတို့ရှာကြတာ စပါးပုတ်တွေထဲရော၊ ကောက်ရိုးပုံတွေထဲရော နှံ့ရော နှံ့ရော ညတော်တော်မှောင်မှ ပြန်သွား ကြာတယ်၊ ဒါအရှာရပ်တာ မဟုတ်သေးဘူးကွ၊ သူကြီးက ညအရိပ်အခြည် ချောင်းကြည့်နေပြီး မနက်ထပ်ရှာကြဦးမှာကွ။
'တို့အဲဒီည စားပွဲထိုင်ကြတာကတော့ ရွာ့တောင်ဖျားက မန်းညွှန့်ကြီး တူကလေးအိမ်မှာကွ၊ ဟင်းစားက ဝမ်းတွင်းသား ရယ်၊ ရင်ဒူးရယ်၊ မိုးခိုသားရယ်၊ နွားမ တင်ပါးသားကလေးရယ် စုစုပေါင်း သုံးပိဿာ လောက်ပေါ့ကွာ၊ ရေအိုးဒန်အိုးကြီးနဲ့ တစ်အိုးတည်း ရောချက်လိုက်တာပဲ၊ ပထမ လက်စက်ရေခန်း၊ နောက်တစ်ရေဆူ ဆိုကတည်းက ခပ်စားကြတာကွာ၊ ကောင်းလိုက်တဲ့ဖြစ်ခြင်း၊ နွားမက ငယ်ငယ် ထွတ်ထွတ် ကလေးလား၊ အားလုံးမှ ၁၇ ပိဿ ထွက် ကလေးပဲ၊ ငါ့ချီး ထူးရော ထူးရော၊ နွားမတင်ပါး သားကလေး ဆိုတာ များ ဘယ်ကြက်သားနဲ့ ဘာဆိုင်သလဲကွာ၊ ဖြူဖွေးပြီးတော့ ဝါးလိုက်မှဖြင့် ထုတ်ထုတ် ထုတ်ထုတ် နဲ့...ချိုလိုက်တာက အလွန်အမင်း။
'နွားမ တင်ပါးသား ဆိုတာက ဘယ်သင်း ပြောတာအောက်မေ့လဲ၊ ပေါင်သား မဟုတ်ဘူးကွ၊ နောက်တင်ပါး ဆုံနှစ်ခုမှာ အရစ်လိုင်းကလေး နဲ့ အသား အတန်းတန်းရှည်ရှည် ကလေးရှိပါရောလား၊ အဲ့ဒါလေးကို မြှောင်းလိုက် လှီးယူထားတာ၊ နွားမ တစ်ကိုယ်လုံးမှာ အဲဒီနေရာက အသားဟာ အနုဆုံး အထွက်ဆုံးပဲ၊ နွားမကလဲ မတမ်းပေါက်စကလေးကိုးကွ။
ကျွန်တော်က သူ့ပြောစကားနှင့် သွားရည်တကျကျဖြစ်နေရာမှ...
'ဟင်... အပျိုကလေးတင်ပါးလို နေမှာပဲနော်၊ ဟီ...ဟီ မဆီမဆိုင် ဟို ဥပုသ်နေ့က ဦးမြတ်ချမ်းတို့နဲ့ မြို့ကလိုက်လာတဲ့ နားသံသီးမကလေးကို သွားသတိရမိတယ်၊ သူ့နာမည်က ရီရီ တဲ့၊ စကားပြောမှဖြင့် သူ့ကိုယ်သူ ရီကလေ ရီကလေ နဲ့....ဟီး....ဟီး'
ကျွှန်တော် နည်းနည်းမှုး၍ နေပါပြီ၊ ဦးကြီးဖြိုးက ကျွန်တော့် စကားကိုဖြတ်၍...
'တော်စမ်းကွာ.... မင်းဟာ ဒီဘက် တယ် ဏှာကြောကြွတယ်၊ မင့်မယား ဟိုနေ့က ပြောမယ်ဆိုလဲ ပြောစရာပဲ၊ ဦးဖက်ထုပ် စကားဆက်ပါစေဦး၊ သူ့စကား မဆုံးသေးဘူး'
'ဘယ်ဆုံးဦးမလဲကွာ၊ ငါပြောမယ်၊ အမဲသားမကောင်းဘူး ကောင်းတယ် ဆိုတာက နွားအရွယ်တင် မဟုတ် သေးဘူး၊ အမွေးလဲ လိုက်သေးတယ်၊ နွားမှာ မွေးစတိုရမယ်၊ အဲ...နွားမွေးရှည်များတော့ သွားမစားလေနဲ့၊ အရွယ်ချင်း တူရင် ညံ့ပြီးသားပဲ မှတ်ပေတော့၊ အဲဒီ နွားမကလေးတုန်း က စံပယ်ဖြူ မွေးစတိုကလေး လတ်လတ်ဆတ်ဆတ် ရှိလိုက်တာ လဲ မပြောနဲ့၊ အရွယ်ကလဲ ဂေါရီအရွယ်ကလေး၊ တို့ စားရတာက လဲ အသည်းနှလုံး သရက်ရွက် သရွင်းတိုင် မိုးခိုသားရင်နူး၊ တင်ပါးဆုံသား၊ ချက်တာကလဲ လတ်လတ်ဆတ်ဆတ် ရေမဆေးဘဲ သူ့သွေးနဲ့သူ ပထမရေလုံးတာ ဆိုတော့ လောကမှာ ဒီလောက် ကောင်း တဲ့ ဟင်းမျိူးတော့ ကြုံကြိုက်ခဲလှပဟဲ့ လို့ အောက်မေ့လိုက်တာ တကယ်တော့ ဘယ်ဟုတ်ဦး မလဲကွာ၊ တောက်...ခုတောင် ပြန်တွေး တရေးရေးပေါ်လာတော့တယ်'
အဘိုးကြီးက ပြောရင်းမှ ထန်းရည် သူ့အလှည့်ကျ၍ ခဏ စကားရပ်နေသည်ပင် ကျွန်တော်က အားမရ နိုင်ဘဲ သူခွက် ချွတ်လျှင် ချွတ်လိုက်ချင်း...
'ကဲ....ဆက်ဗျာ ဘာများလဲဗျ၊ တရေးရေးပေါ်တာက...'
