နီကိုရဲ
* * * * *
မာတိကာ
၁။ ရယ်သံကို စားမြုံပြန်သူ နှင့်
တွေ့ဆုံခြင်း (သဘင်အနုပညာ ဂျာနယ် ၄၇)
၂။ ဦးငုံးမင်း (သဘင်အနုပညာ ဂျာနယ် ၄၈)
၃။ ကျွန်တော်တို့ ပတ်ဝန်းကျင်က နာမည်များ (သဘင်အနုပညာ ဂျာနယ် ၆၇)
၄။ ဆိုက်ကား ဆိုက်ကား (သဘင်အနုပညာ ဂျာနယ် ၅၀)
၅။ စိတ်တိုင်းကျချင်သူ (သဘင်အနုပညာ ဂျာနယ် ၆၉)
၆။ အဆိုကြီး အသံနည်း (သဘင်အနုပညာ ဂျာနယ် ၇၁)
၇။ ဘကြီးနှစ်ယောက်နှင့် သူခိုး (သဘင်အနုပညာ ဂျာနယ် ၇၆)
၈။ ဘကြီးနှစ်ယောက်နှင့် မေးခွန်း (သဘင်အနုပညာ ဂျာနယ် ၇၈)
၉။ အမျိုးအရင်းကြီး (သဘင်အနုပညာ ဂျာနယ် ၈၃)
၁၀။ ကျွန်တော်နှင့် လက်မှတ်စစ်များ (ရွှေမြင်သာ ဂျာနယ် ၅)
၁၁။ ခုန်ချသူများ (ဝယ်သူ့စိတ်ကြိုက် ဂျာနယ် ၄)
၁၂။
ကားတစ်စင်းကြောင့် အသည်းကွဲ ( သဘင်အနုပညာ ဂျာနယ် ၆)
၁၃။ ကားငှားစီးသူ တစ်ယောက်အကြောင်း (သဘင်အနုပညာ ဂျာနယ် ၈)
၁၄။ ကားငှားစီးသူ တစ်ယောက်အကြောင်း (၂) (သဘင်အနုပညာ ဂျာနယ် ၉)
၁၅။ ရှေ့ခန်း (သဘင်အနုပညာ ဂျာနယ် ၂၂)
* * * * *
ရယ်သံကို စားမြုံပြန်သူ နှင့် တွေ့ဆုံခြင်း
* * * * *
လောကတွင်ရှိသော သတ်္တဝါများအနက်
လူသည် ရယ်တတ်သော၊ ရယ်နိုင်သော သတ်္တဝါ ဖြစ်သည်။လူနှင့် တိရစ်္ဆာန်တို့၏ အဓိက ကွာခြားသော အချက်မှာလည်း ထို အချက်သာ ဖြစ်၏။ တိရစ်္ဆာန်များသည်နာကျင် သည့်အခါ အော်ဟစ်နိုင်သော်လည်း ပျော်ရွှင်သည့်အခါ အမူအရာပြရုံမှ လွဲ၍ အသံထွက်ကာမရယ်မောနိုင်ကြချေ။ ထို့ကြောင့် ရိုးသားသော ပျော်ရွှင်မှုတစ်ရပ်နှင့် တွေ့သောအခါ အသံထွက်၍ အားရပါးရရယ်မောခြင်းကို လူတစ်ယောက်၏
ရပိုင့်ခွင့်အဖြစ် တိတိကျကျ လုပ်ရန် သင့်ပါသည်။
ရယ်မောပျော်ရွှင်ခြင်းကို စတင် ကြုံတွေ့ကြရသည့်အခါ ထိန်းချုပ်တတ်သော သတ်္တဝါမှာ မိန်းကလေးများဖြစ်ကြသည်။ ထိုသို့ ထိန်းချုပ်ခြင်းမှာလည်း ရယ်ခြင်းနှင့် ပတ်သတ်၍ သူတို့၏ အလှအပ၊ စာရိတ်္တအပေါ်တွင် ဆုံးဖြတ် ထားသော အချက်အလက်များ ရှိနေသောကြောင့် ပင်ဖြစ်သည်။ အသံကျယ်ကျယ်ဖြင့်အားရပါးရ ရယ်မောလျှင် မိန်းမကောင်း မဟုတ်ဟု သူတို့
ဆုံးမခံထားရ သောကြောင့်သာ ဖြစ်သည်။
သာမန်ရယ်စရာ နှင့်တွေ့လျှင် မိန်းကလေးများ ပြုံးတတ်ကြ၏။ တော်တော် ရယ်ရသော ကိစ်္စနှင့် တွေ့လျှင်တခစ်ခစ် အသံပေးသည်။ လုံး၀ ထိန်းချုပ်မရနိုင်သော ရယ်စရာ နှင့်တွေ့လျှင်ကား မိန်းကလေးများ မျက်နှာလွှဲသွားတတ် ကြ၏။
သို့သော် စိတ်ချရသောသူ၊ အခြေအနေနှင့် ပတ်ဝန်းကျင်ကို တွေ့လျှင်မူ မိန်းကလေးများ
ကပင် ရယ်စရာ၊ပျော်စရာတွေ ပြောစမ်းပါဟု တောင်းဆို တတ်သူများ မှာလည်း (ကျွန်တော့် အတွေ့အကြုံအရ) မိန်းကလေးများပင် ဖြစ်ပါသည်။
တစ်ခါက ဘတ်စ်ကား တစ်စီးပေါ်တွင် (ကျွန်တော် တက်္ကသိုလ် မှပြန်လာတုန်း) ထိုင်ခုံတွင် အတူထိုင်ရသော ကျောင်းသူသည် ကျွန်တော့် နံဘေးမှ ခပ်ငြိမ်ငြိမ် ထိုင်နေလျက် ပါလာပြီးမှ
ရှေ့ကို စိုက်ကြည့်ကာတစ်ခုခုကို စဉ်းစားရင်း ပထမ ပြုံးသည်။ နောက် ခစ် ခနဲရယ်၏။ နောက် ခါးကိုကော့၍ အူထဲမှခုန်ထွက်လာသော ရယ်သံကို မထိန်းနိုင်ဘဲ သုံး လေး ချက် ခစ်သည်။ နောက်မှ သတိရ၍ ကျွန်တော့်ကိုလှမ်းကြည့်ကာ ပြုံးသည်။
သူ့ အကြည့်ကြောင့် ကျွန်တော် ကြောင် သွား၏။ ထိုကျောင်းသူ ရှေ့မှာ ဘာများ ရယ်စရာရှိနေသလဲဟု ရှာသည်။
ဘတ်စ်ကားပေါ်မှာ ရပ်လျက် စီး နေကြသူတွေထဲမှာ ဘာရယ်စရာ မှမတွေ့။ ဘာအဖြစ်အပျက် မှလည်း မရှိ။ ထိုကျောင်းသူထံမှ တခစ်ခစ် တအစ်အစ် ရယ်သံ လေးငါးခွန်း ထပ်ထွက်လာပြန်၏။ ဗုဒေ်္ဓါ၊ အကြောင်းမဲ့ တော့ ဒီမိန်းကလေး မရယ်တန်ရာ၊ မိန်းကလေး များသည် အကြောင်းမဲ့ရယ်လေ့ မရှိကြကြောင်း ကျွန်တော် ကောင်းကောင်း သိပါသည်။
အကြောင်း ရှိကိုရှိ ရမည်။ ထိုမိန်းကလေးကရယ်အပြီး ကျွန်တော့်ကို ခိုးကြည့်ကာ ဒုတိယ အကြိမ် ကြုံရ ပြန်၏။ ပြဿနာ ပါလား။ ကျွန်တော်ဘာရယ်စရာ ဖြစ်နေသလဲ။
သတိနှင့် ကျွန်တော် ကိုယ် ကျွန်တော် လေ့လာသည်။ ဘာလွဲမှားမှုမှ မရှိပါ။ ထိုစဉ် မိန်းကလေးကခါးကလေး ကိုကုန်း၊ မျက်နှာကို လက်ဝါးနှင့် အုပ်ကာ ခွီးခွီးဟု အားရပါးရ
ရယ်လေသည်။ သူ့ရယ်သံကကျွန်တော့် မျက်နှာကို လက်ပစ်ဗုံးနှင့် ထုသလို ဖြစ်နေကာ ကျောကုန်းက ယားသလို၊ ဗိုက်က ယားသလိုဖြစ်လာခဲ့၏။ ကျွန်တော် ဘာဖြစ်နေပြီလဲ၊ ကျွန်တော် မနေနိုင်တော့။ ခါးကုန်းကာ ရယ်နေသောကောင်မလေးကို လက်တို့ကာ မေးရ၏။
ဒီမှာ ကျွန်တော် ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ ရယ်တာလဲဗျ
ကျွန်တော် အသံဆုံးတော့ ထိုမိန်းကလေးက အရယ်ရပ်ကာ
ကျွန်တော့်ကို ဒေါသ နှင့် လှည့်ကာကြည့်၏။ ပြီးတော့ လေသံမာမာ နှင့် ကျွန်တော့်ကို ပြန်မေးသည်။
ဘာလဲ၊ ဘာဖြစ်လို့လဲ
မဟုတ်ဘူးလေ၊ ခင်ဗျား ဘာဖြစ်လို့ ရယ်တာလဲ။ ကျွန်တော့်ကို ကြည့်ပြီး
ဘာ ငါ့ ဘာသာရယ်တာ နင်နဲ့ ဘာဆိုင်လဲ။ ဘာလာကြောင် တာလဲ
သူပြန်ပြောသည့် စကားကြောင့် ကျွန်တော် တော်တော်
အခက်တွေ့ သွား၏။ ပြဿနာက စပြီ။ သို့သော်ဘာဖြစ်လို့၊ ဘာဖြစ်တယ် ဟူသော ပြဿနာကို သူရော ကျွန်တော်ရော မသိကြ။ တစ်ခုခုက လွဲနေခဲ့၏။
မဟုတ်ဘူးလေ။ ခင်ဗျားက ဘာဖြစ်လို့ ရယ်တာလဲ
ငါ့သာသာ ဘာရယ်ရယ်ပေါ့။ နင်နဲ့ ဘာဆိုင်လို့လဲ
ဒါဆို ခင်ဗျားက ဘာဖြစ်လို့ ကျွန်တော်ကို ကြည့်ရယ်တာလဲ
ကျွန်တော့် စကားကြောင့် သူ တော်တော်
ဒေါသထွက်သွား ပုံရ၏။
ဘာမှ မဆိုင်ဘူး။ ငါ့ဘာသာ မနက်က ကျောင်းမှာ ဖြစ်တာကို တွေးပြီး ရယ်တာ၊ နင်နဲ့ ဘာမှ
မဆိုင်ဘူး
သူ့စကားကြောင့် ကျွန်တော်လည်း သူ့ကို အားနာ၊ သတိထား လွန်းသော ကိုယ့်ဘာသာ ရှက်ကာအသာငြိမ် နေလိုက် ရ၏။ သူ့ ပြောစကားကြောင့် ဖြစ်သွားသည့် ပြဿနာကို ကျွန်တော် သဘောပေါက်သွားခဲ့ ပါသည်။ သူမ မနက်က
ကျောင်းတော်ထဲမှာ တော်တော် ရယ်စရာ ကောင်းခဲ့သောအဖြစ်တစ်ခုကို ကြုံခဲ့ရလို့ ဖြစ်မည်။ အဲဒီ တုန်းက ထိုအဖြစ်ကို ဣန္ဒြေအ၇ မရယ်ခဲ့ဘဲ ကားပေါ်ရောက်မှ ပြန်စဉ်းစားကာ တွေးပြးီ ရယ်ခြင်း ဖြစ်လိမ့်မည်။
ဘေးပတ်ဝန်းကျင်မှ သူ့ရယ်သံကို ကြား၊ မကြား ကျွန်တော့်ကို လေ့လာခြင်း ဖြစ်၏။ ဒါကိုကျွန်တော်က မလုံခြုံခြင်းသာ ဖြစ်သည်။
ဆက်မရယ်နိုင်တော့ခြင်းကို ဒေါပွခြင်း၊ သူ့ဘာသာလွတ်လွတ်လပ်လပ် ရယ်နေတာကို ကျွန်တော်က ကြည့်ကာ သိသွားသည့် အတွက် ရှက်ခြင်းတို့ကြောင့်မကျေမနပ်ဖြစ်ကာ မျက်နှာကို မာတင်း ထားရင်း...
ဘယ်လို ကောင်လဲ မသိဘူး။ ရူးနေသလား မသိဘူး။ ကြောင်တောင်တောင်နဲ့၊ ရုပ်ကိုက...
ဟုတ်တယ်။ သူနဲ့ ဘာဆိုင်လဲ
စသည်ဖြင့် မကျေမနပ် ဖြစ်ကာ ပြောနေသဖြင့် ကျွန်တော်မှာ ရထားသည့် နေရာကို
ထားကာထွက်ပြေးဖို့ အထိ စဉ်းစား မိခဲ့ရဖူးသည်။
တကယ်တော့ မနက်က တွေ့ရသော ရယ်စရာကို မနက်မှာ ရယ်လိုက်ခြင်းသည် အကောင်းဆုံးသာဖြစ်ပါသည်။ သို့မဟုတ် လူများကိုသာ ရယ်ချင်ပြီး ကိုယ်တိုင် အရယ်ခံရမှာကို ရှက်တတ်လျှင် လုံခြုံစိတ်ချရသော အိမ်ခန်းထဲ ရောက်မှ ပြန်တွေးကာ အရယ် စားမြုံ့ ပြန်သင့်သည်။ အဲဒါမှ
မဟုတ်လျှင်တော့ကျွန်တော် မေးသည့် အခါတွင် ဘာမှ ရှက်နေစရာ မလိုဘဲ သူမ တွေ့ခဲ့သော မနက်က ရယ်စရာကိုပြန်ပြောကာ ကျွန်တော် နှင့်အတူ အားရပါးရ ရယ်လိုက်ဖို့ ကောင်းသည်။
အခုတော့ ဘာမှန်းမသိဘဲ သူနှင့် ကျွန်တော် တစ်ယောက်နှင့် တစ်ယောက် ရန်သူတွေဖြစ်ကာစိတ်ဆင်းရဲစွာ ဖြစ် ကားစီး လာကြရ၏။ထိုအဖြစ်ကို အခုထိ ကျွန်တော် မှတ်မိ နေမိသည်။ ထို ရယ်စရာ ကို
စားမြုံ့ပြန်သည့် ကျောင်းသူနှင့်ကျွန်တော် ထပ်မဆုံတော့ပါ။ (ဆရာသစ်္စာနီက လူ့လောကသည် ဖတ်ကောင်းအောင် ရေးထားသည့်ဝတ်္ထုဇာတ်လမ်း မဟုတ် ဆိုသည့်စကားကြောင့် မဆုံကြပုံ ပေါ် သည်။)
ထို့ကြောင့် မိန်းကလေးများသည် ရယ်စရာကို တွေ့လျှင် သူငယ်ချင်း တစ်ယောက်ကို တွေ့သလိုတွေ့သည့် နေရာတွင်ပင် ပွင့်လင်း ရိုးသားစွာ ရယ်သင့် ပါသည်။ ရယ်သံကြောင့်
ဣန္ဒြေ သိက်္ခာ ထိခိုက်မသွားနိုင်ပါ။ ရယ်သည့် အခါတွင် လူသည် အလှဆုံး သတ်္တဝါ ဖြစ်သည်။ ။
သဘင်အနုပညာ ဂျာနယ် ၄၇
* * * * *
ဦးငုံးမင်း
* * * * *
ကျွန်တော် လွန်ခဲ့သည့် (၁၀) နှစ်ခန့်က အစိုးရ ဝန်ထမ်း လုပ်ခဲ့ဖူးသည်။ လွယ်လွယ် ကူကူစာရေးဟုပင် ပြောရမည် ဖြစ်သော်လည်း ကျွန်တော်က ရပ်ကွက် စာရေး တစ်ယောက်ပင်
ဖြစ်သည်။ထို့ကြောင့် ကျွန်တော် အလုပ်က တခြားရုံးစာရေးတွေလို မနက်(၈) နာရီ ရှိုးစမိုးနှင့် ထမင်းချိုင့်ကလေးကိုင်ကာ ရုံးသို့ ပြေးရသော စာရေးမျိုး မဟုတ်။ ည(၇)နာရီတွင် ဖွင့်သော ရပ်ကွက် (ရဝတ) ရုံး (ယခု ရယကရုံး )သို့သွားကာ ညရုံးပိတ်ချိန် (၉) နာရီ (၁၀)နာရီခန့်မှ ပြန်ရသော စာရေး ဖြစ်သည်။ကျွန်တော် တာဝန်ကျသည့် ရပ်ကွက်က သင်္ဃန်းကျွန်း
မြို့နယ်အတွင်းရှိ ရန်အောင် ရပ်ကွက်မှာဖြစ်သည်။
ကျွန်တော် တာဝန်ကျသည့် ရန်အောင် ရပ်ကွက်သည် မင်းသား ရန်အောင်လို ခံ့ခံ့ချောချောကြီးမဟုတ်၊ သင်္ဃန်းကျွန်း ဘူတာ နှင့် (၃၉) ကားကြီးဂိတ် နံဘေး နားတွင် ရှိသော ရပ်ကွက် ကလေးသာဖြစ်သည်။ရပ်ကွက် အတွင်းရှိ လူများက ရုံးအလုပ်လုပ်သူ ဦးရေ နည်းနည်း၊ ဘူတာနှင့် ကားဂိတ်တို့၏လူစည်ကားမှုကို အကြောင်းပြုကာ
ရောင်းဝယ် ကြသူတို့သာ များသည်။ ထိုဘူတာ နံဘေးရှိ ဈေးနှင့်သင်္ဃန်းကျွန်းဈေးကြီး ဆက်နေသဖြင့် ဈေးသည် အများစုမှာ ကျွန်တော့် ရပ်ကွက် ကလေးထဲမှာ ရှိကြသည်။လက်လုပ် လက်စား ရောင်းဝယ်စာ ကြသည့် လူများ နေထိုင်သည့် ရပ်ကွက် ဖြစ်သည့် အားလျော်စွာညဘက် ရပ်ကွက်ရုံးခန်းတွင် တက်လာကြသည့် ပြဿနာတွေ ကလည်း မကြားဖူးသည့် ပြဿနာ
မယုံနိုင်စရာပြဿနာများ ဖြစ်သည်။
ဟိုဘက်အိမ်က အုန်းပင် ဒီဘက်အိမ်ထဲ ကိုင်းတဲ့ ပြဿနာ၊ တစ်ခြံတည်းနေကြ ရာမှ ခြံစည်းရုးိ ကိုပိတ်ပစ် လိုက်သဖြင့် တစ်ဖက်အိမ်မှ အိမ်သာသွားလို့မရတဲ့ ပြဿနာ၊ ကလေးချင်း ပြဿနာဖြစ်ပြီးတစ်ဖက်အိမ်မှ ကက်ဆက်သီချင်းကို စောင်းဖွင့်သည့် ပြဿနာ၊ ချီတီစုကြသည့် ပြဿနာ စသည့်ပြဿနာများ၊ ဧည့်စာရင်းတိုင်သူ များ၊ ထောက်ခံစာတောင်း
သူများနှင့် ကျွန်တော့် ရန်အောင်ရပ်ကွက်ရုံးခန်းသည် မီးတထိန်ထိန် အမြဲတမ်းရှိ နေတတ် ပါသည်။
ရပ်ကွက် အတွင်းရှိ ဖြစ်ပေါ်သည့် ပြဿနာများကို ရပ်ကွက်တွင်းမှ လူကြီးများက ပြေလည်အောင်၊ ကျေနပ်အောင် ဖြေရှင်းပေး ကြရ၏။ တစ်ရပ်ကွက်တည်း နေကြသူများ ဖြစ်သဖြင့် တစ်ယောက် အကြောင်းတစ်ယောက်သိကာ တစ်ခါတစ်ရံ
ဖြေရှင်းရလွယ်သော်လည်း တစ်ခါတစ်ရံ အကြောင်း သိနေကြသည့် အတွက်ဖြေရှင်းရခက်သည် များလည်း ရှိပါသည်။ ကျွန်တော် စာရေးလုပ်ခါစက ရပ်ကွက် လူကြီး တစ်ဦးနှင့်ကြုံဖူးသည်။ အသက် (၅၀)ခန့် ရှိပြီး ခပ်ပိန်ပိန်၊ အမြဲ စိုးရိမ် ပူပန် နေတတ်၏။ ရပ်ကွက် လူကြီး စဖြစ်ပြီးတစ်ပတ်လောက် အထိ ပြဿနာ သေးသေးလေးတွေ နှင့်သာ ကြုံ ရသည်။ (၁၀)
ရက်ခန့်လောက်မှာပြဿနာ တစ်ခု တက်သည်။ တက်သည့် ပြဿနာကလည်း အနည်းငယ် ထူးဆန်း၏။
မီးသွေးထည့်ကာ တိုက်ရသော ကြေးမီးပူ ပြဿနာ ဖြစ်သည်။ မီးပူ ငှား၍ တိုက်ပြီး ပြန်အပေးမှာပြဿနာ တက်ကြခြင်း ဖြစ်လေ၏။ မီးပူငှားသူက ပြန်ပေးသော မီးပူသည် သူ့မီးပူ မဟုတ်၊ သူ့မီးပူကအကြီး ဖြစ်ပြီး ပြန်ပေးသော မီးပူက အသေး ဖြစ်နေသည်ဟု
စွပ်စွဲသည်။ ငှားတိုက်သူကလည်းသူငှားကတည်းက ထိုမီးပူပါဟု ပြောသဖြင့် ရုံးခန်းသို့ ရောက်လာကြခြင်း ဖြစ်သည်။ ဘယ်လို ဖြေရှင်းရမှန်းမသိ။ ကျွန်တော်တင် မဟုတ်၊ မဟော်သဓာတို့ ဦးပေါ်ဦးတို့၊ ခိုင်ဖုန်းတရား သူကြီးတို့ ပင်လျှင် ခေါင်းကိုက်နိုင်သော ပြဿနာမျိုး ဖြစ်သည်။ ရပ်ကွက် လူကြီး အသစ်ကို စိန်ခေါ် လိုက်သော ပြဿနာလည်း ဖြစ်သည်။ကျွန်တော်တို့ ရပ်ကွက် လူကြီးက
နှစ်ဖက်စလုံးကို စစ်မေး မေးသည်။ နှစ်ဖက် စလုံးကလည်းအကြီးအသေး သာ တွင်တွင်ပြော၏။ ဒီမှာတင် ကျွန်တော်တို့ ရပ်ကွက် လူကြီးက ပြောသည်။
ဒီလိုရှိတယ်ကွ ဒီကိစ်္စရဲ့ အခြေခံဟာ သစ်္စာတရားပဲ။ သစ်္စာတရား ပျက်တဲ့ အခါ ဒီလို ပြဿနာမျိုးတွေ
တက်နေမှာပဲ။ ကျုပ်တို့ မြတ်စွာဘုရား လေးသင်္ချေနဲ့ ကမ်္ဘာတစ်သိန်း
ပါရမီဖြည့်စဉ်တုန်းက ငုံးမင်း ဘဝ
ရောက်ခဲ့ ဖူးတယ်
ဘုရားဆိုသဖြင့် ပြဿနာ တက်နေကြသူ နှစ်ယောက် စလုံး တော်တော် ငြိမ်သွား ကြသည်။ငုံးမင်းဇာတ်နဲ့ ကြေးမီးပူ အကြီး အသေး၊ ဘယ်လို ဖြေရှင်းပေး မလဲ ဆိုတာ ကျွန်တော် စိတ်ဝင်စားသွား၏။
ဘုရား အလောင်း ငုံးမင်း ရှိတဲ့ တောကြီး မီးလောင်သွားတဲ့ အခါ ငုံးမင်းက သစ်္စာပြုတယ်။ သူ့ကိုမိဘနှစ်ပါးက စွန့်ပစ် သွားတာ မှန်ပါတယ်။
သူ့မှာ ပျံနိုင်တဲ့ အမွေး အတော် မစုံတာလည်း မှန်ပါတယ်။စသဖြင့် ပေါ့ကွာ ငုံးမင်းရဲ့ သစ်္စာတွေပေါ့။ အဲဒီမှာ တောမီးက ငုံးမင်းကို မလောင်ဘဲ ရှောင်သွား သတဲ့
ပြဿနာတက်နေသော နှစ်ဖက် လူတွေမှာလည်း ဘာမှန်းမသိဘဲ အူကြောင်ကြောင်နှင် နားထောင်နေကြရ၏။ သူဘာဆက်ပြောမည်ကိုလည်း ဘယ်သူမှ မသိကြ။ ကျွန်တော်တို့ ရပ်ကွက် လူကြီးက
ခဏနားပြီးကြေးမီးပူကို ကိုင်ကြည့် ပြန်သည်။
ကဲ ဒီတော့... ငါတို့မှာ အဲဒီသစ်္စာကို နမူနာယူ ကြရမယ်။ ငါမေးတဲ့ မေးခွန်းကို အဲဒီ သစ်္စာနဲ့ဖြေ။ကဲ .... မလှသိန်း နင်သူကို ငှားတာ ဒီမီးပူပဲ မဟုတ်လား
မဟုတ်ဘူး လုံးဝမဟုတ်ဘူး၊ ကျွန်မမီးပူကအကြီး ကြေးနှစ်ပိဿာနီးပါးရှိတယ် ဒီအသေး မဟုတ်ဘူး
ဟုတ်ပြီ ..ကဲ.. ဌေးဌေး၊ ငါတို့ သူ့ သစ်္စာကို ယုံရမယ်။ နင်
သူ့ဆီက ငှားတာ ဒီမီးပူ မဟုတ်ဘူးဆိုတာပဲ ပြောတော့
ဘာလို့ မဟုတ်ရမှာလဲ ကျွန်မက သူ့ထက်တောင် ပို သစ်္စာပြလို့ ရသေးတယ်။ တစ်အိမ်သားလုံးxxxxx ပြီး ဒုက်္ခရောက်ရ ပါစေရဲ့။ ဟဲ့.. လှသိန်း နင် မယုတ်မာနဲ့.. အလျော် မပြောနဲ့ ငါ့ ဆီက ခဲတစ်လုံးတောင် မရဘူး မှတ် ...
ငုံးမင်း ဇာတ်လမ်းလည်း ဘာမှ မတတ်နိုင်။ သူတစ်ခွန်း ကိုယ်
တစ်ခွန်းနှင့် စကားထများ ကြသဖြင့်ဆူညံနေပြီးမှ နောက် အဖွဲ့ဝင် တစ်ယောက်က ဒါ ရုံးခန်း၊ ဇရပ် မဟုတ်ဘူး ဘာညာ အော်သဖြင့်တိတ်သွား ကြသည်။ နောက်တော့ ထိုပြဿနာ ပြေလည်သွား ပါသည်။ ငုံးမင်း ဇာတ်ကြောင့်တော့ မဟုတ်၊နောက် အဖွဲ့ဝင် တစ်ယောက်က ပြဿနာ ဖြစ်သော လမ်းထဲမှ အပေါင်ခံသော မိန်းမကို ခေါ်လာက မေးပြီးထို မီးပူ အသေးသာ ဖြစ်ကြောင်း သူ့ဆီမှာ
မကြာခဏပေါင်ဖူး ကြောင်း ထောက်ခံချက်ဖြင့် ပြဿနာပြီးသွားခြင်း ဖြစ်သည်။
သို့သော် ကျွန်တော် နားမလည်။ ကျွန်တော်တို့ လူကြီးက ဘာကြောင့ ် ငုံးမင်း ဇာတ်ကို ခင်းရသလဲဟုမေးကြည့် မိသည်။ မသိဘူးကွ၊ သူ့စိတ်ထဲမှာ ရှိတာ ပြောပြီး ရှင်းတာ နေမှာပေါ့ ဟူသော အဖြေသာ ရ၏။
သို့သော် နောက်ညများတွင် အိမ်ရှင်
အိမ်ငှားရန် ဖြစ်သည့် ကိစ်္စ၊ ဖရဲသီးခိုးသည့် ပြဿနာ၊ ဘူတာဈေးမှ ငါးအလေးခိုး သည့်ကိစ်္စ၊ များလှစွာသော ပြဿနာများ လာသည့်အခါတွင်လည်း ကျွန်တော်တို့ လူကြီး က ငုံးမင်း ကလေးဟာ ဟု အစချီပြီး ပြဿနာ မရှင်းခင်ငုံးမင်းဇာတ်ကို ဟောလေ့ ရှိသည်။ ငုံးမင်းလို သစ်္စာရှိရမည်။ ငုံးမင်း စကားကို တန်ဖိုးထား ရမည် စသဖြင့်ပြောလေ့ ရှိ၏။
ကျွန်တော်တို့ ပထမ အံ့သြ ကြသည်။ နောက်တော့ သူ ပြဿနာ ရှင်းလျှင် ထိုအသံကိုကြားရဖန် များလာ သဖြင့် ထုံးစံ အတိုင်း ကျွန်တော်တို့ လူကြီး နာမည် ဦးငုံးမင်း ဖြစ်သွား၏။ သူ့ငုံးမင်းဇာတ်ကိုလည်း တစ်ရပ်ကွက်လုံး အလွတ် ရကာ သိနေကြပြီ ဖြစ်သည်။
တစ်ကြိမ်တော့ ကျွန်တော်တို့ ရပ်ကွက်က မြို့နယ်မှ ကျင်းပသော ဥက်္ကဋ္ဌ ဖလားဒိုင်း အတွက် ဘောလုံးဝင်ကန်
ရမည်။ အသင်း ရန်ပုေံ ငွ အတွက် ရပ်ကွက် အတွင်းတွင် ရှိသော လုပ်ငန်းရှင် များအား အလှူငွေကောက်ခံသည်။ ဖိတ်စာဖြင့် ဖိတ်ကာ ရုံးတွင် အောင်နိုင်ရေး အသင်းဖွဲ့ ကြခြင်းလည်း ဖြစ်၏။ အလှူငွေများကောက်ခံပြီး ဘောလုံးသမား များအတွက် အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ် ဝယ်ရန် တိုင်ပင်ပြီး အစည်းအဝေးသိမ်းရန် အတွက် ဦးငုံးမင်းက
စကား နောက်ဆုံး ပြောရသည်။ ဦးငုံးမင်းက မတ်တတ် ရပ်ကာလုပ်ငန်းရှင်များနှင့် ဘောလုံး သမားများကို ကြည့်၍ ခဏ စဉ်းစားသည်။
ကျွန်တော် ရယ်ချင် သဖြင့် ခေါင်းငုံ့ ထားလိုက်သည်။ ဘောလုံး နှင့် လိုက်ဖက်သောဇာတ် ၅၅၀နိပါတ်တော် ထဲမှာ ရှာနေလား မသိဘူးဟု တွေးမိ သောကြောင့် ဖြစ်၏။ သို့သော်....
ကျွန်တော်တို့ မြတ်စွာ ဘုရား ငုံးမင်း ဘဝ
တုန်းက...