'အဲ... ဟိုထန်းပင်ပေါ်က ထန်းရည် ကျည်တောက်ထဲ တည့်ဝှက်တားရတဲ့ အမဲသားပေါ့ကွာ၊ ခွေးမသားတွေက နောက်နေ့တောင်မှ ပြန်မသွားသေးလို့ ထန်းပင်ပေါ်က တက်မချရသေးဘူး၊ အဲ... သူ့တို့ ညနေ ပြန်သွားမှ တို့ချရတာ တစ်ည နဲ့ တစ်နေ့ ကျည်တောက်ထဲ ကြာခဲ့တာပေါ့၊ အောက် ရောက်တော့ ဆားမပါဘာမပါနဲ့ ထွေးသိပ်ထားရတာမို့ ပုပ်များနေမလားလို့ တို့နမ်းကြည့်တယ်၊ မနံ ဘူးဟ၊ ထန်းရည်နံ့ ကလေး သင်းနေတယ်၊ ဒါနဲ့ ပုပ်တော့မပုပ်သေးဘူး ဟေ့၊ တော်သေးတာ့ပဲ၊ တို့ ခုည တစ်တွဲစားကြမယ်ဆိုပြီး တစ်အိုးချက်တယ်၊ အဲဒီဟင်း ကျက်လို့ ခွက်ထဲထည့်ပြီး တစ်ယောက်တစ်ဖက်စီ စားမိ သေးတယ်၊ ဟေ့... ဟိုကျန်တဲ့လေးတွဲမရောင်းနဲ့ တော့လို့ သံပြိုင် အော်မိကြတယ်၊ တကယ်တဲ ဇာတ်တိုက်ထားတဲ့ အတိုင်း ပဲကွာ၊ တို့တွေမှာ တစ်ယောက်တစ်ယောက်ကြည့်ပြီးလဲ အံသြမိကြသေးတယ်၊ တကတဲ ကောင်းလိုက် တဲ့ ဟင်းကွာ ဟိုညက ဝမ်းတွင်းသားနဲ့တင်ပါးသားလေး ကောင်းလှတယ်လို့ ထင်မိတဲ့ ကိုယ်စိတ် တောင် ကိုယ်ရှက်မိပါသေးတယ်၊ ဘုရားစူးပါရစေရဲ့၊ ကျန်တဲ့လေးတွဲ လဲ အကုန်လုံးချက်ပြီး လူခြောက်ယောက် စားတာကွာ ဟင်းသာ ကုန်ရော မဝဘူး၊ အာသာမပြေဘူးဟေ့၊ ငါတော့ တစ်သက်မှ တစ်ခါ ဒီလောက်ကောင်း တဲ့ ဟင်း အခုထိ တစ်ခါမှ မစားဘူးတော့ကွာ'
သူ့ အတိတ် ကို အတော်ပင် လွမ်းဆွတ်ဟန်နှင့် အဆုံးသတ်လိုက်၏။
သူ့ဒေသနာ အဆုံး ၌ အားလုံးပင် အနုမောဒနာပြုကြကာ ဦးကြီးဖြိုးက...
'ခင်ဗျား ဟာက အမဲသား ကို ထန်းရည်ချိုး စိမ်ထားတဲ့ သဘောပေါ့'
'မဟုတ်သေးဘူးက၊ အဲဒါက ငါစမ်းကြည့်ပြီးပြီ၊ ကောင်းသင့်သလောက်တော့ ကောင်းပါရဲ့၊ ဟိုသင်းကို မမီသေးဘူးဟေ့၊ ဟိုသင်းက ကျည်တောက်ထဲမှာ အောက်ခံချိုးနဲ့ အပြင် အပေါ်က ထန်းစအချိုရည်ကလဲ တစ်စက် တစ်စက် ကျနေတာ'
'ဒါဖြင့် အဲဒီအတိုင်းပဲ လုပ်ကြည့်မှပဲ၊ ကဲ...စကားလဲပြောကောင်းရဲ့၊ ခက်တာက ထန်းရည်လဲကုန် ပြီဗျ'
နောက်ဆုံးခွက်ငှဲ့ပြီး ကျည်တောက်ကို တုံးလုံးလှဲလိုက်၏ မည်သူ မျှ အာသာမပြေကြသေး။ ဦးဖက်ထုပ် သည် သူ့အိတ်ထဲ နှိုက်လိုက်ပြီး...
'တောက်..... ထီစာအုပ်က တစ်အုပ်မှ ၂ ကျပ်မြတ်တာ၊ ဟောဒီတစ်ကျပ် က ထီစာအုပ်ဝယ်ပေး တဲ့ သူငယ်မလေး ကို ပေးရမှာကွ ဟု ဆိုရင်း အိတ်ထဲက ကျပ်တန်ကလေးကိုထုတ်လိုက်ရာ ယခုအပတ်နှင့် အရောင် မတူသော ထီလက်မှတ်အဟောင်းကလေး ကပ်ပါလာသည်ကို မြင်ရသည်၌ ဦးြုကီးဖြိုးက...
'ဒီလက်မှတ်က ဘယ်တုံးကဟာလဲ'
'လွန်ခဲ့တဲ့အပတ်ကဟာကွ၊ ငါ ခုမနက် ဂျမ်းဘုံကြီးအိမ်ရောက်သွားရင် 'ဟဲ့ ... ဂျမ်းဘုံကြီး၊ ထီတစ်စောင် လောက် ထိုးစမ်းပါဦး' ဆိုတော့ ကောင်မကြီးက အောက်သိုးသိုးနဲ့ ဘာဖြစ်နေတယ် မသိပါဘူးကွာ၊ 'တော်ကြီး ဆီ ထိုးတာ တစ်ခါမှလဲ မပေါက်ဘူး၊ ရော့ ... ရှင့် အရင်တစ်ပတ်က လက်မှတ်တောင် ပြန်လိုချင် ယူသွားဦး' ဆိုပြီး အိတ်ထဲထည့် ပေးလိုက်တာကွ'
ဦးကြီးဖြိုးက ၎င်းလက်မှတ်ကို ယူပြီး ...
'ဟန်ကျပြီဟေ့ ... သွား တက်ကလေး မင့်အရီး ခေါင်းအုံးအောက်မှာ သူ့သား စံနဂုတ် ကို လုံချည် ဝယ်ပေးဖို့ တဲ့ စုထား တဲ့ ခြောက်ကျပ်လား ခုနှစ်ကျပ်လား ရှိတယ်'
'တော်ကြာ အရီးချစ်စု ဆူနေပါဦးမယ်ဗျာ'
'ငါ့မှာ မဆူတဲ့နည်း ရှိပါတယ်ကွာ၊ သွားယူမှာသာ သွားယူစမ်းပါ'
သူ့စကားအတိုင်း ကျွန်တော် ငွေ၂ကျပ် ယူလာသောအခါ၌ ...