ကျွန်တော် မျက်လုံး ပြူးသွားသည်။ ကျန်လူကြီးများ ကလည်း မျက်နှာပျက် ကုန်ကြသည်။ ဘောလုံးနှင့်ငုံးမင်း..။ အဲဒီမှာ မနေနိုင် တော့တဲ့ လူကြီး တစ်ယောက်က ဟေ့လူ ဘာဆိုင် လို့လဲဗျ ဟု ဝင်တားပါသေးသည်။ သို့သော် မရတော့။
ဘုရား အလောင်း ငုံးမင်းဟာ တောမီးကြီး ကို သစ်္စာ ပြုတယ်။ အဲဒီ သစ်္စာတွေ ကြောင့် တောမီးကြီးဟာ
ဘုရား အလောင်းကို ရှောင်ပြီး လောင်ခဲ့ ဖူးတယ်။ အဲဒီတော့ ကျွန်တော်တု့ိ ဘောလုံး အသင်းလည်းဘောလုံး ကစားတဲ့ အခါမှာ သစ်္စာ ရှိရမယ်။ ကိုယ်နဲ့ကန်ရမယ့် တစ်ဖက် အသင်းအပေါ်မှာ သစ်္စာ အပြည့်နဲ့ ကစား ရမယ်
ဟာ... ဟေ့လူ၊ တော်ပါတော့ဗျာ၊ ဘောလုံးနဲ့ ခင်ဗျား ဇာတ်လမ်းနဲ့ ဘာဆိုင်လို့လဲ
သည်းမခံနိုင်သော လူကြီး တစ်ယောက်က ထ၍ ပြောသော်လည်း
ကျွန်တော်တို့ ဦးငုံးမင်းက အပြုံးမပျက်ဘဲ ပြန်ပြော ခဲ့သည်။
ဆိုင်တာပေါ့ဗျာ အဲဒီလို သစ်္စာ အပြည့်နဲ့ ကစားရင် ငုံးမင်းလို တောမီး မလောင်ဘဲ ကွင်းသွားသလို ကျွန်တော်တို့ ရပ်ကွက်က လူငယ် တွေရဲ့ ခြေထောက်ထဲက ဘောလုံးကို တခြားဘက်က မလုနိုင်ဘဲ ကွင်းသွားကြ မှာပေါ့ ။ ။
ဘဘင်အနုပညာ ဂျာနယ် ၄၈
* * * * *
ကျွန်တော်တို့ ပတ်ဝန်းကျင်က နာမည်များ
* * * * *
ကျွန်တော်တို့ ဆွေမျိုးများထဲတွင် နာမည်နှင့် ပတ်သတ်၍ အကြီး အကျယ် ပြဿနာ တက်ခဲ့ရဖူးသောဖြစ်ရပ် တစ်ခု ရှိခဲ့ဖူးသည်။ ကျွန်တော် အမေ ဘက်မှ အမေကြီး ဒေါ်ကောက်၏ မောင်၊ ကျွန်တော့်အဘကလေး၏ သား အကြီးဆုံး မွေးခဲ့စဉ်က ဖြစ်သည်။
ထိုခေတ် ထိုအခါက မြန်မာ့ ရုပ်ရှင် လောကတွင် မင်းသားကြီး
မြင့်အောင်မှာ နာမည် အင်မတန်ကြီး နေချိန်လည်း ဖြစ်ပါသည်။ ထို မင်းသားကြီး ဦးမြင့်အောင်ကို ကျွန်တော်တို့ နတ်စင်ဘောက်ထော် ရွာသားများအရူးအမူး နှစ်သက်ကြ၊ ကြိုက်ကြသည်။ ကျွန်တော့် ဒေါ်လေးများမှ အစ တစ်ရွာလုံး အပျိုတွေသည်းသည်းလှုပ် မြင့်အောင် ဖြစ်နေကြချိန်ပင် ဖြစ်သည်။ ရုပ်ရှင် မင်းသားကြီး ဦးမြင့်အောင်က
သာဓုခြံတွင်လာရောက် ရုပ်ရှင် ရိုက်ကြသည့်အခါ ကျွန်တော့် အဒေါ်တွေ ခြံအပြင်က သွားချောင်းကြည့်ကြရင်း ထမင်းတွေ၊ဘာတွေပင် ငတ်ဖူး သည့်အထိ ဖြစ်သည်။
ထိုခေတ် ထိုအချိန်က ရုပ်ရှင် မင်းသား၊ မင်းသမီး အပြိုင်နည်း ကြသဖြင့ ် တစ်ဦးတည်းနှစ်ဦးတည်းသော မင်းသား မင်းသမီး များ အပေါ် သူတို့ မြတ်နိုး ချစ်ခင်ပုံ အထင်ကြီး
လေးစားပုံကဒီနေ့ခေတ် ထက် ပိုဆိုးမည် ဟု ထင်ပါသည်။
ပြဿနာက ကျွန်တော့် အဘကလေး၏ သားဖြစ်သူက ကြာသပတေးနေ့တွင် မွေးသည်။ တစ်မျိုးလုံး၊ တစ်ဆွေလုံး ပျော်လိုက် ကြသည့်ဖြစ်ခြင်း၊ ပျော်ရခြင်းက မြေးကလေး၊ သားကလေး၊ မောင်ကလေး ရသည်ကတစ်မျိုး၊ ထိုမြေးကလေး၊ သားကလေး၊ မောင်ကလေးသည် ကြာသပတေးနေ့မှာ မွေးသည်က
တစ်မျိုးကြောင့်ဖြစ်၏။
အားလုံး သဘော တူညီချက်အရ (ဗေဒင် ဆရာ မပါ) ထို ကလေးကို မြင့်အောင် ဟု နာမည်မှည့်ကြခြင်းပင် ဖြစ်သည်။ သောကြာနေ့က စ၍ မြင့်အောင် မြင့်အောင် နှင့် ထိုကလေးကို မိုးမွှန်အောင် ခေါ်ကြ၏။ထိုနာမည် ပေးကြောင်း ပြောကြ ကြွားကြ၏။
ထိုမှာပင် ပြဿနာက စလေသည်။
ကျွန်တော် တို့ ခြံနှင့် သုံးခြံလောက် အကွာ တိုက်အိမ်ကြီးမှ
ချမ်းသာသော မိသားစု ကလည်းကျွန်တော့် အဘကလေး၏ သားထက် တစ်ပတ် စောမွေးသော သူတို့ မြေးကလေး ကြာသပတေးသားကိုမြင့်အောင်ဟုပင် နာမည် ပေးထားကြသည်။ ကျွန်တော်တို့က ထို နာမည် ပေးကြောင်းကို သိကြ သောအခါသူတို့ဘက်က စကားသံ ထွက်လာသည်။ သူတို့က အရင် ပေးတာ ဖြစ်ကြောင်း၊ ထိုကြောင့် သူတို့ကိုလိုက်တုကာ နောက်မှ ပေးတာ
မခံနိုင်ကြောင်း၊ ပြောင်းပေး စေချင် ကြောင်းပင် ဖြစ်သည်။ဒီမှာပင် ကျွန်တော်တို့ဘက်က လည်း မလျှော့ကြ။
သူတို့ ထိုနာမည် ပေးထားတာ မသိကြောင်း၊ မြင့်အောင်ကို ကြိုက်၍ မြင့်အောင် ပေးထားကြောင်း၊ပြောင်းမပေး နိုင်ကြောင်းပင် ဖြစ်သည်။ နောက်တစ်ချက်က ကျွန်တော်တို့ ဆွေမျိုး အသိုင်းအဝိုင်းထက်ဟိုတစ်ဖက်က ပို၍ ငွေကြေး ပြည့်စုံကာ ဂုဏ်ရှိ ကြသည်။
ထိုအချက်ကို အကြောင်းပြုကာ သူတို့ကသူတို့မြေး၊ သူတို့သားနှင့် ကျွန်တော်တို့ ကလေးကို နာမည် အတူမခံနိုင်ကြောင်း ပြောကြ၏။ သူတို့ဘက်မှအဒေါ် တစ်ယောက်က အိမ်ကို လာကာ ထိုကိစ်္စကို တစ်ဆင့် စကားနှင့် မဟုတ်ဘဲ တရားဝင် ပြောသည်။သူတို့က ရက်ဦးကြောင်း၊ နောက်ဆုတ် ပေးစေချင်ကြောင်း၊ သူတို့က သူတို့ တူကို အကျွေးအမွေးနှင့် နာမည်ပေးမှာ
ဖြစ်ကြောင်းတွေ ပါသည်။
ဒီဘက် ကလည်း မခံနိုင်၊ သူတို့က ငွေရှိတာနဲ့ တို့က ပြောင်းရမလား၊ သူတို့လိုပဲ တို့လည်း တို့တူကိုအကျွေးအမွေး နှင့် ကင်ပွန်းတပ် မှာပေါ့ ဖြစ်လာ ကြသည်။ အဒေါ်တွေ၊ အဒေါ်တွေ ညီမ တွေချင်းတွေ့လျှင် ခနဲ့ကြ၊ စောင်းကြ၊ မြောင်းကြ ဖြစ်လာ ကြသည်။ ထိုကိစ်္စသည် ဘကြီး၊ ဘထွေး အထိ
ခေါင်းခဲလာကြ၏။ လူကြီးတွေ အေးစေလို၍ ပြောင်းပေးရန် နားချ သော်လည်း မာန်ရှိသော လူငယ်တွေက စကားတွေအလွန်အကျွံ ပြောထား ကြပြီ ဖြစ်သဖြင့ ် မရတော့ပြီ။ မြင့်အောင် မှ မြင့်အောင်ပဲ တစ်ပြားမှ မလျှော့နိုင်ကြ။နောက်ဆုံး တစ်ဖက်နှင့် တစ်ဖက် စောင်းမြောင်းသည် အထိမှ တရားဝင် စကားများ ကြသည်။ နာမည်နှင့်မဆိုင်သော အခြား နိုင်ကွက် ပိုင်ကွက်
များကို ပြောကြပြီ။ တဲအိမ် နဲ့နေပြီး မြင့်အောင် မှည့်တော့ ဘာဖြစ်မှာမို့လဲ၊ ဟိုမင်းသား မြင့်အောင်သာ ကြားရင် စိန်စားသေမှာ။ ဟေ့ တို့ မြင့်အောင်က ရိုးးသားတဲ့ မြင့်အောင်ကွ။ ဂေါပကမြေး မြင့်အောင် မဟုတ်ဘူး။
ဟိုဘက်က ဂေါပကလုပ်သူ ဘကြီးလည်း မနေရ၊ ဒီဘက်က နားနည်းနည်း လေးသူ အဘကလေးလည်း
မနေရတွေ ဖြစ်ကုန်။ နိုင်ရာဆိုင်ရာ လူတွေ ကျိတ်တား ကြသော်လည်း မရတော့။ မြင့်အောင် နာမည်လုပွဲကြီး ဆင်နွှဲကာ အဒေါ်လုပ်သူတွေ နပန်းလုံးကာ ကုတ်ကြ ဖဲ့ကြသည်။ ညီမဖြစ်သူတွေ ဆံပင်ဆွဲကာ ဆော်ကြ တီးကြ ဖြစ်ကုန် ကြသည်။
ဘေးက အမှန် အတိုင်း ဖြစ်စေချင် ကြသူတွေလည်း အုပ်စုကွဲ ကုန်ကြ၏။ကိုယ့်ဘက်က စောတာပဲ
ဘာဖြစ်လို့ ပြောင်းရမှာလဲ၊ သက်သက် ခွတိုက်တာ၊ မပြောင်းနဲ့ ဆိုသူတွေကဟိုဘက် တိုက်ကို သွားကြပြီး ပိုက်ဆံရှိရင် ရွှေပဲဝယ်လို့ ရမယ်၊ နာမည်ဝယ်လို့ ရမလား၊ ဒါသက်သက်တင်စီးတာ၊ ငါ့မိန်းမတောင် မမွေးသေးလို့ မွေးရင် ဘာနေ့သားပဲ ဖြစ်ဖြစ် မြင့်အောင်လို့ ထပ်ပေးလိုက်ချင်သေး မပြောင်းနဲ့ ဆိုသူတွေကလည်း
ကျွန်တော်တို့ ခြံဘက်ကို လာကြ၏။
နောက်ဆုံး မြင့်အောင်အရေး မြင့်အောင် ဘေးက ဆရာတော် ဘုရားထံ ရောက်သွား၏။ ဆရာတော်ကနှစ်ဖက် ဆွေမျိုးတွေခေါ် ၊ ရှေ့တွင် မေးကာ အဆုံးအဖြတ် ပေးသည်။ အရင်မွေး၍ အရင်ပေး သူက နာမည်ယူကာ နောက်မွေး သူက နာမည် ပြောင်းစေ။
ကျွန်တော့် ဒေါ်လေးတွေ မျက်ရည်ကျကာ နှပ်ညှစ် ကြသည်။ရွာဦး ဆရာတော် ဆိုတော့
ဘာမှလည်း စောဒက မတက်နိုင်ကြ၊ လိုက်နာဖို့ပဲ ရှိသည်။ မြင့်အောင်ကိုပိုင်သွား သူက ဆရာတော်နှင့် သံဃာတော် ငါးပါး ပင့်ကာ နာမည်ပေး ကင်ပွန်းတပ်သည်။
ကျွန်တော်တို့ ဘက်ကလည်း ဆရာတော် ဆုံးဖြတ် သလိုနာမည်ပြောင်း ပါသည်။ သို့သော် ပြောင်းသည့်နာမည်က အောင်မြင့် ဖြစ်၏။ ထိုထက်တော့ မလျှော့နိုင်။ တစ်ဖက် ကလည်း မြင့်မအောင်ရင် ပြီးရော၊သူ့ဘာသာ ဘာပဲမြင့်မြင့်။
မင်းသားကြီး ဦးမြင့်အောင် ကတော့ ဘာမှ သိလိမ့်မည် မထင်ပါ။သို့နှင့် ကြီးလာကြတော့ ထိုမြင့်အောင် နှင့် အောင်မြင့်သည် ရွယ်တူ ယောက်ျားလေးတွေ ဖြစ်လာကာအတူတူ ကစားကြသည်။ ဆော့ကြသည်။ ထိုအထိ လူကြီးတွေက မခေါ်နိုင် မပြောနိုင် ရှိကြသည်။ ယခုထက်ထိလည်း ထိုမြင့်အောင်နှင့် အောင်မြင့် သက်ရှိ ထင်ရှား
ရှိနေပါ သေးသည်။
ကျွန်တော့် ဦးလေး အရှုံးသမား ကိုအောင်မြင့်က ရေဖြူမြို့နယ်သူ နှင့် အိမ်ထောင်ကျကာ ထို အရပ်မှာ ရှိလေသည်။ အနိုင်ရသူ မြင့်အောင် ကတော့ ဘယ်မှာလဲ ကျွန်တော် မသိ။ (၃-၄-၂၀၀၀) ရက်နေ့က စာရေးဆရာကျော် တာရာမင်းဝေ၏ ဇနီး မနော်ဟရီက သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ကြောင်း သိရသည်။ ကလေးကို သွားကြည့်တော့ နီတာရဲကလေး
ဖြစ်သည်။ သို့သော် မည်သည့် ကလေးမဆို မွေးလာလျှင် နီတာရဲကလေး ဖြစ်သဖြင့် ထိုနာမည်ကို စကားလုံး အရှာ တော်သော တာရာမင်းေ၀ ယူလိမ့်မည်ဟု ကျွန်တော် မထင်ပါ။
သူ ဘာနာမည် ကင်ပွန်းတပ်မလဲ။ ကျွန်တော် စိတ်ဝင်တစား သိချင်နေပါသည် ခင်ဗျား။ ။
သဘင်အနုပညာ ဂျာနယ် ၆၇
* * * * *
ဆိုက်ကား
ဆိုက်ကား
* * * * *
ဒီတစ်ကြိမ်တွင် ကျွန်တော်တို့ ရပ်ကွက် ကလေးတွင် အားကစားပွဲများ ကျင်းပရန် အတွက် ရပ်ကွက် ရုံးခန်းတွင် လူစည်ကားလျက် ရှိ၏။ ဇန်နဝါရီလ (၄) ရက် နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုကာ အားကစားပွဲများ ကျင်းပခြင်း ဖြစ်သည်။ လမ်းအလိုက် ပါဝင်ယှဉ်ပြိုင်လို သူများက စာရင်းပေး၊ဆိုက်ကား ပေါ်တွင် လော်စပီကာတင်ကာ
ဘယ်အားကစားကို ဘယ်နေ့ ဘယ်သူ့ထံတွင် စာရင်းပေးသွင်းရန်ဟုနှိုးဆော်သူက နှိုးဆော်၊ ရပ်ကွက်၏ ဘောလုံးကွင်းတွင် မီးချောင်းတိုင်များ ထွန်းကာ မြေညှိကွင်းရှင်း၊ချိုင့်ဖို့ကြနှင့် ဆောင်းတွင်း ချမ်းချမ်းစီးစီး မှာ ပျော်စရာကို ဖြစ်နေကြ၏။ ထုံးစံအတိုင်း တစ်ရပ်ကွက်လုံးကကလေးတွေလည်း ခုန်ပေါက် အော်ဟစ် မြူးထူးကာ နေကြသည်။
ကျွန်တော့် ရပ်ကွက် ကလေးက အားကစားနည်း
တော်တော်စုံစုံ ထည့်သွင်း ထား၏။ ကလေးများအတွက် မုန့်စားပြေးပွဲ၊ နှစ်ယောက်ပေါင်း ခြေသုံးချောင်း ပြေးပွဲ၊ အင်္ကျီဝတ်ပြေး ပြိုင်ပွဲ၊ ချောတိုင်တက်၊ခေါင်းအုံးရိုက်၊ အနည်းငယ် အသက်အရွယ်ရှိ အပျိုလူပျို များအတွက် ထုပ်စီးထိုး၊ ဘောလုံးကန်၊ လွန်ဆွဲပွဲ၊လူလတ်ပိုင်း အတွက် ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ ဘောလုံးကန်နှင့် အပြေးပြိုင်ပွဲတို့
ဖြစ်ကြသည်။ဒီနှစ်တွင် ပြိုင်ပွဲ များစွာ ရှိသည့်အနက် ပရိသတ် စိတ်အဝင်စားဆုံး ပြိုင်ပွဲမှာ ဇန်နဝါရီလ (၄) ရက်နေ့မနက်တွင် ကျင်းပမည့် တာဝေး အပြေးပြိုင်ပွဲသာ ဖြစ်ပါသည်။
ထိုတာဝေး အပြေးပြိုင်ပွဲကို စိတ်ဝင်စားကြ၊ အာရုံထား ကြခြင်း မှာလည်း ဇာတ်လမ်းကလေး တစ်ခုရှိ၏။ ကျွန်တော်တို့ ရပ်ကွက်ထဲတွင် ဆိုက်ကား ဟု အမည် ရသော လူငယ်
တစ်ယောက် ရှိသည်။အသက် (၂၅) နှစ်ခန့် ရှိပြီး သူ့ကို ဆိုက်ကားဟု ခေါ်ကြခြင်းမှာ အသက် ဆယ့်လေးနှစ် ကတည်းကကျောင်းမနေ တော့ဘဲ ဆိုက်ကားထွက် နင်းသဖြင့် သူ့သူငယ်ချင်းများက ဆိုက်ကားဟု နောက်ခေါ်ရာမှဆိုက်ကား ဟု အမည်တွင် သွားခြင်း ဖြစ်သည်။
ဆိုက်ကားမှာ အရပ် ငါးပေခြောက် လက်မခန့် ရှိသည်။ ကိုယ်လုံး ကိုယ်ပေါက်မှာ
သာမန်ဖြစ်သော်လည်း ထူးခြားချက်မှာ ခြေသလုံးက တောင့်တင်းပြီး ကြွက်သား အမြှောင်းမြှောင်း ထနေ၏။ ငယ်စဉ်ကတည်းက ဆိုက်ကား နင်းသည့် အတွက် ခြေသလုးံ ကြွက်သားများ အားကောင်းခြင်း ဖြစ်သည်။ဒီနှစ် မိုးရာသီခန့်က ဆိုက်ကားသည် တခြား ရပ်ကွက်မှ ပြည်နယ်နှင့်တိုင်း အပြေး သမား တစ်ဦးနှင့်လက်ဖက်ရည်ဆိုင်တွင် စကား ပြောကြရာမှ စိန်ခေါ် အပြေး ပြိုင်ပွဲ
တစ်ခုကို စတင်ခဲ့သည်။ ဆိုက်ကားသည်တစ်ကြိမ်မှ အပြေးပြိုင်ခဲ့ခြင်း မရှိသော်လည်း ငယ်စဉ် ကတည်းက ဆိုက်ကားနင်း ခဲ့သော သူ့ခြေထောက်များကို သူယုံကြည်သည်။ တစ်ဖက်က လူငယ် ကတော့ အပြေးသမား လုံးလုံး ဖြစ်၏။
စိန်ခေါ်ကြသော အပြေးပြိုင်ပဲကွ ို ကျွန်တော့် ရပ်ကွက်မှ လူငယ်တိုင်း အတော် စိတ်ဝင်စား ကြသည်။တချို့က အလေ့အကျင့် မရှိသဖြင့် ဆိုက်ကား မလွယ်ဟု
ထင်သူများ ရှိကြသလို ဆိုက်ကား အပေါ်ယုံကြည်သူများလည်း ရှိကြ၏။ ရပ်ကွက်ချင်း မတူညီ ကြသဖြင့ ် သူ့ ရပ်ကွက် ကိုယ့်ရပ်ကွက် ဟူသောအစွဲဖြင့် ဆိုက်ကား နိုင်ရမည်ဟု အားပေးကာ လောင်းကြေးကို ထပ်ထည့် သူတွေလည်း ရှိကြသည်။ ဒီလိုနှင့်မနက်(၅) နာရီ စသော သူတို့ ပြိုင်ပွဲ ကို ကျွန်တော့် ရပ်ကွက်မှ လူ(၅၀)လောက်
သွားကြည့် ကြသည်။
ဘီအိုစီထိပ်မှ တပ်ရင်း (၃) အထိ သူတို့ အသွားအပြန် အပြေးပြိုင် ကြသည်။ ထိုပွဲတွင် ဘာကြောင့်မှန်းမသိ၊ ဆိုက်ကား နိုင်ခဲ့သည်။ အပြတ်အသတ် တော့ မဟုတ်၊ ဓာတ်တိုင် (၂) တိုင်လောက် စောပြီး ပန်းဝင်ခဲ့၏။ အပြန်မှာ လူငယ်တွေက ဆိုက်ကားကို ထမ်းပိုးကာ ပြန်လာ ကြသည်။ တစ်သက်လုံး
ဘယ်သူမှအရေးမလုပ် ခဲ့သော ဆိုက်ကားလည်း Hero ဖြစ်သွားသည်။
အခု ကျွန်တော်တို့ အားကစား ပြိုင်ပွဲတွင် အပြေးပြိုင်ပွဲလည်း ပါသည်။ ဆိုက်ကားနှင့် တစ်ကြိမ်ပြိုင်ခဲ့ဖူးသည့် လူငယ်၏ မိသားစုက အကြောင်းကြောင်း ကြောင့် ကျွန်တော်တို့ ရပ်ကွက်ထဲ ပြောင်းလာ သဖြင့်ရန်သူဟောင်း နှစ်ဦး မီးကုန် ယမ်းကုန် နွှဲကာ ရာဇဝင်ကြွေး ဆပ်ရမည့် အဖြစ်
အပြေးပြိုင်ပွဲကိုတစ်ရပ်ကွက်လုံးက စိတ်ဝင်စား ကြခြင်း လည်း ဖြစ်သည်။
အားကစား သမား လူငယ်ကို သူ့ဖခင်က ဆိုင်ကယ်ဖြင့် လိုက်ကာ အချိန်မှတ် နာရီနှင့် ညနေတိုင်းအပြေး ကျင့်သည်ကို တွေ့ရသလို ဆိုက်ကားလည်း ဆိုက်ကား စောစောစီးစီး သိမ်းပြီး ညနေတိုင်း အပြေးလေ့ကျင့် သည်တဲ့။ တစ်ရပ်ကွက် လုံးက ရပ်ကွက်ခံ
ဆိုက်ကားကိုသာ အားပေး ကြသည်။ တစ်ကြိမ်မလေ့ကျင့်ဘဲ နိုင်ထား သဖြင့် ဒီ တစ်ကြိမ်လည်း ဆိုက်ကားပဲ နိုင်လိမ့်မည်ဟု ထင်ကြ တွက်ကြသည်။
ဒီလိုနှင့် ဇန်နဝါရီလ (၃) ရက် ညကို ရောက်သည်။
ရပ်ကွက် ပြိုင်ပွဲများ ဖြစ်သော ပိုက်ကျော်ခြင်း၊ ထုပ်စီးတိုးနှင့် ဘောလုံး ပြိုင်ပွဲ များ၏ Final လည်းဖြစ်သည်။ သူ့လမ်း ကိုယ်လမ်း အနိုင်မခံ အပြိုင်ကြဲ ကြသော
ပွဲကောင်းများ ဖြစ်သဖြင့် ကျွန်တော်တို့ရပ်ကွက် အတွင်းမှပင် မဟုတ်။ တခြား ရပ်ကွက်များ မှလည်း လာကြည့် ကြသဖြင့် ကွင်းလျှံကာ သွား၏။ကစားနည်း (၃)မျိုး စလုံး ပြဿနာ အနည်းငယ်စီ တက်ကြသဖြင့် ရပ်ကွက် လူကြီးများ ပွဲတော်တော်လေးထိန်းသိမ်း ကြရသည်။ အသံတွေဝင်၊ ရှင်းရတာမောနှင့် ည (၂) နာရီခဲ ွ လောက်မှာ ပြိုင်ပွဲ အားလုံး
ပြီးစီးသွားသည်။
(၄)နာရီတွင် တာဝေးပြိုင်ပွဲ စမည် ဖြစ်သဖြင့် အိပ်၍လည်း မထူး တော့ပြီ။ နှင်းစ ဖွဲဖွဲမှာ မီးဖို၊ ကောက်ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ် စားကာ စကားပြော ကြသည်။ ပြောကြသည့် စကားက ဆိုက်ကားအကြောင်း ၊ အပြေး ချန်ပီယံမှာလည်း ကျွန်တော့် ရပ်ကွက်ကို ပြောင်းလာပြီး တစ်ရပ်ကွက် သားချင်းဖြစ်သွား သော်လည်း ငယ်မွေး ခြံပေါက်
ဆိုက်ကားကိုသာ ပို၍ အားပေး ကြသည်။ဥက်္ကဋ္ဌက အဆိုးဆုံး၊ ဒီပွဲမှာ ဆိုက်ကားပဲ နိုင်ရမည်ဟု တက်ကြွ ယုံကြည်စွာ ဆိုသည်။ မနက်(၄)နာရီမှာ စက်ဘီး ဆိုင်ကယ် ကားများ ဖြင့် အပြေးသမား များကို လိုက်စောင့်ရှောက်ကာ တာလွှတ်လိုက်သည်။ ရပ်ကွက် လူကြီး တော်တော် များများ ပါသွားကြပြီး ကျွန်တော်၊ ဥက်္ကဋ္ဌ နှင့် လူကြီး
(၂)ဦးခန့်သာ ကျန်ခဲ့သည်။
ဥက်္ကဋ္ဌက ဒီပွဲတွင် ဆိုက်ကား နိုင်ခဲ့လျှင် မြို့နယ် အဆင့်သို့ ဝင်ပြိုင် ခိုင်းမည်။ ထို့နောက် တိုင်း၊ထို့နောက် ဆိုက်ကားသည် လက်ရွေးစင် အပြေး ချန်ပီယံ၊ စကား ပြောရင် အရုဏ်ပျို့ လာ၏။နှင်းများလည်း သိပ်သိပ် သည်းသည်း ကျသဖြင့် နေရာတိုင်း ေ၀ဝါး နေကြသည်။ မိုးသောက်
အချိန်၏အားပေးမှုကြောင့် တစ်ညလုံး မအိပ်ခဲ့ရသော ကျွန်တော် တို့လည်း ငိုက်စ ပြုသည်။ ပန်းဝင်ရန် အချိန်လည်းနီးနေပြီ ဖြစ်၏။
ထိုအချိန်တွင်...
ဆိုက်ကား... ဆိုက်ကားဗျို့...ဆိုက်ကား
အော်သံ နက်ကြီးကြောင့် ငိုက်နေသော ဥက်္ကဋ္ဌ ကုလားထိုင်မှ လူးလဲ ထသည်။
ဟာ... ဆိုက်ကားတဲ့၊ ဆိုက်ကား ပန်းဝင် လာပြီကွ၊ တွေ့လား၊
ငါမပြောလား၊ ဆိုက်ကား..
ဆိုက်ကား..ဆိုက်ကား
ဆိုက်ကားဟု အော်လာသူက ကျွန်တော်တို့ ရှေ့သို့ နှင်းထုထဲမှ ဝုန်းခနဲ ပြေးဝင် လာသည်။ ဥက်္ကဋ္ဌ
ဆီးပွေ့ကာ ဖမ်း၏။
ဆိုက်ကား၊ မင်းချက်ချင်း မရပ်နဲ့၊ ခုန်ပေါက် နေလိုက်၊ ခုန်နေလိုက်
ဟာ... ဘာလို့ ခုန်ရမှာလဲဗျ
တယ်... ဒီကောင် အမောဆို့
သွားလိမ့်မယ်၊ ခုန်ဆိုခုန်
ဟာ... ဥက်္ကဋ္ဌ ဘာတွေ ပြောနေတာလဲ၊ ကျွန်တော့် ဆိုက်ကား လူခိုး သွားပြီ။ အဲဒါ လာပြောတာ၊ ခုလေးတင်ပဲ လုပ်ပါဦး
သူ့စကားကြောင့် သေသေချာချာ ကြည့်တော့ ပြေးဝင်လာသူက ဆိုက်ကား မဟုတ်၊ ရပ်ကွက်ထဲမှဆိုက်ကား ထောင်စားသူသာ ဖြစ်၏။ ဥက်္ကဋ္ဌက ရှက်ကာ ကြောင်သွား၏။
ခွီးပဲ အဲဒါ မင်းက ဘာဖြစ်လို့ ဆိုက်ကားလို့
အော်ရတာလဲ
ကျွန်တော့် ဆိုက်ကား ပါသွားတာ ဘယ်လို အော်ရမလဲ၊ ခုပဲ ခိုးသွားတာ
ဘယ်ဘက်ပြေးတာလဲကွ
ဥက်္ကဋ္ဌ အိပ်ချင် မူးတူး ဓါတ်မီး ဆွဲကာ ထွက်၏။ ကျန်လူကြီးများလည်း ပြေးလိုက် ကြသည်။ကျွန်တော် တစ်ယောက်တည်း ရုံးခန်းတွင် အိပ်ချင်မူးတူး ကျန်ခဲ့၏။
မကြာမီ ပန်းဝင် လာကြသည်။
ထိုပွဲတွင် ဆိုက်ကား ပထမ
မရပါ။ နံပါတ် (၁၈) သာ ချိတ်၏။ ။
သဘင်အနုပညာ ဂျာနယ် ၅၀
* * * * *
စိတ်တိုင်းကျချင်သူ
* * * * *
ကျွန်တော့်တွင် အတော် လက်ပေါက်ကပ်၍ ပစိပစပ် များကာ အင်မတန် သိက်္ခာကြီးချင်၊ ရှိချင်သောအဒေါ် တစ်ယောက် ရှိသည်။ ထို ကျွန်တော့် အဒေါ်မှာ ဆွေမျိုးများနှင့် သိပ့်မတည့်တက်။ သူ့သိက်္ခာ၊သူ့မာနကို လွန်စွာ ရှေ့တန်းတင် တတ်သောကြောင့်
ဖြစ်သည်။ ကျွန်တော်တို့ ဆွေမျိုးတွေမှာ ပညာတတ်သူအတော် နည်းပါးသည်။ ထို အဒေါ် ကတော့ သူ့ခေတ် သူ့အခါက High School Final အောင်ကာအလုပ်စဝင် ခဲ့သဖြင့် အရာရှိငယ် တစ်ယောက် ဖြစ်ခဲ့သည်။ သူ့ခင်ပွန်း ကလည်း သူ့ထက် အဆင့်တစ်ဆင့်မြင့်သူ အရာရှိတစ်ဦး ဖြစ်၏။
သူ့ဂုဏ် သူ့မာန်သည် ကျွန်တော်တို့ထဲ တွင်တော့ အတော့်ကို
အဆင်ပြေကာ မာနထား၍ ရသလို ဖြစ်နေသည်။ ထိုအဒေါ်၏ ပင်ကိုယ်ဗီဇလည်း အရာရာကို အကောင်း မမြင်တတ်၊ သူ့စိတ်တိုင်းကျရန် ဆိုသည်မှာ အတော်ခက်သည်။ ပြဿနာတစ်ခု ဖြစ်သည်နှင့် သူအမှန် သူအကောင်းသာ စာလုံး ပေါင်းတတ်သည်။ အိမ်နှင့် ဆွေမျိုးထဲတွင် သူ့ အကြောင်းကို ငယ်စဉ် ကတည်းက သိထား ကြသဖြင့်ခွင့်လွှတ် နားလည် ပေးကြသည်။
သူ့ ရုံးတွင်လည်း အရာရှိ တစ်ယောက် ဖြစ်သဖြင့် နားလည် ခွင့်လွှတ်သည်းခံ ကြသူတို့ ရှိလိမ့်မည်။ ဤသို့ဖြင့ ် သူ့ဗီဇသည် ကလေး (၃)ယောက် ရသည်အထိ အလံမလ၊ှဲ ပွဲတိုင်းအိုကေ နေ၏။
သို့သော် သူ့ကို သည်းမခံကာ သူနှင့် လုံးလုံး အဆင်မပြေသော လူတစ်စု ရှိသည်။ ထိုသူများမှာတခြား မဟုတ်။ သူ့အိမ်တွင် ခေါ်ထားသော အိမ်ဖော် များသာ