'ကဲ ... ဖင်ကြားကြီးရေ ... အကျယ်က ဗိုက်ပြည့်တယ်ကွာ၊ အကျဉ်းပဲ လုပ်ကြစိုရဲ့၊ ဟောဒီ ငွေ၂ကျပ်ယူပြီး မြမယ် အိမ်သွား၊ အရက်တစ်လုံးဆွဲ၊ နို့ပြီး မောင်မြင့်ကြီး အိမ်က ငါးပုပ်ခြောက် ငါးမူးဖိုးဝယ်၊ မီးဖုတ်ပြီး သံပရာရည်ညှစ်လိုက် ရင် အင်မတန် အရက်နဲ့မြည်းလို့ကောင်းတယ်၊ ဟေ့ ... အရက်လဲ ငါက မှာလိုက်တယ် မြမယ် ကိုပြော ပွဲတော်ကျပေးလို့'
အကြောင်းမှာ မမြမယ်သည် မြို့ဘုံဆိုင်မှ အရက်ကို လိုင်စင်လက်မှတ်နှင့် ယူ၍ ရောင်းသည်။ ဝယ်ဈေးမှာ ၁၂ပုလင်းကို ငွေတစ်ဆယ်ဖြစ်၍ တစ်ပုလင်းတစ်ကျပ် ရောင်းသည်၌ အမြတ်ပို၍ ထွက်အောင် ရေရောတတ်၏။ သို့သော် အသောက်အစား လောင်းကစားပြုမှု အစုစု အကုသိုလ် လုပ်ငန်းတို့၌ အကူအညီ ပေးနိုင်သည် ဟု ဆိုသော နတ်ဆိုးကြီး ဦးမင်းကျော်ကို နေ့စဉ် တင်ဆက် သည်၌ မရောဝံ့ရှာပေ။ ထို့ကြောင့် ဦးကြီးဖြိုး က ပွဲတော်ကျကို မှာခြင်း ဖြစ်သည်။
တောက် ... ခုခေတ်များဖြင့် တောရွာ အရက်သောက်တာမှ ကောင်းကောင်း မသောက်ရပါ။ မြို့က ဆန်အရက် နှက်နေရ၏။ ရှေ့ အင်္ဂလိပ်မင်းလက်ထက်ကဆိုလျှင် ဘဇာ ဒီလို ဟုတ်လိမ့်အံ့နည်း။ ရွာက်နောက်ဖေး ၌ တိတ်တိတ်ပုန်း ခိုးချက်ရသော ထန်းလျက်အရက် စင်စစ်ကို တွယ်ရ၏။
အခု ဆဋ္ဌမ သင်္ဂါယနာ တင်မယ့် အစိုးရလက်ထက်ကျမှပဲ တောရွာတွေ တရုတ်ဘုံဆိုင်ကတစ်ဆင့် ရောင်းခွင့်လက်မှတ် ပေးလေတော့ ကျုပ်တို့ တောသားတွေလည်း အလွယ်လိုက်ကုန်ရော၊ ဘယ်သူမှ ခဲခဲယဉ်းယဉ်း ခိုးမချက်ကြတော့ဘူး။ တကယ်လို ကိုယ့်ဟာကိုယ် ကောင်းကောင်းလေး သောက်ချင်လို့ တစ်ပေါင်း နှစ်ပေါင်းလောက် ကြိတ်မယ် စိတ်ကူးမိပြန်လဲ မမြမယ် လို ဟာပဲ ကြောက်နေရတယ်။ သူ က ဘုံဆိုင်ကို ပြောနိုင်တယ်။ သည်တော့ ဘုံဆိုင်တရုတ်က ယစ်မျိုးဘက် က ပုလိပ်တွေကို ကျွန်တော်တို့ ရွာနောက်ဖေးက ခြံစောင့်ရင်း ကြိုစောင်ရင်းကြား မောင်းလွှတ် လိုက်ကရော။ သည်တော့ တရုတ် တိုက်ကျွေးထား တဲ့ နာနာဂီရိ တို့က ကျွန်တော်တို့ တောသားများ ညှဉ်းပန်းပါရောဗျာ။ အဲဒါ အရင်းအမြစ် ဘယ်ကလဲ ဆိုတာ အကြောင်းအကျိုးတွေးရှု ၍ သာဓု အနုမောဒနာသာ ပြုကြပါတော့၊ ဘွန္တော ... သပုရိသ အပေါင်း သူတော်ကောင်းတို့။
အခန်း (၉)
ဟော ... ကျွန်တော်တို့ ခြေမြန်တော် စုံထောက်ကြီး ပြန်လာပြီးဗျား ... လာပုံက လှတယ်။ အသွား တုန်းက ခေါင်းပေါင်းသွားတဲ့ ပုဆိုးကိုး။ အခု လည်ပင်းစည်းပြီး ကျောမှာ ခြုံခဲ့လို့။ ခေါင်းနေပူခံပြီး ခြုံရမှာ ပေါ့ဗျ။ ခါး မှာ အရက်ပုလင်း ထိုးခဲ့တာကိုး။ ကျုပ်တို့တောက ခင်ဗျားတို့ မြို့လို လွယ်အိတ်နဲ့ ဘာနဲ့ လုပ်မနေဘူးဗျ။
ဟုတ်သဗျို့ ... ဦးကြီးဖြိုး ပြောတာ၊ ငါးပုပ်ခြောက် ကို မီးဖုတ် ဆီဆမ်း၊ သံပရာရည် ဖျန်းပြီး အရက်နဲ့ မြည်းတာ တယ်မိပါလာ။ နို့ပြီး ချက်အရက် သောက်တာမှာလည်း အုန်းမှုတ်ခွက်နဲ့ မဟုတ်၊ ဖန်ခွက်နဲ့ မဟုတ် လက်ဖက်ရည်ကြမ်း ပန်းကန်နဲ့ဗျ။ သူ့နေရာနှင့်သူ။ သူ့သဘာဝနဲ့ သူပေါ့ဗျာ။ ခင်ဗျားတို့ မြို့မှာတော့ ဝီစကီ အလန်ဒီခေါ်တဲ့ အရက်တွေကို ဖန်ခွက်နဲ့ ထည့်သောက်ကြဆို။ နို့ပြီး ဆော်ဒါနဲ့ ရောသေးသတဲ့။
'အတွင်းတောင် လက်ဖက်ဆီ အသွေးလိုပ၊
ပယင်းရောင် ခွက်ကြည်ကလေးနဲ့တော့၊
အရက်ဝီစကီကလေးကလဲ မွှေးလိုက်ပါဘိ
သောက်ချင်စရာ'
ပယင်းရောင် ခွက်ကြည်ကလေးနဲ့တော့၊
အရက်ဝီစကီကလေးကလဲ မွှေးလိုက်ပါဘိ
သောက်ချင်စရာ'
ဆိုလား ကျွန်တော် ကြားဖူးတယ်။ တစ်ခါလောက် ခင်ဗျားတို့ သောက်တာမျိုး ကျွန်တော် သောက်ကြည့်ချင်တယ်ဗျာ။
နို့ပြီး ခင်ဗျားတို့ သောက်ဝိုင်းမှာလည်း လူတိုင်းစေ့ ကိုယ့်ဖန်ခွက်နဲ့ ကိုယ်ဆို။ ကျွန်တော်တို့ ချက်အရက်ဝိုင်းကတော့ လက်ဖက်ရည် ပန်းကန်တစ်လုံး တစ်ယောက်တစ်လှည့်။
'ဟေ့ ... တက်ကလေး၊ မင်းအလှည့်ကွ ... ငေးလှချည်လား၊ မင်းမလဲ ဒီသားမယား လွမ်းတဲ့စိတ်နဲ့ ပဲ...'
'သား တွေတော့ ဒီလောက် မလွမ်းပါဘူး ဦးကြီးရာ'
'အင်း ... ဖြစ်ရမယ်၊ သောက်မှာ သောက်စမ်းပါဦးကွာ၊ လင်မယားဆိုတာ ကွဲခဏ ... နောက်ပြန်ရမှာပဲ'
ကျွန်တော် အရက်ကို ကျိုက်ချလိုက်ပြီး ငါးပုပ်ခြောက် အငန် သံပရာအချဉ်ကလေးနှင့် ခံတွင်းကို ဖြေကာ ...
'ဘယ်တော့ ပြန်ရမှာလဲဗျ၊ ခု ခုနှစ်ရက်တောင် ရှိသွားပြီး ဦးကြီး ပြောတဲ့အတိုင်း ပလွေလျှောက် မှုတ်လို့လဲ ပလွေကျော်ဇော အလုပ်ခံရပြီ၊ ဒါ ယောက္ခမကြီးစနက် ဖြစ်မှာပါပဲဗျာ၊ ကျွန်တော့် ပလွေသံ ကောင်းလျက်သားနဲ့သူ အရပ်နဲ့လှည့်တိုက်တာ ဖြစ်ရမယ်ဗျာ၊ ယောက္ခမကြီး မြန်မြန် သေပါစေဗျာ'
'ဟဲ့ ... သူ့ကိုချည်း ဒါလောက် အပြစ်တင်မနေနဲ့ဦး၊ မင့် ပလွေသံကလဲ ဆိုးတယ်'
ဦးကြီးကပါ ဤသို့ ပြောသဖြင့် ကျွန်တော် မျက်ခုံးရှုံ့ကာ ...
'ဗျာ ... ကျွန်တော့် ပလွေသံ ဆိုးတယ်'
'ဟုတ်တယ်၊ အရပ် နားမခံနိုင်အောင် ဆိုးတာအမှန်ပဲ'
'ဟင် ... ဒါဖြင့် ဒီအမှု သူကြီးအိမ် ရောက်အောင်ပဲ စောင့်နေရသလား၊ ဦးကြီးကပဲ မတော် မတော်ဘူး ပြောရော ပေါ့ဗျာ'
'အေး ... ငါကလဲ ငါခိုင်းတဲ့ အလုပ်ဆိုတော့ ပြန်မဖျက်ချင်ဘူး၊ အရပ်က ကြည့်စီမံလိမ့်မယ်ဆိုပြီး လွှတ်ထားလိုက်တာပဲ'
'တယ်တော်တဲ့ ဦးကြီး၊ ကဲ ... ခုတော့ ပိုက်ဆံ သုံးပဲသုံးပြီး ကုန်တာနဲ့ နာမည်ဆိုး အဖတ်တင်တာ ပေါ့ဗျ၊ မိန်းမလဲ ပြန်မရဘူး၊ ဟစ်တလုံးက သူတို့အိမ်ရှေ့ ရောက်ရင် ခဲနဲ့ဆီးဆီး ပေါက်တာလဲ ခံလိုက်ရသေး'
'ဟေ ... မင့်သားက မင့်ခဲနဲ့ ပေါက်သလား'
ဦးဖက်ထုပ်က ဖြတ်၍ မေးသဖြင့် ...
'အေးဗျာ ... ဟိုကြက်သား သူ မစားရကတည်းက ဒီကြက်ကို ပန်းစုံ ကျွန်တော် ခိုးပေးတာပဲလို့ အမေစကား အတိုင်း ယုံနေတာ၊ ဒီကိစ္စ မပြေလည်သမျှ သူကျွန်တော့်ကို တစ်သက်လုံး မုန်းတော့ မှာဗျ၊ ကဲ ... ဦးဂန်ဂျားကြီး ... ခင်ဗျား စုံထောက်တာ ကောစရန် ပိုက်ဆံတစ်မတ် ပေးထားရပြီးတော့'
'အေး ... တဲနွံစလေး ရပြီကွာ'
'ခင်ဗျားဟာက ခုအထိ သဲလွန်စ ရှိသေးသလား'
ဦးကြီးဖြိုး 'ဟောဒီကိစ္စကို ဒါလောက် အရင်မလိုနဲ့ ... တက်ကလေးရေ၊ ငါအခု စိတ်ကူးတစ်ခု ရပြန်ပြီ၊ မင်း ဒီရွာက ခဏခွာနေလိုက်၊ မိန်းမဆိုတာ မြင်ပါများတော့ ရိုးတယ်၊ ခပ်ဝေးဝေး ခွာနေ လိုက်တော့ လွမ်းတဲ့စိတ် ပေါ်လာမယ်'
'အင်း ... ဦးကြီးဟာ လုပ်ပြန်ပြီ၊ အရင်ကတော့ ဘာမှ မပူမပင် ပျော်ရွှင်နေတဲ့ဟန်နဲ့ အိမ်ရှေ့ လမ်းသလား နေ၊ သီချင်းဆိုနေ၊ ပလွေမှုတ်နေတဲ့၊ ခုတော့ ဝေးဝေးပြေးရဦးမယ်၊ ကဲ ... ဘယ်သွား နေရဦးမှာတုံး'
'မြို့တက်နေပေါ့ကွ၊ နို့ပြီး သူတို့အထင်ကြီးအောင် တစ်ခါ တစ်ရံ ဘိုင်စကယ်လေး ဘာလေးငှားပြီး ရွာပြန်ခဲ့ ပေါ့ကွ'
'ကျွန်တော် ဘိုင်စကယ်မှ မစီးတတ်တာဘဲ'
'ဟိုရောက်တော့ သင်ပေါ့ကွ'
'ဟာ ... ခွေး ကြီး မှ လက်ပေး သင်သလိုကြီး'
'ပညာသင်တာ ရှက်စရာလားကွာ'
ဦးဖက်ထုပ်က ဝင်ပြောကာ 'နို့ပြီး ဓာတ်စက်မောင်းလဲ သင်ခဲ့ကွာ'
'ဘာလဲ ... ဓာတ်စက်သီချင်း ဖွင့်တာလား'
'အေးကွာ ... ရွာထဲ အလှူအတန်းရှိရင် ဟိုသူကြီးသား ခေါ်ခေါ်ခိုင်းရတာက မာနကြီးလှတယ်၊ သူ့ချော့ရ မော့ရတာ က အမော'
'တူလဲ တူ့ ပင်ညာနဲ့ တူ ချိုတော့ မာန ထားပေမပေါ့လေ'
ဦးဂန်ဂျား ကပါ ဝင်ပြောသည်၌ ကျွန်တော် အားတင်းကာ ...