ဖြစ်၏။ မည်မျှလောက် သည်းခံ တတ်သူ၊အလုပ်ကို သန့်ရှင်း တိကျစွာ ဆောင်ရွက်တတ်သူ မိန်းကလေး ပင်ဖြစ်စေ၊ သူ့သြဇာ၊ သူ့လေသံ၊ သူ့အဟိန်း အဟောက် ဒဏ်ကို မခံနိုင်ကြ။ တစ်လ မပြည့်မီ ပြေးကြသည်က များသည်။ အဒေါ့်သဘောကလည်း ရှင်းသည်။ အလကား ခိုင်းတာ မဟုတ်။ အခကြေးငွေ ပေးခိုင်းတာ၊ သူ ခိုင်းသလို
မလုပ်နိုင်လျှင်သွားကြ ဟူ၍ ဖြစ်သည်။ သူ့ အကူအညီကို ကိုယ်က ယူကာ သူ့အတွက် ငွေကြေး ပြန် ကူညီသည်ဟုအဒေါ် မမြင်နိုင်။ စာနာစိတ်၊ ကိုယ်ချင်း စာစိတ် အတော်နည်းသည့် ကောက်ချက်မျိုးနှင့် အိမ်ဖော်တွေတစ်ယောက်ပြီး တစ်ယောက် ပြောင်းနေသည်မှာ မနည်းတော့။
အဒေါ် နှင့် သူ့ခင်ပွန်း မနက် (၉)နာရီ ရုံးအမီ ပြေးရခြင်း၊ ကလေး (၃)ယောက် ဗာဟီရ လှည့်မကြည့ ်နိုင်သော
အိမ်အလုပ် များကြောင့် အိမ်ဖော် မရှိ၍လည်း မဖြစ်၊ ရတော့လည်း ရသည့် အိမ်ဖော်နှင့်တည့်အောင် မနေ။ တစ်ခါက သူနှင့် လုံး၀ အဆင်မပြေတော့သော အိမ်ဖော် တစ်ယောက်နှင့် ပြဿနာတက်သည်။ အမှန်တော့ ထုံးစံအတိုင်း သူ့အလွန်သာ ဖြစ်၏။ ထိုအိမ်ဖော်က အတော်သဘော ကောင်းကြောင်းပတ်ဝန်းကျင်က သိကြသည်။ ထို့ကြောင့် ထိုကောင်မလေးကို အိမ်နီးချင်း
အိမ်တစ်အိမ်က ခေါ်သည်။
ထိုအိမ်မှာ ထို ကောင်မလေး အဆင်ပြေ နေသည်ကို အဒေါ် ကြားသည့် အခါ ပြဿနာ တက်ကြသည်။ ထိုကောင်မလေးကို လက်ခံ ထားသော အိမ်ကို အဒေါ်က သွားကာ ပြဿနာ ရှာ၏။ ထိုကောင်မလေးကို မျက်နှာ ပြောင်တိုက်၍ ခေါ်ထားခြင်းမှာ သူ့ကို စော်ကားခြင်း ဖြစ်ကြောင်း၊ အိမ်ချင်းကပ်နေသဖြင့် လက်ခံ ထားစရာ မလိုကြောင်းတို့ ပြောကာ ပြဿနာ
တက်ကြသည်။ သူနှင့် အဆင်မပြေသူ တခြား တစ်ယောက်နှင့် အဆင်ပြေနေ သည်ကိုပင် လက်မခံ နိုင်လောက်အောင် အတ်္တ မာန ဖုံးလွှမ်းနေသော လူတစ်ယောက် အဖြစ် အဒေါ့်ကို ကျွန်တော်တို့ သနားကာ နားလည် ခွင့်လွှတ် ပေးရုံသာ တတ်နိုင် ကြတော့သည်။ ထိုအိမ်ဖော် ထိုအိမ်တွင် အဆင်ပြေ နေသည်ကို ကြည့်ကာ အဒေါ့်မှာ နေ့စဉ် စိတ်ဆင်းရဲကာ
နေရ၏။ မေတ်္တာ နည်းသူတို့၏ ဒုက်္ခက မသေးလှပါ ကလား။
ဒီလိုနှင့် တစ်လလောက် ကြာတော့ အဒေါ် အိမ်ဖော် တစ်ယောက်နှင့် အတော် အဆင်ပြေ နေသည်ကို ကြားရ၏။ ကျွန်တော် ရောက်သွားတော့ ကောင်မလေးက ဆယ်လေးနှစ် သာသာ ရှိသေးသည်။ ၀၀ဖြိုးဖြိုး မျက်နှာက အမြဲပြုံး နေ၏။ ကလေး တစ်ယောက်လို နေတတ်သည်။ အဒေါ့် လက်အောက် ဝန်ထမ်း တစ်ဦးက အညာမှ
ခေါ်ပေးသည် ဟု သိရသည်။ သွက်သွက် လက်လက် ရှိသည်။ အသိဉာဏ် နည်းသည်။ပညာ မဲ့သဖြင့် နှိမ်တာလား စော်ကားတာလား သိပ်မသိ။ ကလေး စိတ်မကုန် သေး၍ အဒေါ်ဆူခြင်း၊ခေါက်ခြင်း တို့ကိုလည်း အပြုံးမပျက်၊ အဒေါ်နှင့် တည့်သူမရှိဟု ပြောခဲ့ မိသမျှ ထိုကောင်မလေးဆန်းဆန်းမြင့် နှင့်မှ ကျွန်တော်တို့ မှားမှန်း သိရသည်။ ထို ကောင်မလေးမှာ လူရည်
မလည်သေးသောကလေး တစ်ယောက်၊ ခပ်နုံနုံ ခပ်တုံးတုံး တစ်ယောက် သာ ဖြစ်သည်။
တစ်နေ့တော့ အဒေါ့်အိမ် အလှူ လုပ်သည်။
အလှူဆိုခြင်းထက် သူ့ကလေး တစ်ယောက် မွေးနေ့သာ ဖြစ်၏။ ညဘက် ကျင်းပခြင်း ဖြစ်ပြီး အိမ်သို့ အဆင့်တူ အရာရှိများ၊ အဒေါ့်ထက် အဆင့်မြင့်သော အရာရှိများ လာကြမည် ဖြစ်သည်။ အဒေါ်က သူ့မာန်၊ သူ့မာနကြောင့် မိသားစုနှင့်
မတည့်သည်သာ ရှိသည်။ သူ့အိမ်သို့ အရေးကြီး သူတွေ လာမည် ဆိုတော့ အားလုံးက ဝိုင်းဝန်းကာ ပျော်စရာ ကောင်းသည့် မိသားစုမှန်း ပြချင် သေးသည်။ ကျန်မောင်နှစ်မတွေကလည်း ကိုယ့်အစ်မ အတွက်ဟု သဘောထားကာ ကျေနပ် မကျေနပ်သည်ကို မေ့ထား၍ အားလုံး ကူညီ ကြရ၏။
ထိုပွဲသို့ အဒေါ် မလာမှာ စိုးရိမ် နေသော လူကြီးများ အားလုံး လာကြသည်။ လက်ဆောင်တွေ
ပေးကြ၊စားကြ သောက်ကြ၊ ပျော်ကြ ရ၏။ အဒေါ် ကတော့ သူ့အငယ်ဆုံး ကလေးလေး စကားပြောတတ် သမျှတွေ လုပ်ခိုင်းကာ ရယ်မော ပျော်ရွှင် နေသည်။ လာကြသည့် ဂုဏ်သရေရှိလူကြီးများ ကလည်း ကလေး လုပ်ပြသမျှကို ပြုံးပြုံး ရွှင်ရွှင် ကြည့်ကာ ချီမွမ်း ကြသည်။
စားသောက်ပြီး၍ အချိုပွဲနှင့် လက်ဖက်ပွဲ စားကြစဉ် အရေးကြီးသော ဧည့်သည် တစ်ယောက်က
ရေသောက်ရန် ရေဘူးကို မ,သည့် အခါ ရေက ကုန်နေ၏။ ရေနွေးကြမ်း ကလည်း အသစ်၊ အခုမှထည့်ထားသဖြင့် ပူကာ နေသည်။
ဟဲ့ ကောင်မလေး ဖန်ခွက်နဲ့ ရေတစ်ခွက် ခပ်ခဲ့စမ်း၊ အံမယ်ကြောင်များ ကြည့်နေ သေးတယ်။ငါခေါက် လိုက်ရ.... သွား... သေသေချာချာ ခပ်ခဲ့
အဒေါ့် စကားကြောင့် အိမ်ဖော်မလေး သုတ်ခနဲ ပြေး၏။ ရေအိုးက အတွင်းခန်းတွင်
ရှိသော်လည်းအိမ်ရှေ့က လှမ်းကြည့်လျှင် မြင်နေ ရသည်။ အော်ပြီးသည်နှင့် အဒေါ်က ပြန်လှည့်ကာ ပြုံးပြုံးနှင့်စကားဆက် ပြောသည်။ ထိုစဉ်...
ခွမ်း....ကွမ်...ဂွမ် ဆိုသော အသံကို ကြားရသည်။ လှမ်းကြည့်တော့ ဆန်းဆန်းမြင့် ခပ်နေသော ရေခွက်လွတ်ကျ သွားခြင်း ဖြစ်၏။ အဒေါ် မျက်နှာမှာ မာတင်းကာ သွားသည်။ သူအရှက်ကွဲပြီ ဆိုတာကို သိလိုက်ရ၏။ ဧည့်သည်တွေသာ
မရှိလို့ကတော့ ဆန်းဆန်းမြင့် နားသယ်မှ ဆံပင်၊ ဦးခေါင်းနှင့် ပေါင်တွင်းကြောနှစ်ဖက်စလုံး တစ်မိနစ် အတွင်း အဆိုးဆုံး အခြေအနေ ရောက်သွား နိုင်သည်။ သို့သော် အခြေအနေအရအဒေါ်လျှော့ ပါ၏။ အားလုံးလည်း တိတ်သွားကာ ကောင်မလေးကို ကြည့်နေ ကြသည်။
တောက်.... နင်ဟာလေ သိလား ဟဲ့ ဟဲ့... ကောက်ပြီး ဒီအတိုင်း မခပ်နဲ့။ ဖင်ကို သေသေချာချာ
သုတ်ပြီးမှ ခပ်။
နင်တော့လေ
ဟုတ်...ဟုတ်ကဲ့ အန်တီ
ဆန်းဆန်းမြင့်က ကျသွားသော ကြေးရေခွက် ကလေးကို သေသေချာချာ ကောက်ကာ သူ့တင်ပါးဖြင့် သုံးလေးချက် သုတ်ကာ ရေအိုးထဲ နှစ်လိုက်တာ အားလုံး တွေ့ရလေသည်။ တိုင်ပင်မထားဘဲ အလှူတစ်ခုလုံး ဝါးခနဲ ပွဲကျ သွားသည်။ ဝိုင်းရယ်ကြသော လူတွေကို ကြောင်ကာငေး နေ၏။ အဒေါ်၏
အရေးကြီးသော ဧည့်သည် များလည်း တံတွေးသီးအောင် ရယ်ကြ၏။ အဒေါ်မှာနေရာကပင် မရွေ့နိုင်။ ဘာစကား မှလည်း မထွက်။ သူ့လည်မြိုမှာ သူ့ဒေါသတွေ တစ်ဆို့ နေပုံရလေသည်။ ထို ရေခပ်ခိုင်းသော လူကြီးက ဆိုသည်။
အေး... သူလုပ်တာ နင်ပြောတာနဲ့တော့ ကိုက်သားပဲ၊ ဖင်ကို သေသေချာချာ သုတ်ပြီးမှ ခပ်တာပဲလေ
ပြီးတော့ ရယ်ကြ ပြန်၏။
နောက်တစ်နေ့ ဒီအကြောင်း ရုံးမှာ ပြောပြီး ရယ်ကြ မောကြ တော့မည်။ထုံးစံ အတိုင်းပင် နောက်တစ်နေ့မှာ ဆန်းဆန်းမြင့် မရှိတော့။ ကျွန်တော်တို့ ပြောထားသော စကားပြန်မှန်ကာ သွား၏။ အခု ရေခွက် လွတ်ကျတာကို မြင်တိုင်း ကျွန်တော် ထို အိမ်ဖော်မလေးနှင့် သိက်္ခာ မာနကြီးချင် လွန်းသော အဒေါ်ကို သတိရ နေတတ်သည်။ ။
သဘင်အနုပညာ ဂျာနယ် ၆၉
* * * * *
အဆိုကြီး အသံနည်း
* * * * *
ဆွမ်းသိမ်းပွဲမှာ စတိတ်ရှိုး လုပ်မယ် ဆိုကတည်းက ရပ်ကွက်ထဲက လူငယ်တွေ ထုံးစံအတိုင်း လှုပ်လှုပ်ရွရွ ဖြစ်နေကြတာ တွေ့ရသည်။ လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင်နှင့် ဗာဒံပင် အရိပ်အောက် ဟိုတစ်စု ဒီတစ်ဖွဲ့ အားလုံး ထိုကိစ်္စ တစ်ခုတည်း
အရေးတကြီး ဆွေးနွေးကြ၊ စကား ပြောကြနှင့် ရှိသည်။ ဆွမ်းသိမ်းပွဲဆိုလျှင် အရင် နှစ်တွေမှာ ဆိုင်းနှင့် အောင်ပွဲခံလေ့ ရှိသည်။ ဒီနှစ်တော့ စတိတ်ရှိုးတဲ့။ ပို၍ တက်ကြွ နေကြခြင်းက ထိုစတိတ်ရှိုးတွင် နာမည်ကြီး အဆိုတော် လေးငါးဦးအပြင် ရပ်ကွက်ထဲက ဝါသနာရှင် သီဆိုသူများပါ သီဆိုနိုင် ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ထိုစတိတ်ရှိုးကို ရပ်ကွက်တွင်းမှ လူငယ်များ ဦးဆောင် ကြမည် ဖြစ်သည်။
ဆွမ်းသိမ်းပွဲ အပြီး မဟာဒုက် ဘုရားမဲ ဖောက်သည့် ကိစ်္စထက်ပင် ထိုကိစ်္စကို လူငယ်တွေ ပိုတက်ကြွ နေကြသည်။ ရပ်ကွက် ဓမ်္မာရုံ ရှေ့က မဏ္ဍပ်တစ်ခု ရောက်လာ၏။ တိုင်ကီတွေ ရွှေ့ကြ၊ စင်တွေ ဆောက်ကြ၊ ရပ်ကွက် လူကြီး တစ်ဦးနှင့် အတူ
အိမ်တွေ လျှောက်ကာ ရန်ပုံငွေကောက် လက်မှတ် ရောင်းကြနှင့် ပျော်စရာကြီး ဖြစ်နေသည်။
ထိုသို့ တက်ကြွသည့် လူငယ်များ ထဲတွင် ဇော်ဇော်က အတက်ကြွဆုံး၊ မျက်စိ နောက်စရာ အကောင်းဆုံးနှင့် အရက်ရောဆုံး ဖြစ်သည်။ ဇော်ဇော့်ကို စတိတ်ရှိုး စင်ဆောက်ရာတွင် ချွေးသံရွှဲရွှဲနှင့်တိုင်ကီတွေ လှိမ့်နေတာ မြင်ရ၏။ စတိတ်ရှိုး
ဦးဆောင်သူ လူငယ်များကို လက်ဖက်ရည်ဆိုင်တွင် နေ့ညလက်ဖက်ရည် တိုက်သူများ မှာလည်း ဇော်ဇော် ပင်ဖြစ်သည်။ စတိတ်ရှိုး ရန်ပုံငွေကိုလည်း ဇော်ဇော့်အိမ်ကငါးထောင် ထည့်ထားပြီး ဖြစ်သည်။
ဇော်ဇော့် မိသားစုက ရပ်ကွက်ထဲမှာ ပြည့်စုံသူများ ဖြစ်ကြ၏။ သားသမီးကို အလိုလိုက်သည့် နေရာတွင် နာမည်ကြီးသည်။ ကိုယ့် သားသမီး ထင်ပေါ်ရေး အတွက်
အတော် ဂရုစိုက် ကြသော မိဘနှစ်ဦးကို ဇော်ဇော် ရထားသည်။ ရပ်ကွက်ထဲမှာ စက်ဘီးတွေ ခေတ်ထတုန်းက စက်ဘီး အရင်စီးနိုင်သူမှာ ဇော်ဇော်နှင့် သူ့ညီမ။ တယ်လီဗေးရှင်း ပေါ်တော့ ပထမဦးဆုံး ဝယ်တာ ဇော်ဇော်တို့အိမ်။ အောက်စက်လည်း ထို့ အတူပင် ဖြစ်၏။ ဂစ်တာ၊ တောက်ခုံ၊ ဆောင်းဘောက်စ်နှင့် ကက်ဆက် ကောင်းကောင်း
ရှိသော သားနှင့်သမီး၏သူငယ်ချင်းများ ဆိုလျှင် အမြဲ လိုက်လျော သဘောကောင်းသော ဇော်ဇော့် မိဘ များကြောင့် သူ့အိမ်မှာ လူငယ်တွေ စည်ကားသည်။ ဇော်ဇော့် အိမ်မှာ သူငယ်ချင်း လေးငါးယောက် လောက်တော့ အမြဲ ရှိနေတတ်သည်။