'သင်ခဲ့မယ်ဗျာ၊ ကျွန်တော် သွားနေမယ့်အိမ်က ဓာတ်စက် တော့ ရှိမှာပဲ'
ဦးဖက်ထုပ် 'ဘယ်သူ့အိမ်မို့လဲ'
'ဦးမြတ်ချမ်း အိမ်လေ'
'ဟာ ... သူဌေးအိမ်ပဲကွာ၊ မရှိဘဲ နေပါ့မလား'
'အဆင်သင့် ပဲ ဟိုဥပုသ်နေ့က ကျောင်းမှာ တွေ့ကြတုန်းက ဦးမြတ်ချမ်းက သူ့အိမ်လာပြုလည်ဖို့ မှာသွားတာ နဲ့ နို့ပြီး ဟိ ... ဟိ ... ဟိုရီရီဆိုတဲ့ ကောင်မလေးကလဲ သူတို့နံဘေးအိမ်ကတဲ့'
ဦးကြီးဖြိုး 'အင်း ... မင်းလုပ်လာပြီ၊ ဒီကတစ်မှု မပြီးသေးဘူး၊ နောက်တစ်မှု၊ မင့်အသက် မင်းအရွယ် နဲ့ကွာ'
'ဟာ ... ဦးကြီးရ၊ ဘာပြောတာမှတ်လို့လဲ၊ ဒီကောင်မလေးက စက်ဘီးစိးတတ်တယ်၊ သူ့မှာလဲ စက်ဘီး ရှိ သတဲ့ဗျ၊ ကျောင်းမှာတုန်း က သူ့ကို ကျွန်တော်က ပန်းတွေ ခူးပေး လူချင်း ရင်းနှီးပြီး စကားစပ်မိလို့ ပြောသွား တာ၊ ကလေး လူကြီးပေမယ့် ကျွန်တော်တော့ သူ့ဆီကပဲ သင်မှာပဲ'
ဦးဖက်ထုပ် 'အေးလကွယ် ... ပညာရင် နို့ဆိုတာ ကြီးတဲ့ လူဆီကရယ်၊ ငယ်တဲ့ လူဆီကရယ် ဘယ်ခွဲခြား နေရမလဲ ရရာမှာ သောက်စို့ရမှာ'
ဦးကြီးဖြိုး 'မင်း ... ဟိုရောက်တော့ မင့်ခေါင်းတုံးကြီးကို ဗိုလ်ဆံထောက်ညှပ်ကွာ၊ မြို့ဟန်မြို့ဂိုက် ဖမ်းပြီး ရွာ ကို မကြာခဏ ပြန်ခဲ့၊ မိန်းမဆိုတာက ကိုယ့်လင်တစ်သွေးတစ်မွေး ဖြစ်နေတာ မြင်ရင် ပြန်ခုံမင်လာမှာကွ'
ကျွန်တော့် ခေါင်းကို ပွတ်ကြည့်မိကာ ...
'အဆင်သင့်ပဲဗျို့ ... ဟောဒီဆံပင်တွေ ရှည်နေတာနဲ့ ရောက်ရောက်ချင်း ညှပ်လိုက်မှာပဲ'
'တောက် တက်ပုက ဒီလိုဆိုရင် ရုပ်ခေမှာ မဟုတ်ဘူးကွ၊ တော်ကြာ မြို့သူနဲ့ကြိုက်လို့ တောမပြန်ဘဲ နေ မှာတောင် စိုးရိမ်ရသေးတယ်၊ ဟဲ ... ဟဲ'
ဦးဖက်ထုပ်က မြှောက်လိုက်၍ ကျွန်တော် အတော်ကလေး အကြည်ဆိုက်သွားပါသည်။ သည်အဘိုးကြီး သက်တော်ရာကျော်ရှည်ပါစေဗျာ။
'ဒါ နဲ့ ဦးကြီး ... ကျွန်တော် မရှိတုန်း ကျွန်တော့် နွားကလေးတစ်ကောင် ဘယ်သူကြည့်ထားမလဲ'
ကျွန်တော်တို့မှာ ပထမရှိစဉ်က နွားတစ်ရှဉ်း ဖြစ်ပါသည်။ သို့သော် လင်မယားကွာသည်၌ ထုံးစံ အတိုင်း ရှိ ပစ္စည်း တစ်ယောက်တစ်ဝက်ခွဲ မို့ သူက တစ်ကောင်ရသည်။ အိမ်ကို ကျွန်တော့် ပေးပါ သည်။
'မင်းနွားအတွက် စိတ်မပူပါနဲ့ကွာ၊ ငါ အိမ်ဆွဲထားလိုက်ပါ့မယ်၊ ခုလဲ စနဂုတ်ပဲ ကျောင်းနေရတာ ဘာထူးလဲ'
'အင်း... ဒီလိုဆို ဟုတ်ပြီ၊ ရှိတဲ့စပါးတော့ မြို့မှာ သုံးဖို့ရအောင် အကုန်ရောင်းသွားမယ်'
'ဟေ... အကုန်မရောင်းနဲ့၊ တော်ကြာ မင်းတို့လင်မယား ပြန်မပေါင်းဘဲ နေကြမှာ မဟုတ်ဘူး၊ မိုးတွင်း ဝမ်းစာမရှိဘဲ နေဦးမယ်၊ ၃-၄ တင်းလောက်ပဲ ရောင်းသွား'
'ဘယ်တော့ ပြန်ပေါင်းရမှာမို့လဲ ဦးကြီးရာ'
ကျွန်တော် ညည်းညည်းညူညူနှင့် မျက်နှာကြီးရှုံ့၍ ပြောလိုက်ရာ ...
'မကြာ ရပါဘူးကွ၊ ငါ့စကားအတိုင်းသာနေ ဒီလမကုန်ခင် မင့်မယား မင့်အိမ်ပေါ် ပြန်ရောက်စေရ မယ် စိတ်ချ'
'ကောင်းပြီ'
ကျွန်တော်တို့ စကားတပြောပြောနှင့် သောက်လိုက်ကြရာ အရက်ကုန်ခါနီး၌ အရီးချစ်စုသည် ချည်ထုပ်ကြီး ရွက်၍ ပြန်လာလေသည်။ အရီးချစ်စုသည် မနက်စောစောကပင် ရက်ကန်း ရှယ်ရန် ရက်ကန်းခုံဖြစ်သော အိမ်သို့ ချည်ချပြီး ဟပ်ပြီးသားတွေ ယူ၍ သွားပြီး ယခု ပြန်လာခြင်း ဖြစ်သည်။
ဘကြီးဖြိုးက ဟဲ့ ချစ်စု.. နင်မောမောပန်းပန်းနဲ့ ပြန်လာတုန်း ဝမ်းသာစကား ပြောရဦးမယ်၊ နင့်အမေရယ် ငါအဖေရယ် စိန်ရွှေရတနာ တွေ ဆင်သုံးစီး နဲ့ အပြည့်တင်လို့ ဝင်းပေါက်က ဝင်လာပြီး ငါ့သမီးနဲ့ ငါ့သား ဆင်းရဲလှတယ်၊ ရော့ ... သုံးဖို့ စားဖို့ လှူဖို့ ယူကြစမ်းဟဲ့ ဆိုပြီး ဆင်တွေ ပါထားခဲ့ပြီး သူတို့က မိုးပေါ်တက် သွားကြတယ်၊ သူတို့ ကိုယ်က ပြိုးပြိုးပြောင်ပြောင်နဲ့ ငါအဲဒီမှာ လန့်နိုးတာပဲ၊ ကောင်းလိုက်တဲံ အိပ်မက်၊ ငါ ဒီအိပ်မက်မျိုး တစ်ခါမှ မမက်ဖူးသေးဘူး၊ ဒါနဲ့ ခုမနက် ဟောဒီ ဦးဖက်ထုပ်ကြီးကလဲ ထီစာအုပ်နဲ့ အသင့်ရောက်လာတာနဲ့ နင့်ခေါင်းအုံးအောက်က ငွေ၂ိ ယူပြီး ထီတစ်စောင်ထိုးလိုက်တယ်'
အရီးချစ်စုမှာ ချက်ချင်းပင် အမောအပန်း ပြေသွားကာ ...
အရီးချစ်စုမှာ ချက်ချင်းပင် အမောအပန်း ပြေသွားကာ ...
'ဟင် ... ဟုတ်လား၊ ဘယ်မလဲထီလက်မှတ် ကျုပ်သိမ်းထားမယ်'
'ရော့ ... ရော့'
ဦးဖက်ထုပ်အိတ်ထဲ၌ ပါလာသော ဒေါ်ဂျမ်းဘုံ လက်မှတ်ဟောင်းကို ပေးလိုက်သည်။ အရီးချစ်စု က အမြတ်တနိုး ကိုင်တွယ် ကြည့်ရှုပြီး ...
'အတိတ်က ဘယ်လိုရေးလိုက်လဲဟင်'
'ဟာ ... အိပ်မက်အတိုင်း 'ဆင်သုံးစီးနဲ့ ပစ္စည်းအပြည့်' လို့ ရေးလိုက်တာပေါ့ဟ'
အမှန်ကား ... ဒေါ်ဂျမ်းဘုံကို ဦးဖက်ထုပ် ရေးပေးစဉ်က 'ဖွတ်ကြီး လင်ပေးစားရန်' ဖြစ်၏။ အရီးချစ်စု ကား စာ နကန်းတစ်လုံး တတ်သူ မဟုတ်ချေ။ ကျွန်တော်တို့မှာ မရယ် မိရန် မနည်းဣန္ဒြေဆည်ရပေသည်။ ဦးကြီး က နောက်ကြောင်းလုံအောင်လည်း ပြု၏။
'ထီလက်မှတ်ဆိုတာက လူများတွေပြရတာမျိုး မဟုတ်ဘူးနော်၊ ကိုယ့်ဟာကိုယ် ကျိတ်ကျိတ် သိမ်းထား ရတယ်၊ ကိုယ့်အိပ်မက်ကိုလဲ လူများ လျှောက်မပြောရဘူး'
အရီးချစ်စု မရွှေလည်ကလည်း ...
'ကျုပ် နားလည်ပါတယ်တော်'
'အေး ... မပျောက်အောက် သိမ်းထား၊ ထီဖွင့်တဲ့ရက်ကျ မှ င့ါပေး'
'ကဲ ... ရှင်ချစ်စု ငွေ၂ိတော့ ကိစ္စရပ်သွားပေါ့'
ရှင်ချစ်စု ငွေ၂ိတင်ပဲလားတဲ့၊ ဘယ်ဟုတ်ဦးမလဲဗျာ၊ အရက်များ မူးပြီဆိုမှဖြင့် ဤပုလင်း တုံးလုံးလဲ သည်၌ ကျွန်တော် မနေနိုင်တော့ဘဲ အိပ်ထဲက ရှိပိုက်ဆံကလေး ထုတ်ပြီး ...
'ကဲ ... ဦးဂန်ဂျားကြီး နောက်တစ်ချီ သုတ်ချေဦးဗျာ'
ဦးကြီးဖြိုး 'အဲ ... ငါ့တူက နည်းနည်းလေးမူးမှဖြင့် လာတတ်သကွ'
ကျွန်တော်တင်ပဲလား မဟုတ်လား၊ ဦးဖက်ထုပ်လည်း သူ့အိတ်ထဲက လက်ကျန်တစ်ကျပ်လေး ထုတ်ပြန်ကာ ...