သီချင်းတိုက်ကြတော့လည်း ဇော်ဇော့် အိမ်မှာပင် ဖြစ်သည်။ မိခင်က အုန်းနို့ ခေါက်ဆွဲ၊ နန်းကြီးသုပ်၊
ဒံပေါက်၊ ရွှေရင်အေး စသည့်ဖြင့် လုပ်ကျွေးသည်။ ဇော်ဇော် အဆိုကောင်းကြောင်း တီးဝိုင်း အဖွဲ့မှ မှတ်ချက်ပေးကြ သဖြင့် ဇော်ဇော်က သူ့ဖခင်ကို စီးရီးထုတ် ပေးရန်တောင် ပူဆာနေပြီဟု မိခင်က မနက်မုန့်ဟင်းခါးဆိုင်တွင် စိတ်ညစ်သလို အမူအရာနှင့် ဂုဏ်ယူကာ ပြောနေပြီ ဖြစ်သည်။
ဒီစတိတ်ရှိုးမှာ ဇော်ဇော် ဒီလောက်
တက်ကြွ နေသည့် အကြောင်း တစ်ခု ကလည်း ရှိသေးသည်။ဇော်ဇော် ကြိုက်နေသော ကောင်မလေးက ဇော်ဇော် သီချင်း ဆိုပြီးလျှင် အဖြေပေးမည်ဟု ကတိပေးထားခြင်းပင် ဖြစ်သည်။ ထိုကောင်မလေးက ဇော်ဇော့် ညီမ သူငယ်ချင်း အချောအလှကလေး ဖြစ်၏။ထို့ကြောင့် ဇော်ဇော် ဤမျှ တက်ကြွကာ စတိတ်ရှိုးကို ဤမျှ လုံးပန်း နေခြင်းလည်း ဖြစ်သည်။ဆွမ်းသိမ်းပွဲ ပြီးသည့် ညနေမှာ
စတိတ်ရှိုး စရန်သာ ရှိတော့၏။ ဇော်ဇော့်ကို တက်ကြွလှုပ်ရှားနေကြသည့် လူငယ်တွေကြားတွင် ညနေ လေးနာရီခန့် ကတည်းက ရှူးဖိနပ်ပြောင်၊ ဘောင်းဘီအသစ်၊ ကုတ်အင်္ကျီ တလက်လက်ဖြင့် တွေ့ရသည်။ စတိတ်စင်ပေါ် တက်လိုက်၊ ခင်းထားသည့် ခုံတွေကြားထဲပြေးလိုက်၊ လက်ဖက်ရည်ဆိုင်ထဲ ရောက်လာလိုက်၊ အဆိုတော် ကြိုသော ကားပေါ် ပါသွားလိုက်လူကြီးတွေနှင့် ရပ်စကား ပြောလိုက်နှင့်
ရှိ၏။
ညနေရီ နေရောင်ဝင် သွားသည်နှင့် စတိတ်ရှိုးစင် မီးလင်းကာ အလျှိုအလျှို ဈေးသည်တွေ ရောက်လာပြီး စတိတ်ရှိုးစင် လမ်းတစ်လျှောက် ပွဲဈေးတန်း ကလေး ဖြစ်သွားသည်။ လူလည်း တော်တော် စည်၏။ မကြာမီ တီးသူတွေ စင်ပေါ်တက်လာ၊ ဂစ်တာကြိုးညှိသည့် အသံ၊ အော်ဂင်ကစားသံ၊ ဘေ့စ်စမ်းသံ၊ မိုက်ကရိုဖုန်း စမ်းသံတွေကြောင့် ပရိသတ် ပိုမို
လှုပ်ရွ လာသည်။ ဇော်ဇော်ကတော့ စင်ပေါ် တက်လိုက်၊ အော်ဂင်သမားကို တိုးတိုး၊ လိဒ်တီးသူကို ရယ်မော၊ ဒရမ်တီးသူကို စီးကရက်ပေး၊ စင်အောက် ပြန်ဆင်းကာ မိသားစုနှင့် အတူရှိနေသော ကောင်မလေးနား ဝင်ထိုင်၊ ပြန်ထွက် တော်တော်ကို မျက်စိ နောက်စရာကောင်း နေ၏။
စတိတ်ရှိုး စခါနီးမှာ ဇော်ဇော်
အဝတ်အစား တစ်ကြိမ် လဲသည်။ အဖွင့် တီးလုံး တီးပြီးတော့ရပ်ကွက်ထဲမှ ကောင်လေး တစ်ယောက် ဆိုသည်။ သိပ်အဆင်မပြေလှ သော်လည်း ကိုယ့် ရပ်ကွက်သားမို့အားပေးကြ၏။ ဇော်ဇော်က စတိတ်ရှိုး အစမှာ မဆိုချင်၊ စင်မငြိမ်သေး သဖြင့် အစပိုင်း ဆိုသူများသည်ထိရောက်မှု မရှိတတ် ဆိုတာကို ဇော်ဇော် သိသည်။ စတိတ်ရှိုး အထာကျ သွားပြီ ဖြစ်သောဆယ်ယောက်မြောက်လောက် ကျမှ သူဆိုမည် ဖြစ်သည်။ ထို့နောက်
ဝါသနာရှင်များ ဆိုကြရင်း နာမည်အသင့်အတင့်ရပြီး အဆိုတော် တစ်ယောက် တက်သည်။ နာမည်မကြီး သော်လည်း အဆိုတော် အစစ်ဖြစ်သဖြင့် သပ်ရပ်စွာ ဆိုသွားနိုင်သည်။ ထို့နောက် အဆိုရှင်မှာ ဇော်ဇော်ဟု ကြေညာသည်။ လက်ခုပ်သံတွေဆူညံကာ သွား၏။ ခုနက အဆိုတော် ထက်ပင် မဆိုသေးခင် ကတည်းက အားပေးမှုက အားကောင်းနေသည်။
ဇော်ဇော် စင်ပေါ်ကို
လက်ပြကာ တက်လာ၏။ ထုံးစံ အတိုင်း အတီးသမား များနှင့် ခပ်တိုးတိုးခပ်ကြာကြာ စကားပြောကာ မိုက်ရှေ့ တွင် ရပ်သည်။ တခြားလူတွေလို မဟုတ်ဘဲ ဇော်ဇော်က စကားကိုအရင် စပြော၏။
ကျွန်တော် အခုသီဆိုမယ့် သီချင်းက ကျွန်တော့် ရင်ထဲက ရည်ရွယ်သူ အတွက်ပါ။ ရည်ရွယ်သူရဲ့ ရင်ထဲကို ရောက်အောင် ကျွန်တော်
သီဆိုမယ့် သီချင်း ကလေးရဲ့ နာမည်ကို မပြောဘဲ ပရိသတ်နဲ့ ရည်ရွယ်သူတို့ ခံစား ကြည့်ကြပါ ခင်ဗျာ
ဇော်ဇော့် စကားဆုံးသည်နှင့ ် အော်ဂင်သံ ကစ၍ Intro ဝင်စဉ် မီးတွေ အားလုံး ပြတ်ကာ ဖျတ်ခနဲမှောင်အတိ ကျသွား၏။ အံ့သြစွာ ဟာ ဟင် အော်သံများ၊ ဖြူးစ်ကိုကြည့် "မီးခလုတ်တွေ အရင်ပိတ်စသော စင်ပေါ်မှ အသံများ၊ လက်နှိပ်ဓာတ်မီးတွေ စင်ပေါ်ရောက်
လာကြ၊ ပရိသတ် အော်သံ စသည်ဖြင့်ဆူညံကာ သွားကြ၏။ မီးက တစ်ရပ်ကွက်လုံး ပျက်ခြင်း မဟုတ်။ မီးကြိုးဆွဲထားသည့် အိမ်တစ်အိမ်သာပျက်ခြင်း ဖြစ်၏။ ဖြူးစ်ပြတ်သွားသည် ဟု ဆိုသည်။
ဆယ်မိနစ် လောက်ကြာတော့ မီးတွေ ပြန်လင်း လာကာ လူတွေ ကလေးတွေ ပျော်ရွှင်စွာ အော်ဟစ်ကြ၏။ တီးသူတွေ စင်ပေါ်သို့ တက်လာ ကြသည်။ ဇော်ဇော် မိုက်ရှေ့ ပြန်ရပ် သော်လည်း
Feelingအောက်နေပုံ ရ၏။ စင်ပေါ်မှ မိုက်ကိုင်ကာ ရပ်နေ သော်လည်း တီးသံ မလာသေး။ ဂစ်တာမှလျှပ်စစ်ကြိုးတွေ အခုမှ ပြန်ဆက် ရသည်။ ဇော်ဇော် ဆယ်မိနစ်လောက် ကြောင်တောင်တောင်နှင့် ရပ်နေရ၏။Intro အသံ ဝင်လာသည်။ သီချင်းက ရှိုင်းအောင်၏ ကောင်မလေး သီချင်း။ လူတွေ ခပ်ကြဲကြဲ ခပ်ဖွဲဖွဲသာလက်ခုပ်တီးတော့သည်။ မီးသာ မပျက်လျှင် သီချင်း Intro သံ ကြားကတည်းက လက်ခုပ်သံတွေ
ဝေါခနဲစဉ်လွင့်လာမှာ သေချာ၏။
မင်းအနားကို ရောက်ရင်...
မီးပျက်သွားပြန်သည်။
လူတွေ အော်သံတွေ စုံနေ၏။ မီးက အကုန်ပျက်ခြင်း မဟုတ်။ ဟိုဘက်လိုင်း လာသည်။ ဟိုတစ်ဖက် လိုင်းသို့ ရွှေ့ကြ ပြောင်းကြသည်။ မီးပြန်လာသည်။ ဇော်ဇော် ပြန်တက်၏။ စင်ပေါ်မှာ ဆယ်မိနစ်ခန့်ရပ်စောင့်သည်။ Intro တီးသည်။
မင်းအနားကို ရောက်ရင် မမြင်သလိုနဲ့
လှမ်းခိုးကြည့်တယ် မင်းမျက်နှာလေးရယ်
မှောင်ကျ သွားပြန်သည်။
လူတွေ အော်ကြပြန်၏။ ပထမပြတ်သွားသော လိုင်းက ပြန်လာကာ ခုနက ချိတ်ထားသော လိုင်းကပြန်ပြတ် သွားခြင်း ဖြစ်သည်။ အော်ကြ ဟစ်ကြ ပြေးကြလွှားကြ။ နောက်ဆုံး နှစ်ဖက်စလုံး ပြတ်သွား၏။ခဏကြာတော့ အော်သံဟစ်သံများ ငယ်သံပါအောင် အော်ကြသည်။ ဆွဲကြလွဲကြ အော်ကြဟစ်ကြ။
မီးတွေအားလုံး ပြန်လင်း လာသည်။ ဇော်ဇော့် မျက်နှာမှာ သွေးတွေ ရွှဲနေ၏။ တာဝန်ရှိ လုံခြုံရေးရဲများလည်းရောက်လာသည်။ ဇော်ဇော်နှင့် စင်အောက်မှ ပရိသတ် ရန်ဖြစ်ခြင်း ဖြစ်သည်။ ပွဲပျက်တော့မလိုအထိဖြစ်သွား၏။ ဇော်ဇော် ဖြစ်ပုံကို စင်အောက်က ကြည့်သူက စရင်း ရန်ဖြစ်ကြခြင်း ဖြစ်သည်။
ဇော်ဇော် ဆေးရုံရောက်ကာ ဇော်ဇော်ကို ရိုက်သူများ
စခန်းရောက်သွား ကြ၏။ စတိတ်ရှိုး ဆက်လက်ကျင်းပ ပါသည်။ မီးလုံး၀ ထပ် မပျက်တော့။ လူတွေ အားလုံး ဆိုကြ၊ ပျော်ကြ၊ အော်ကြ ရပါသည်။ ပွဲအစအဆုံး ဆိုချင်လွန်း အားကြီးသော ဇော်ဇော်တော့ မဆိုလိုက်ရ။ ရချင်လွန်းအားကြီးလျှင် ပျက်တတ်သောဥပမာလေး တစ်ခုအဖြစ် ကျွန်တော် အမှတ် ရနေခဲ့ ပါသည် ခင်ဗျား။ ။
သဘင်အနုပညာ ဂျာနယ် ၇၁
* * * * *
ဘကြီးနှစ်ယောက်နှင့် သူခိုး
* * * * *
ကျွန်တော်တွင် ဘကြီးနှစ်ယောက် ရှိသည်။ ဦးအောင်တင်နှင့် ဦးသာခွေး ဟု အမည်ရ၏။ ကျွန်တော့်အမေကြီး၊ ဦးအောင်တင်၊ ဦးသာခွေး၊ ဒေါ်သေးသေးနှင့် ဒေါ်ထွေးရင်ဟူသော သူတို့ မောင်နှမ ငါးယောက်တွင်ကျွန်တော့် အမေကြီး၊ ဦးသာခွေးနှင့် ဒေါ်ထွေးရင်တို့သာ အိမ်ထောင်ကျသည်။ ဦးအောင်တင်နှင့်ဒေါ်သေးသေးတို့က လူပျိုကြီး အပျိုကြီး
ဘဝနှင့်ပင် တစ်သက်လုံး နေထိုင် သွားခဲ့ ကြပါသည်။
ကျွန်တော့် ဘကြီးရော ဘလေးပါ စာပေသိပ် မတတ်ကြပါ။ ရေးဖတ်နိုင်ရုံ ဘုန်းကြီး ကျောင်းထွက်များ ဖြစ်ကြသည်။ သူတို့သည် ကျွန်တော် လူမှန်းသိ ကတည်းကလည်း မချမ်းသာ ကြပါ။ လက်သမား အလုပ်ဖြင့် အသက်မွေးရင်း မပြည့်မစုံနှင့်ပင် လူ့ဘဝကို ကုန်လွန်ခဲ့
ကြပါသည်။
ကျွန်တော့် ဘကြီး နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်လည်း မတည့်ကြ။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စေတနာထားရင်း မကြာခဏ စိတ်ဆိုး စိတ်ကောက် ဖြစ်တတ် ကြသည်။ကျွန်တော် မွေးသည်မှစ၍ (၂၈)နှစ်အထိ နေခဲ့သော ကျွန်တော်တို့ အိမ်ကို ဆောက်စဉ်က ဘကြီးနှစ်ယောက်က ဆောက်ပေး ကြ၏။ တိုင်လေးတိုင်
ထူပြီး ခေါင်တန်း ပစ်သည့်အခါ ဘကြီးဖြစ်သူက တိုင်ထိပ်ကိုတက်သည်။ ဘလေးဖြစ်သူက အစ်ကိုဖြစ်သူကို စိတ်မချ၍ မတက်ရန် အော်ပြီး သူတက်မည်ဟု ပြောသည်။
ဘကြီးဖြစ်သူက တိုင်တစ်ဝက်မှ ပြန်ဆင်းကာ ဘာမှမပြောဘဲ သူ့ရဲတင်းကလေး ခါးကြားထိုးကာ အိမ်ဘက်ပြန်ကာ သွား၏။ ရေမိုးချိုးကာ ထမင်းစားပြီး အိပ်သည်။ အိမ်ဆောက်သည့်
နေရာကိုပြန်မလာတော့။ သူ့စိတ်ထဲမှာ သူ့ကို ခေါင်တန်းမပစ်တတ်ဟု ဘလေးက ပြောသည် ထင်ကာစိတ်ဆိုးသွားခြင်း ဖြစ်သည်။ ဘလေးကလည်း သူ စေတနာဖြင့် ပြောတာကို ဒီလိုလုပ်ရမလား ဆိုကာစိတ်ဆိုးကာ အိမ်ပြန်၏။ နောက်နေ့ ဘကြီး ရောက်လာတော့ ဘလေးပြန်သည်။ ဘလေးရောက်လာတော့ဘကြီးက ပြန်၏။ ညီအစ်ကို နှစ်ယောက် အသံတိတ် စိတ်ကောက် ကြကာ ဆယ်ရက် ကြာသည်။
ကျွန်တော့်အမေကြီး သူတို့ အစ်မ ခေါ်ပြောတာလည်း မရတော့။ နောက်ဆုံး ကျွန်တော့် အဖေကြီးက
မင်းမောင်နှစ်ယောက် အကြောင်း ငါသိပါတယ်ကွာ။ နောက်နေ့လာကို ဆောက်စေရမယ် ဟု အာမခံ၏။
နောက်တစ်နေ့ ညီအစ်ကို နှစ်ယောက် ဆုံချိန်ကျတော့ ဘကြီးက ရဲတင်းကလေး ခါးကြား ညှပ်ထိုးကျွန်တော့် အဖေကြီးက ကိုအောင်တင်ရေ၊
ဒီကောင် ဆယ့်နှစ်ပေဗျ၊ ဖြတ်ပြီး ခေါင်အတွက် ဆက်ထားရင်ကောင်းမယ် ထင်တယ် ဟု ပြောတော့ ဘကြီးက ထိုသစ်တိုင်ကို ကောက်ကာ ကိုင်၏။
ဘကလေးကတူကလေးဆွဲတုန်း ....