'ဟယ် ... စမိမှဖြင့် မထူးတော့ပါဘူးကွာ၊ ဒီနေ့ အမူး သောက်တော့မယ်၊ သင်မလေး ကို နောက် တစ်အုပ်ကျ မှ မြတ်တာ အကုန်ယူလို့ ပြောလိုက်မယ်'
ဦးဖက်ထုပ်သမီးမှာ ရွာ၌ တော်တော်လေး ချောင်ချောင်လည်လည်ရှိသူ ဖြစ်သည်။ ထို့ကြောင့် အိမ်တွင် ဘာမှမလုပ်ချင်၊ လမ်းလျှောက် လေပန်းနေချင်သော ဖအေအိုကြီးအား အလဟဿ မဖြစ်အောင် ထီ စာအုပ် များ ဝယ်ပေးထား၏။ အမြတ်ကို တစ်ယောက်တစ်ဝက် ယူသည်။ အဘိုးကြီးက ရသမျှ သောက်သည်။ ထမင်းကို သမီးအိမ်မှာ စား၏။ သင်မလေးမှာ သူ့သမီးကို သူငယ်မလေးဟု ခေါ်ခြင်း ဖြစ်၏။
ဤတွင် ဦးကြီးဖြိုးက သူ့တွင် အခုနက ကျန်သော ငါးမူးလေးကိုလည်း ထုတ်၍ ...
ဤတွင် ဦးကြီးဖြိုးက သူ့တွင် အခုနက ကျန်သော ငါးမူးလေးကိုလည်း ထုတ်၍ ...
'ကဲ ... ဒါဖြင့် အရက်တင် မဟုတ်ဘူး။ ဟင်းကလေးပါ ဖြစ်အောင် လုပ်ကြမယ်၊ အိမ်ရှေ့အိမ်က မိနက်လေး က ကြက်ရောင်းချင်တယ်လို့ ပြောသံကြားတယ်၊ ဒီအချိန် ပြောင်းစိုက်တော့ ခြင်းထဲ လှောင်ထားတာ အဆင်သင့်ဖြစ်မှာပဲ'
ဦးဖက်ထုပ် 'ဟာ ... ဖြိုးကြီးရ မင့်ကြက်က ဘယ်လောက်နဲ့ ရမှာမို့လဲ၊ ငွေလေး စုစုပေါင်း ရှစ်ကျပ်ခွဲ တည်းနဲ့ အရက် နည်း နေဦးမယ်'
ဤတွင် စုံထောက်ကြီး ဦးဂန်ဂျားက သူ့နဘေး၌ ချထားသော သူ့ဓားမကြီးကို မြှောက်ပြ၍ ...
'မနည်းပါဘူး ... မနည်းရဘူး'
ဦးဖက်ထုပ် 'ဟယ် ... အရက်မနည်းရအောင် မင့်ဓားမကြီးနဲ့ ဘာလုပ်မှာလဲဟ'
'အမယ်နေး ... ညမယ် အိမ်မှာ ဒီဓားမက တစ်လုံးထား သောက်နေကျ'
ယင်း၌ ဦးကြီးဖြိုးက ...
'တယ် ... ပွဲတော်မြိုင်ပဟေ့၊ အားလုံး ထမင်းပါ ဒီမှာ စားရအောင်၊ ချစ်စု ချက်ဟေ့၊ တို့ထီပေါက် မယ့် လူတွေပဲကွာ ခုနှယ်ကစ အလှူပြုကြတာပေါ့' ဟု ဆိုပြီး နောက်အိမ်ရှေ့အိမ်သို့ လှမ်း၍ ...
'ဟေး ... မိနက်ကလေး မိနက်ကလေး'
'တော်'
'နင် ကြက်ရောင်းမယ်ဆို'
'အေး'
'ဘယ်ဈေးလဲ'
'ပေါက်ဈေးပေါ့'
'နှစ်ကျပ်ခွဲလား'
'အမယ် ... သုံးကျပ်မတ်တင်းပါတော်'
'အေး ... အေး၊ နင့်ကြိုက်ဈေးပဲပေးမယ်၊ ဘယ်လောက်သားလောက်ရှိမလဲ'
'ချိန်ကြည့်ပေ့ါ၊ ၅၀သား ၆၀သားလောက် နေမှာပဲ'
'အဆင်သင့်ပဲဟေ့ ဖမ်းပြီးသား'
'ပြောင်းခင်း ယက်လွန်လွန်းလို့ ခြင်းထဲ လှောင်ထားတယ်'
ဤတွင် ဦးကြီးဖြိုးက ကျွန်တော့် ဘက်လှည့်ကာ ...
'ကဲ ... တက်ကလေး ဒီဘက်ကတော့ မင့်ကိစ္စလုပ်ငန်းပဲကွ'
ကျွန်တော့်မှာ ကြက်ကိုင် ကြက်ဖျက်၊ အချက် အမြန်တယ် နာမည်ရသူ ဖြစ်သည်။ ရွာ့မြောက်ဖျား သွားရသော ခြေမြန်တော် ဦးဂန်ဂျား ပြန်မရောက်မီတွင် မီးဖိုပေါ် တင်လေသည်။
ကျွန်တော် မီးကုန်းမှုတ်နေစဉ် အိမ်ရှေ့မှ ဦးကြီးဖြိုးက ...
ဟေ့ ... တက်ကလေး၊ ဟော့ဒီမှာ ဖွားသက် က စပါးခြင်ပေးပါတဲ့'
"ဟာ ... အလျင်လိုလိုက်တာဗျာ"
"ဒီနေ့ နေမီအောင်ပါ မောင်တက်ပုရယ်"
"သွား ... လိုက်ခြင်ပေးလိုက်ပါကွာ၊ ဟင်းအိုး ငါကြည့်လိုက်ပါမယ်"
'ဒါဖြင့်လာ၊ ဟော့ဒီလက်စရေခန်း ဟော့ဒီ ငရုတ်ဆီထဲကရေထည့်၊ အဲဒီရေဆူလို့ ခဏကြာရင်ချ၊ ကြက် နုနုလေး သိပ်မနူးစေနဲ့ အရေချိုတော်ပြီ"
"စိတ်ချလက်ချ သွားစမ်းပါကွ၊ ငါလဲ ကာလသားလုပ်လာတာ ကာလသားချက် နားလည်ပါတယ်"
"အသက်ကြီး တော့ မေ့များမေ့လားလို့ဗျာ"
"ဒီ့ပြင်ဟာ မေ့ချင်မေ့မယ်၊ ဒါမျိုးတော့ မမေ့ဘူးဟေ့"
ကျွန်တော် ခေါင်းတွင် ပေါင်းထားသော တဘက်နှင့် လက်ပါသုတ်ရင်း အပြင်ရောက်လာသောအခါ၌ ...