ကိုသာခွေးရေ၊ ကာပျဉ်နဲ့ ခင်းပျဉ်တွေ ရောကုန်ပြီဗျ။ ကျွန်တော်လည်း မေ့ပြီး ပုံထားမိကာ ရွေးပါဦး
ဆိုတော့ ဘကလေးက သစ်ပုံဘက် ရောက်ကာ သွား၏။ ဒီလိုနဲ့
အဖေကြီးက ဟိုဟာလေး ပြောလိုက်၊ ရေနွေးကလေး သောက်လိုက် လုပ်တော့ ဘကြီးတို့ ညီအစ်ကို အိမ်ဆောက် ကြသည်ဟု ဆိုသည်။တစ်ယောက်နှင့် တစ်ယောက် ချစ်ကြသည်။ ရိုးသည်။ အားနာတတ်သည့် ကျွန်တော့် ဘကြီး နှစ်ယောက်ကိုအဖေကြီးက မှတ်ချက် ချဖူးသည်။
မင်းမောင်တွေက အချင်းချင်း သိပ်ချစ် ကြတာပဲ။ အားကလည်း နာတတ်၊
ရိုးလည်းရိုး၊ အေး...ဒါပေမယ့် သူတို့ချည်းပဲတော့ လွှတ်ပေးလို့ မရဘူး တဲ့။
သူတို့ ညီအစ်ကို နှစ်ယောက် အလုပ်စ ဝင်သည့်နေ့ကလည်း ထိုသို့ပင် ပြောစမှတ် တွင်၏။ ဘကြီး နှစ်ယောက် နှင့်အတူ ဦးသိန်းအောင် ဆိုသော ရွာလယ်လမ်းက လူတစ်ယောက်ပါ လက်သမား သွားလျှောက် ကြ၏။ ကန်ထရိုက်က လက်သမား ပညာတတ် မတတ် တစ်ပတ် ခိုင်းကြည့်မည် ဆိုသည်။
ဘကြီးနှစ်ယောက် မနက်ထွက်ကာ ညနေပြန် တစ်ပတ်လုံး လုပ်အားကို ပြရသည်။ တတ်ကြောင်းပြကြ ရသည်။ အိမ်ဆောက်နေသော လက်သမား ဝါရင့်ကြီးတွေ အတွက် တံခါး ဘောင်ခွေခြင်း၊ စရွေးကိုက် ဖြတ်ရခြင်း၊ သစ်တွက်ရခြင်း တို့မှာ အဆန်းမဟုတ်တော့။ သူတို့ကို ကန်ထရိုက်က တစ်ပတ် ညာခိုင်းခြင်း ဟု ကျွန်တော်တို့
နားလည် ရသော်လည်း ဘကြီး နှစ်ယောက်က ကန်ထရိုက်ကို တော်တော် တုံးသည့်လူ ဟုဆိုကာ သနား နေကြသည်။
တစ်ပတ်ခန့် လုပ်အားပြ ပြီးတော့ သုံးရက်ခန့်နားကာ အလုပ်ခန့် မခန့် လာမေးဖို့ ပြောသည်။ ဘကြီး နှစ်ယောက်သွား မေးတော့ မနက်ဖြန်စဆင်း ဟု ပြောလိုက်၏။ သူတို့ ဝမ်းသာကာ ထိုကန်ထရိုက် ကောင်းကောင်း အဆူခံရပြီဟု တွက်ကြသည်။
သူတို့ကို အလုပ်ဆင်းဖို့ ပြောလိုက်သူက အခြား တစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။
ထိုနေ့ မနက် ၇ နာရီ အလုပ်ဆင်းရန် မနက် ၄ နာရီ ကတည်းက ရေတွင်းတွင် ရေချိုးကြသောကြောင့် အိမ်နီချင်းများ တစ်ညလုံး အိပ်မရဟု ပြောကြသည်။ ညီအစ်ကို နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အော်ကြပြောကြ သီချင်းဆိုကြ၊ ရေချိုးကြတာ နံနက် ၅ နာရီခန့်မှ
ပြီးသည် ဟု ခန့်မှန်းကြသည်။ ကျွန်တော့် ဘကြီးနှစ်ယောက်က တခြားအရာသာ မတူချင် နေရမည်။ နားလေးသည့်နေရာတွင်တော့ နှစ်ယောက်စလုံး တူကြ၏။
ရေမိုးချိုးပြီး ကြတော့ ရွာလယ်က ကိုသိန်းအောင်ကို သွားနှိုး ကြသည်။ အစ်ကိုက နှိုးမည်ဆိုလျှင် ညီကိုမပြော၊ အသိမပေး။ ညီကလည်း ထို့အတူ ဖြစ်သဖြင့် ကိုသိန်းအောင်ကို သွားနှိုးကြရာ ကိုသိန်းအောင်
အိမ်နီးချင်းတွေလည်း မအိပ်ရဟု ဆိုသည်။ သူတို့ နှိုးမည့်သာ နှိုးရသည်။ ဦးသိန်းအောင်က သူတို့အရင် ၄ရက် ကတည်းက အလုပ် စဆင်းနေပြီ ဖြစ်သည်။
တစ်ယောက်နှင့် တစ်ယောက် ဆူရင်းဆဲရင်း အော်ကြရင်း အလုပ် ဝင်နောက်ကျမည်ကို စိုးရိမ်ကာလိုက်ရှာ ကြရင်းနှင့် သူတို့ ထွက်သွားတော့ ရွာကလူတွေ တော်တော်များများ နိုးကာ ကျန်ရစ်ခဲ့
ကြသည်ဟုပြောကြ၏။ နင့်ဘကြီးတွေ အလုပ်စဝင်တဲ့ နေ့ကတော့ စံပဲ ဟု လူတိုင်းက ကျွန်တော့်ကို ပြောပြတတ် ကြသည်။ ကျွန်တော်သည် ထိုအကြောင်း များကို သိရသည့်နောက် ဘကြီး နှစ်ယောက် မျက်နှာကိုကြည့်သည့်အခါ ရိုးသားခြင်း၊ ချစ်စရာ ကောင်းခြင်းနှင့် ထုံအခြင်း တို့ကို တစ်ပြိုင်တည်း တွေ့လိုက်ရသည်ဟု ထင်ပါသည်။
ထို့ထက် ကျွန်တော်
ကိုယ်တိုင် အိပ်ရေးပျက် ရသော ညတစ်ညကို မှတ်မိ ပါသည်။ ထိုညက မိုးအကုန် ဆောင်းဝင်စ မြူပါးပါး ကျသော ညတစ်ည ဖြစ်သည်။ သစ်ကြီး ဝါးကြီး ပေါသော ကျွန်တော်တို့ နတ်စင် ဘောက်ထော် ရွာကလေးမှာ တငြိမ့်ငြိမ့် ဆောင်းအဝင်တွင် ရှိသည့် စောင်နှင့် ကွေးကာ အိပ်၍ ကောင်းသော ညတစ်ညလည်း ဖြစ်ပါသည်။ထိုည သုံးနာရီလောက်မှ ဘကြီးက အိမ်သာ
တက်သည်။
အိမ်သာ တက်ရင်းနှင့်ပင် မြူပါးပါးအောက် ဖောက်ကာ လင်းနေသော လရောင်အောက်တွင် သူခိုး နှစ်ယောက်ကို တွေ့လိုက်၏။ အိမ်လေးအိမ် စုကာ နေသော ကျွန်တော်တို့ခြံဝင်း အတွင်းမှာ သူခိုး လှုပ်ရှားနေသည်ကို ဘကြီးကောင်းစွာ တွေ့ရ၏။ သူခိုးက ဘကြီးအစ်မ ကျွန်တော့် အမေကြီးအိမ် (ကျွန်တော်အိမ်)နှင့် ဘလေးတို့အိမ်သို့ ကပ်သည်။
ဒီမှာပင် ဘကြီးက စဉ်းစားသည်။
သူ့ညီ ဘလေးသာခွေးကို နှိုးကာ သူခိုးကို ဖမ်းရမလား။ ဒါမှမဟုတ် လျင်မြန် ပါးနပ်သော ကျွန်တော့်အဖေကြီး ဦးပိုလိုကို နှိုးကာ ဖမ်းရမလား။သူ့ညီကို နှိုး၍ ညီဖြစ်သူက အိပ်ချင်မူးတူး အော်သံကြောင့် ထလာလျှင် သူခိုးမှာများ လက်နက်ပါလာလျှင် ညီလေးတော့ ဒုက်္ခ။ ပိုလိုက ယောက်ဖ။ ပိုလို့ကိုပဲ နှိုးရမလား။
ဒါမှမဟုတ် သူတက် နေသည့်အိမ်သာနှင့် နီးသော ညီလေးအိမ်က သူခိုးကို အရင် ဖမ်းကာ သာခွေးကိုပဲ နှိုးရမလား။ဘကြီး မကြံတတ် ဖြစ်နေတုန်း သူခိုးက ကျွန်တော်တို့အိမ် ဘေးပြတင်းကို ဖွင့်သည်။ ပိုလို။နောက်တစ်ယောက်က ဘလေးအိမ် နောက်တံခါးကို ကလန့်သည်။ သာခွေး။သူခိုး၊ ပိုလို၊ သာခွေး။ ပိုလို ၊သူခိုး ၊ သာခွေး။ အိမ်သာထဲက ဘကြီး
ဘာလုပ် ရမှန်းမသိ။ ဘလေးအိမ်နောက်တံခါး ပွင့်သွား၏။ ဘကြီး ဝုန်းခနဲ အိမ်သာထဲမှ ထကာ ကြုံးအော်သည်။
သာခွေး သူခိုး၊ သူခိုး သာခွေး၊ ပိုလို သူခိုး သခွီး ပိုသာခွေး၊ သခွီးပိုခွေး၊ သာခိုးခိုးခွေး၊ ပိုခွေးသခွီး
ဘကြီး ရုတ်တရက် အော်သံကြောင့် သူခိုးနှစ်ယောက် လန့်ကာ ပြေးသည်။ ခြံထဲမှာ ပတ်၍ ပြေးခြင်းဖြစ်၏။ တစ်ခြံလုံး နိုးသော်လည်း ဘကြီး
အဓိပ်္ပာယ်ကို မဖော်နိုင်ခြင်း၊ သူခိုးသာခွေးဟု ကြားသူက ညီအစ်ကို နှစ်ယောက် ရန်ဖြစ်ကာ အော်သည် ထင်ခြင်း၊ ပိုလို သူခိုး ကြားသူက သမီးယောက်ဖ ရန်ဖြစ်သည် ထင်ခြင်းကြောင့် မလိုက်ကြ။
ဘကြီးအော်သံ မတိတ်တော့မှ သိကာ ဝိုင်းလိုက် ကြ၏။ ဘကြီးက ရှေ့ဆုံးမှ သူခိုး သခွီး သာခွေး ပိုလို အော်ကာ လိုက်သည်။ နောက်ဆုံး ဘကြီး မိလုမိခင်
သူခိုးတစ်ယောက်က ဘုန်းကြီးကျောင်းထဲ ဝင်ကာ ပြေးသည်။ ဘကြီးက ဆက်မလိုက် သဖြင့် မမိလိုက်၊ ပြန်လာတော့ ဘကြီး အော်သံတွေ အကြောင်းကို ဝိုင်းကာ အပြစ်တင် ကြသည်။
ဟ... သူခိုးက မင်းတို့ နှစ်အိမ်ကို ကပ်တာကိုးကွ ဟု ဘကြီးက ပြန်လှည် ချေပ၏။
အဲဒါဆိုလည်း ကိုအောင်တင်ရယ်၊ ရှေ့ကောင် မိမှပဲ ဥစ်္စာ၊ ဘုန်းကြီးကျောင်းထဲ ဘာဖြစ်လို့ဆက်မလိုက် တာတုံး
ဒီတော့ ဘကြီးက ခေါင်းကို ခါယမ်းကာ မေးသူကို ရိုင်းလှပါ ကလားဟူသော အကြည့်နှင့် ကြည့်ကာဖြေ၏။
ဟ... ငါ့ဇောနဲ့ငါ ထလိုက်ရတာ၊ ငါအခင်းသွားတဲ့ ကိစ်္စက ဘာမှ ပြီးအောင် လုပ်ခဲ့ရတာ မဟုတ်ဘူး။သူခိုး မိလို့ ဆရာတော်နဲ့ တွေ့ရင် မရိုမသေ ဖြစ်မှာကွ၊ ဆက်လိုက်လို့ မရဘူး
သူခိုးဖမ်းသူ အားလုံး
ထိုအကြောင်း ပြောကာ ရယ်ကြသည်ဟု သိရလေ သတည်း။ ။
သဘင်အနုပညာ ဂျာနယ် ၇၆
* * * * *
ဘကြီးနှစ်ယောက်နှင့် မေးခွန်း
* * * * *
ထိုမျှ လွဲကြသော ကျွန်တော့် ဘကြီးနှင့် ကျွန်တော်တို့ ပျော်ရွှင်စွာ နေထိုင် ခဲ့ကြပါသည်။ထိုဘကြီးများသည် ခြံထဲတွင် ရှိသော ကျွန်တော်တို့ မောင်နှမ ၁၄ ယောက်ကို ချစ်ကြပါသည်။ ဂလပ်...ဂလပ်...
ကတောက်... ကတောက်... မြည်နေသော လက်တွန်း လှည်းကလေးတွေ၊ အရွယ် ရောက်တော့မြန်မာ ဂျင်ကလေးတွေ၊ ဆွဲဖြန့်လျှင် ရသော သစ်သားခေါက် ကုလားထိုင် ကလေးတွေကို သံ ရာတစ်ချက်မှမပါဘဲ လုပ်ပေးခဲ့ ဖူးသည်။ ကျွန်တော်တို့က သံရာတစ်ချက်မှ မပါသော ခေါက်ကုလားထိုင် ကလေးနှစ်လုံးရ၏။ ညီအစ်ကို နှစ်ယောက် ရှိသောကြောင့် ဖြစ်သည်။
သို့သော် ထိုခုံကလေးများ အခုတော့ ပျက်စီးသွားကြပြီ ဖြစ်သည်။ ဘကြီး အမွေအဖြစ် စာရေးခုံကလေး တစ်လုံးသာ ရလိုက်၏။ထိုသို့ ချစ်ဖို့ကောင်းသော ဘကြီးနှစ်ဦးကို ကျွန်တော် မရဲတရဲ စခဲ့သော အကြောင်းကလေးကိုလည်းမှတ်မိ နေခဲ့သည်။ ထိုစဉ်က ကျွန်တော် (၁၆)၊ (၁၇) နှစ်အရွယ် ဖြစ်၏။ စာတွေ ပေတွေ ဖတ်ပြီးခါစဟိုစပ်စပ် ဒီစပ်စပ် ပြဿနာရှာခါစ၊
ပတ်ဝန်းကျင်က လူတွေ အကြောင်းကို စိတ်ဝင်စားခါစ ဖြစ်သည်။အချိန်အခါက သီတင်းကျွတ် ဖြစ်၏။
ဘကြီးနှင့် ဘလေးက နှစ်စဉ် လုပ်ပေးနေကျ လက်တွန်းလှည်း မီးပုံးကလေးတွေကို စတင်တွန်းဖူးသူမှာ ကျွန်တော်တို့ မောင်နှမများ သာလျှင် ဖြစ်၏။ ကျွန်တော် (၁၀)နှစ်သား အရွယ် ကတည်းက ဆိုတော့၁၉၇၅-၇၆ လောက်က ဖြစ်လိမ့်မည်။ (မုန့်ဟင်းခါး
ဟင်းရည်တောင်းတာ ကျွန်တော့် အဘိုးက စတာဟူသော အပြောမျိုး မဟုတ်ပါ။ မှတ်မိ သမျှကို အမှန်အတိုင်းရေးခြင်း ဖြစ်သည်)ကျွန်တော် ၁၅-၁၆ နှစ်ရောက် သွားတော့ ထိုလက်တွန်းလှည်း ကလေးတွေ မတွန်းတော့။ မိုးအကုန်ဆောင်းအဝင် စိတ်ဗျာပါ ဝင်ချိန်တွင် ဘိုကေသကာ တိမ်းတိမ်းမူးမူး နိုင်လှသော သီတင်းကျွတ်လ၊ ခံစားမှုတွင်ပွဲတော်ငတ်ကာ လမ်းသလားခြင်း၊ စိတ်ဂဏှာ
မငြိမ်ခြင်း၊ စိတ်အားငယ်ခြင်း တို့ကိုသာ ခံစားသူ ဖြစ်ပါသည်။
ကျွန်တော် မတွန်းသော်လည်း ကျွန်တော့်ထက် ၆-နှစ် ငယ်သော ကျွန်တော့်ညီနှင့် အခြားညီ၊ ညီမတွေတွန်းတုန်းဆို သဖြင့် ဘကြီးနှစ်ဦး ကတော့ လက်တွန်းလှည်းကလေးတွေ လုပ်ပေးတုန်းသာ ဖြစ်သည်။ ၁၉၈၀ခန့်တွင် ထိုလက်တွန်းလှည်းကလေးတွေကို စီးပွားဖြစ် လုပ်ရောင်းလာတာလည်း တွေ့ရ၏။
သို့သော်ကျွန်တော် ဘကြီးတွေ ကတော့ စီးပွားရေး နားလည်သူ မဟုတ်၊ ကျွန်တော်လည်း ထိုစဉ်က မသိ။ ကျွန်တော်သိတာ တစ်ခုပဲ ရှိသည်။ သီတင်းကျွတ်တိုင်း ကျွန်တော်တို့ကို ကစားစရာလုပ်ပေးသောအခုလည်း လုပ်ပေးနေဆဲ ဘကြီး နှစ်ယောက်ကို ကန်တော့ ချင်သည်။ သူတို့ကို ကန်တော့လျှင် မုန့်ဖိုးလေး ဘာလေးလည်း ရမည်။ ဘကြီး နှစ်ယောက်ကို အမှူးပြုကာ တစ်ခြံလုံးရှိ
အသက်ကြီးသူ များကို ကန်တော့ဖို့စီစဉ်သည်။
ဤသို့ဖြင့် ကျွန်တော် မောင်တွေ၊ ညီမတွေကို စုစည်းကာ ပိုက်ဆံကောက်၊ ကိုယ်ကအရင်တစ်ဝက်စိုက်ကာ စီစဉ်ရသည်။ ကိတ်မုန့်နှစ်လုံးဖြင့် ကျွန်တော်တို့ အရင်းအနှီး (၃၀)ကျပ် ထည့်ကာ ချီတက်ကြသည်။ အိမ် အသီးသီး မီးထွန်းခါစ လော်စပီကာသံ၊ တရား ဓမ်္မသံ၊ ဂျပ်အိုးသံ ဆူညံခါစ၊ ညနေရီနေဝင်စောကာ
ဘာသဘောနှင့် လူတွေ ပျော်မြူး နေကြမှန်း မသိသော သီတင်းကျွတ် အစနေ့တွင် ဖြစ်သည်။မြေးတွေအားလုံး စုရုံးကန်တော့ ကြတော့ ဘကြီးနှင့် ဘလေး မျက်ရည်လည် ကြသည်။ ထိုသို့စုကာကန်တော့ခြင်းမှာ ကျွန်တော် စတင်သော ပထမအကြိမ် ဖြစ်၏။ ရိုးသားသော ဘကြီးနှစ်ယောက် အသံတွေတုန်ကာ ဆုပေး ကြသည်။ ကန်တော့ ပြီးပြီးချင်း ကျွန်တော်က ဆုပေးသော
အသံအဆုံး မုန့်ဖိုးရပြီးသည့်အဆုံး စကားစ ပြောသည်။
ဘကြီးနဲ့ ဘလေး၊ ကျွန်တော်က ညီအစ်ကိုတွေ၊ မောင်နှမ တွေကို စုပြီး ကန်တော့တာပါ။ ကျွန်တော် သိချင် တာလေး တစ်ခုလောက် မေးလို့ရမလား
မေးလေ မင်း ဘာမေးချင်လို့လဲ
ဘကြီးက ကျွန်တော့် အော်သံကြောင့် သေသေချာချာကြားကာ မေးသည်။ ကျန်မောင်နှမ များနှင့် ဆွေမျိုး
များလည်း စိတ်ဝင်စား နေကြ၏။
ဟိုလေ ကျွန်တော် မရှင်းတာပါ။ ဟို ကုသိုလ်၊ အကုသိုလ်ပေါ့...ကျွန်တော်တို့ အခု ဘကြီးတို့ကို ကန်တော့တာ ကုသိုလ်၊ ငါးတွေ ဖမ်းတာ၊ ပုရွက်ဆိတ်တွေ သတ်တာ၊ပုစဉ်းတွေ ဖမ်းတာ၊ မိဘကို ခံပြောတာ၊ အဲဒါ အကုသိုလ်၊ ကျွန်တော်တို့ သေသွားရင် ကုသိုလ်နဲ့ အကုသိုလ်ဘယ်အရာကို အရင် ခံစားရသလဲ ဆိုတာ
ကျွန်တော်
အော်သံကို ရပ်လိုက်၏။ ကန်တော့ခံ ဆွေမျိုးများက ကျွန်တော့်ကို ငေးကာ ကြောင်ပြီးကြည့်နေ ကြသည်။
ဟားဟား ငါ့မြေး ဒီလိုဆိုရင်တော့ မင်းမြဲမြဲသာမှတ်တော့။ ကုသိုလ်ဟာ အကုသိုလ်ထက်အားကြီး တယ်ကွ။ ကုသိုလ်ကို အရင်ခံစားရ တာပဲ
ဟေ့ကောင် သာခွေး၊ ကလေးတွေကို ရမ်းမပြောနဲ့။ မင်းပြောတာ မဟုတ်သေးဘူး။
တရားနဲ့ဆန့်ကျင်တယ်။ ရွာဦးဆရာတော် ဟောတဲ့ ဝိသာခါဇာတ်နဲ့ အဇာတသတ် ဘယ်မှာ ထားမလဲ။ ငါ့မြေးတို့ အကုသိုလ် ဆိုတာ မလုပ်တာ အကောင်းဆုံးပဲ
ကျွန်တော့်ထက် ကျယ်သော အော်သံ ဟစ်သံ များကြောင့် ကလေးတွေရော၊ ဆွေမျိုးတွေပါ လန့်ကုန်၏။
ဒီမှာ အစ်ကို၊ ငါးရာ့ငါးဆယ်မှာ အကုသိုလ်ကြောင့် ခံရတဲ့ ဇာတ်က နှစ်ဇာတ်တည်း၊
ကုသိုလ်မှာခံစားရတဲ့ ဇာတ်က အများကြီး၊ ကုသိုလ်ဟာ အကုသိုလ်ကို ချေဖျက်နိုင်တယ်လို့ ဆရာတော် ဟောတာလေ
ဟေ့ကောင် သာခွေး၊ ကလေးတွေကို မင်းဘာတွေ ပြောနေတာလဲ
အစ်ကို့ စကားက မှားနေတာကို
ဟေ့ကောင် တိတ်
အစ်ကို အမှားပြောတာ တော် ကလေးတွေက...