"မသက်ကလေး ခင်ဗျာ့ခြင်းတောင်းပါရဲ့လား"
"တောင်းမပါခဲ့ဘူး၊ နင့်အိမ်မှာမရှိဘူးလား၊ ဒါဖြင့် ငါ ဒေါ်သာလိတို့အိမ်ဘက် လှည့်ဝင်ပြီး ယူခဲ့မယ်၊ နင်သွားနှင့်"
ကျွန်တော် အိမ်ပြန်ရောက်သောအခါ ပုတ်ပေါ်က နှီးကြောဖျာကြီးကို မြေမှာဖြန့်ခင်းပြီး လူက ပုတ်ထဲဆင်း၍ အိမ်ကတင်းကြီးထဲ စပါးထည့်ထားနှင့်၏။ မဖွားသက်ရောက်လာသောအခါ ...
"မသက်ကလေး ဒီမှာလာဗျို့" ဟုခေါ်ပြီး ကျွန်တော်ပုတ်ထဲက မ ပေး၍ သူကရွက်ယူပြီး ခင်ထားသော ဖျာကြမ်းပေါ်မှာချ၏။ ကျွန်တော် ပုတ်ထဲကထွက်လာပြီး သူယူခဲ့သော ခြင်းတောင်းထဲဆတ်ခနဲ ပက်လောင်း ကလေးလောင်းထည့်လိုက်ကာ ဖြုတ်ခနဲ ဇလုပ်တိုက်လိုက်သည်။
"ဟယ် ... တက်ပု၊ နင့်ဇလုတ်က ခုတ်လိုက်တာဟယ်၊ ဒီလိုဆိုရင် တို့ခေါင်းရွက်သည်ကလေးတွေ သေရော ပေါ့ဟယ်"
ကျွန်တော်သည် ရွာ၌ စပါးတင်းခြင် မောင်ဖိုးဝင်ဟု နာမည်ကြီးသော ဦးဘိုးဝင်ကြီးနည်းကို ခိုးလိုက်ခြင်း ဖြစ်သည်။ တင်းခြင်ခေတ်တွင် ဦးဘိုးဝင်အား စပါးဝယ်ယူတိုင်း ကြောက်ကြသည်။ ခြင်တောင်း ထဲ ထည့်ပုံကို က ဆတ်ခနဲ လောင်းလိုက်ရာ လေဟပ်၍ ဖွပ်ခနဲ မြည်သွားသည်။ ဇလုတ်တိုက်ပြီးသောအခါ၌ တင်းအပြည့် ကို ဒူးနှင့် တိုက်ချလိုက်သော် လက်သုံးလုံးလောက် ဟောက်ပက် ဖြစ်သွား၏။ မကျေနပ်၍ ပြန်ခြင်ခိုင်းကြည့်၊ သည်တောင်းနှင့် သည်စပါး အပြည့်ပဲနေသည်။
ကျွန်တော်ကား သူ့လို လက်သုံးလုံးလောက် ဟောက်အောင်တော့ မစွမ်းပါ။ မသကာ လက်နှစ်ခုပ်စာ လောက် လျော့တော့မပေါ့။ သို့သော် မဖွားသက်ကလေးလို သူဆင်းရဲမအဖို့ ဤစပါးလက်နှစ် ခုပ်စာက အရေးကြီး လှပါသည်။ ထို့ကြောင့် ကျွန်တော် သုံးလေးလက်ခုပ် ကျုံး၍ ထည့်ပေးလိုက်၏။
"ကျေးဇူးပါပဲ မောင်တက်ပုရယ်၊ တို့ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း လုပ်စားရတာ ဒီနှစ်များတော့ ဝါကြီး ထပ်လို့ ခါတိုင်းနှစ်ထက် တစ်လတောင် ပိုလုပ်ရဦးမှာပဲလို့ အောက်မေ့လိုက်မိပါတယ်ဟယ်"
အင်း ... ကုသိုလ်ကံပေါ့ဗျာ"
အင်း ... ကုသိုလ်ကံပေါ့ဗျာ"
"ငါ သွားလေသူမောင်လေး သတိရတယ်ဟယ်"
သူ မျက်ရည်စို့လာသည်။
"သင်္ခါရပေါ့ဗျာ"
"သောင်းကျန်းသူတွေနဲ့ အစိုးရနှစ်ဖက် သင့်သင့်မြတ်မြတ်ဆိုရင် သူ စောစောစီးစီး သေမယ် မဟုတ် ဘူးဟယ်"
"ဒါတော့ ဒါပေါ့ဗျာ၊ သြော် ... ဒါနဲ့ မသက်ကလေး ကျွန်တော် နောက်ထပ် စပါးငါးတင်းလောက် ရောင်းချင် သေးတယ်"
"ဒီဈေး သုံးပဲတင်းနဲ့ပဲလား"
"မသက်ကလေး ယူမယ်ဆိုရင် ပေးမယ်လေ"
"ဟယ် ... ငါ့ချည်းတော့ ငါးတင်းကြီး မတတ်နိုင်ဘူးဟယ်၊ နှစ်တင်းလောက်ပဲ"
"အေး ... ဒီနှစ်တင်းပဲ သုံးပဲတင်းနဲ့ ပေးမယ်လေ၊ ဒီ့ပြင်လူတွေဆိုတော့ ခုပေါက်ဈေး ပဲတင်းပဲ၊ ကျွန်တော် တစ်ခါတည်း ရောင်းချင်တယ်၊ မသက်ကလေးက ဝယ်မယ့်သူခေါ်ခဲ့"
"အေး ... ငါ အေးခင်တို့၊ ဘုတိုတို့၊ လုံမတို့ခေါ်ခဲ့မယ်၊ သူတို့ တစ်ယောက်တစ်တင်းစီတော့ ယူကြမှာပဲ၊ နင် ဘယ်တော့ရောင်းချင်လဲ"
"ခုညနေပဲ၊ ကျွန်တော် နက်ဖြန် မြို့သွားနေမလို့"
"ဟယ် ... ဒါဖြင့် တစ်တင်းဖိုးကို ငါ့ နောက်မှယူဟယ်၊ နင် ဘယ်သူ့အိမ်နေမလဲ၊ ဦးမြတ်ချမ်းအိမ်မှာပဲ မဟုတ်လား၊ ငါ ဆန်ရောင်းသွားရင်းနဲ့ သူတို့အိမ် မကြာခဏ ရောက်တယ်၊ ငါ ဝင်ပေးမယ်ဟယ်"
"အင်း ... ကောင်းပြီလေ"
ထို့နောက် မဖွားသက်က စပါးတောင်းရွက်၍ ကျွန်တော် သူနှင့်အတူ ဦးကြီးဖြိုးအိမ်လာရင်း ပါခဲ့သည်။
ဆက်ရန်...