သာခွေး
အစ်ကိုက...
ရန်ထ ဖြစ်ကြသော ဘကြီး နှစ်ယောက်ရှေ့မှ ကျွန်တော်
ကိတ်မုန့် ပန်းကန်ကို မကာ ထလစ်သည်။ဖျန်ဖြေ သူများကြားမှာ ကြားချင်ရာ ကြားကာ ဘကြီးနှစ်ယောက် ကုသိုလ်၊ အကုသိုလ် ကိုငြင်း မဆုံးကြ။ကျွန်တော့် ကိတ်မုန့်ကိုလည်း သူတို့ သတိမရ ကြတော့ သဖြင့် ကျွန်တော်တို့ပဲ တီးလိုက် ကြရသည်။
အခုတော့ နှလုံးသွင်းရာဘက် ပါတက်သော ကုသိုလ်နှင့် အကုသိုလ်တို့၏ မကောင်းမှု သဘောကိုလည်း
ကျွန်တော် ဆရာကြီး ဦးရွှေအောင်၏ ကျေးဇူးကြောင့် သိခဲ့ရပြီ။ ဘဝသံသရာ ပြတ်ရေး အတွက်နိဗ်္ဗာန်အတွက် ကုသိုလ်နှင့် အကုသိုလ်သည် အနှစ်သာရ သိပ်မခြားနား လှသော အထောက်အပံ့သာဖြစ်ကြောင်း၊ နိဗ်္ဗာန်ကို ဦးတည်သူများ အတွက် ကုသိုလ် အကုသိုလ်စည်ဖောင်သွယ်သာ ဖြစ်ကြောင်းကျွန်တော် သိခဲ့ရပါပြီ။
စာဖတ်တတ်ခါစ အသိဉာဏ် ကလေးနှင့် ဒုက်္ခပေးမိ
ခဲ့သော ကျွန်တော့် အဖြစ်ကို ကျွန်တော် ကိုယ်တိုင် အပြစ်မှတ်ယူကာ ရိုးသားကြသော ဘကြီးနှင့် ဘလေးတို့ကို ခွင့်လွှတ်နိုင်ကြဖို့ အမှတ်တရ ထိုအကြောင်းကိုရေးမိပါသည် ခင်ဗျား။ ။
သဘင်အနုပညာ ဂျာနယ် ၇၈
* * * * *
အမျိုးအရင်းကြီး
* * * * *
ကျွန်တော်တို့၏ ကားမောင်းတတ်သော မျိုးရိုးသည် ကျွန်တော့် အဖေကြီးတွင်
ဂိတ်ဆုံး လေသည်။ကျွန်တော့် အဖေကြီး (အမေ့အဖေ) ကတော့ ကားကို ရိုးရိုးမောင်းတတ်သူ မဟုတ်။ နယ် (အဝေးပြေး)ကားကြီးများကိုပါ မောင်းတတ်သူ ဖြစ်သည်။ ထို့အပြင် အဝေးပြေး ကားဆရာတု့ိ ထုံးစံအတိုင်း ကျွန်တော့်အဖေကြီးက Lady (၃)ယောက် ရှိ၏။ ကျွန်တော့် အမေကြီးက ဒုတိယ ဖြစ်သည်။
ကျွန်တော် လူမှန်းသိချိန်တွင်မတော့ အဖေကြီးကို ကားမောင်းတာ မတွေ့ရတော့။
နောက်ဆုံး Lady နှင့် တစ်ခါတစ်ရံမှ ကျွန်တော်တို့ အိမ်သို့ ရောက်တတ်သည်။ လာသည့် အခါတွင်လည်း အဖေကြီးက ကျွန်တော်နှင့် ကျွန်တော့်ညီကို ခေါ်ကာ မြို့ထဲသွား တတ်၏။ မြို့ထဲ သွားခြင်းမှာ ရုပ်ရှင်ကြည့်ချင်လျှင် အဖေကြီးကို မျှော်ရသည်။
ထိုနေ့က အဖေကြီးအိမ်သို့ ရောက်လာသည်။ ထမင်းစားပြီးတော့ ကျွန်တော်တို့
ညီအစ်ကိုကိုရုပ်ရှင်သွားကြည့်မည် ပြော၏။ ကျွန်တော်တို့ ပျော်ကြပါသည်။ ရန်ကုန်မြို့သို့ အသွား ကားပေါ်တွင်အဖေကြီးက အိပ်လိုက်လာ၏။ အိပ်တာမှ ဟောက်သံထွက်အောင် နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်လိုက်သွားခြင်းဖြစ်၏။
ကျွန်တော်က သိတတ်စရွယ်မို့ မြို့ထဲရောက်ပြီး၊ အဖေကြီး မနိုးမှာကို စိုးရိမ် နေခဲ့သည်။ သို့သော် မြို့ထဲရောက်သည်နှင့် အဖေကြီးက နိုးသည်။
ကျွန်တော် စိတ်အေးသွား သလို ကြည့်တော့ အဖေကြီးက ပြုံးသည်။
ငါ နိုးပါတယ်ကွ၊ မြို့ထဲရောက်ရင် ဟွန်းသံတွေ ဒီလောက် ဆူနေတာ
ကားပေါ်က ဆင်းတော့ ရေခဲရေ ၁၀ ပြားဖိုး ဝယ်ကာ မျက်နှာ သစ်သည်။ ထို့နောက် ကျွန်တော်တို့ကို ပပဝင်းရုံမှာ (ယခု Trader Hotel နေရာမှာ) ဂေါ်ဇီလာနှင့် ကင်းကောင်ကားပြ၏။ ပြသည်မှ ကားစပြ ကတည်းက အဖေကြီးက အိပ်လေသည်။ ဂေါ်ဇီလာ
ပေါ်လာတော့ ကျွန်တော် ကြောက်ကာ အဖေကြီးကို နှိုးတော့ အဖေကြီး ခဏနိုးသည်။ သူကြည့်ပြီးသား ကောင်းတယ် ဆက်ကြည့်ဟု ပြောကာ ပြန်အိပ် သွား၏။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ကြောက်ကြောက်နှင့် ဆက်ကြည့် ပါသည်။
ရုပ်ရှင်ပြီးသွားတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ပပဝင်းရုံအောက် ရှိသည့်
အာလူးပူရီကျွေးသည်။ ထို့နောက် ဘတ်စ်ကား ရှိရာ မှတ်တိုင်သို့ လမ်းလျှောက်ကာ ပြန်လာခဲ့ရ၏။ ကျွန်တော်တို့ပြန်ချိန်က နေ့ခင်း ၂နာရီခွဲပွဲ အပြီး ဖြစ်သည်။ နေ့ခင်းအချိန် ရန်ကုန်မှ ပြန်အဆင်း ကားတွေ ထုံးစံအတိုင်းထိုစဉ်ကတည်းက ကားချောင်သဖြင့် ကျွန်တော်တို့ မြေးအဘိုး သုံးယောက် နေရာ ရပါသည်။လက်မှတ်ဖြတ် အပြီး အဖေကြီးက ထုံးစံအတိုင်း အိပ်ပြန်၏။
ဒီတစ်ခါတော့
ကိစ်္စ မရှိ၊ ကျွန်တော်ဆင်းရမည့် ဇဝနမှတ်တိုင်ကို ကျွန်တော် သိသည်။ သို့သော်ကျွန်တော်တို့ စီးလာသော လူချောင်သည့် ဘတ်(စ်)ကားက သိမ်ဖြူခုံး တံတားက ဆင်းပြီး ကတည်းကတရကြမ်း မောင်းလေ သည်။ ရှေ့မှာရှိသည့ ် လိုင်းတူ ဘတ်(စ်)ကားကို ဖိုက်ခြင်းဟု ကျွန်တော် သိသည်။
သိမ်ဖြူဈေး၊ မဆလာစက်၊ လေးလမ်း၊ တောက်လျှောက် တအား
လှိမ့်မောင်းသဖြင့် သစ်သားဘော်ဒီနှင့်ခုံသံ တဂျိုင်းဂျိုင်းဆူညံ၊ လူတွေအော် ကားအင်ဂျင်သံ ဆူညံကာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။ထိုခေတ်က မင်္ဂလာဈေး မှတ်တိုင်မရှိသေး၍ တာမွေကိုလု၍ မောင်းကြခြင်း ဖြစ်သည်။တစ်ဖက်ကားကလည်း ထုံးစံအတိုင်း အလျှော့မပေး။ သူကျော်လိုက် ကိုယ်ရှေ့ရောက်လိုက်၊ မှတ်တိုင်တွေမှာစပယ်ယာတွေက လူတွေကို ကမန်းကတမ်း ဆင်းခိုင်းကာ အရေးတကြီး ဆူညံစွာ
အော်ဟစ်ရင်းလူမတင်တော့ဘဲ ကားကို တရကြမ်း မောင်းစေသည်။
သံစုံမြည်ဟည်းနေသော သစ်သားကာကြီး နှစ်စင်း ရင်ပေါင်းတန်းမိချိန်ကား အသည်းထိတ်စရာအကောင်းဆုံး ပင်ဖြစ်တော့သည်။ တစ်စင်းနှင့်တစ်စင်း ကပ်မိချိန်မှာ တစ်ဦးနှင့်တစ်ဦး မခံချင်အောင်လှောင်ပြောင်ခြင်းမှာ ယခုမှ မဟုတ်၊ ဟိုတုန်းကလည်း ဒီအတိုင်းပင် ဖြစ်၏။
ကိုရွှေဒရိုင်ဘာများ ကလည်း အသက်ဘေး သေဘေး မသိတော့။ မခံချင်စိတ်နှင့် ဂီယာကို ပြောင်းကာ
လီဗာကိုသာ တအား ဖိနင်း တက်ကြ၏။ သူတို့ ကမ်္ဘာတွင် ရှေ့ကားကို ကျော်ရေးမှာ နပိုလီယံဥရောပတိုက်ကို သိမ်းဖို့နီးနီး အရေးကြီးလေသည်။
ထိုသို့ ကားနှစ်စင်းဆူညံစွာ ပြိုင်နေချိန်တွင် ကျွန်တော့် အဖေကြီး နိုးကာ လာ၏။ ခရီးသည်များထိတ်လန့် တကြား ငယ်သံပါအောင် အော်သောကြောင့် ဖြစ်သည်။ ကားနှစ်စင်း ဂီယာကုန် လီဗာကုန်နင်းကာ ဘေးချင်းယှဉ်
နေချိန်လည်း ဖြစ်၏။ ကားစက်သံ ငယ်သံပါအောင် မချိမဆန့် အော်ပြီးမှကျွန်တော်တို့ကား ဂီယာကုန်ကာ ကျန်ခဲ့သည်။ ကျော်သွားသော ကားမှ စပယ်ယာက ယခုခေတ် အတိုင်းပင်လက်ခေါက်ကို အသံမျိုးစုံ မှုတ်ကာ စနောက်ပြီး ဝေးကာ သွားသည်။ အဖေကြီး ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ကာ အိပ်နေရာမှ ဆတ်ခနဲ ထထိုင်၏။
ကျွန်တော်တို့ ကားစပယ်ယာက ရှေ့ကားကို ပြန်ကျော်ရေးအတွက် မှတ်တိုင်တွေ
အော်မေးသည်။ကားပေါ်မှာ ပါသည့် ခရီးသည်တွေ ကလည်း ကြောက်၍သာ အော်သည်၊ နီးစပ်ရာ မှတ်တိုင်မှာ ကျတော့သေမှာစိုး၍ ဘယ်သူမှ မဆင်းကြ။ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်လည်း ဒီနေ့အထိ မသိ၊ ကားမှောက်ပြီး ဒုက်္ခများမှာထက် နောက်ကားတစ်စင်း မရမှာကို ပိုကြောက်၍လား မသိ။
ထိုစဉ် ကျွန်တော်တို့ကားက ဂီယာ အသစ်ထိုးကာ လီဗာကို အသားကုန်
နင်းသည်။ ရှေ့ကား ဖင်ကို နီးကပ်နေပြီ ဖြစ်၏။ ဆတ်ခနဲကွေ့ကာ ကျော်သည်။ မလွတ်။ ကားတစ်စီး လာနေသည့် အတွက်ကမန်းကတမ်း ပြန်ရှောင်ရ၍ လူတွေ(ထိုင်သူတွေ) ပြိုလဲကုန်သည်။ (ထိုစဉ်က ယခုလို နှစ်လမ်းသွား မဟုတ်၊ တစ်လမ်းသွားသာ ဖြစ်၏။) ကားကို ပြန်တည့်ကာ ရှေ့ကားဖင်မှ ကပ်၍ လိုက်သည်။ အခွင့်သာသည်နှင့ ်ကျော်မည့်ပုံ၊ စပယ်ယာ ကလည်း
ကားပြတင်းမှ ခေါင်းကို ထုတ်ကာ ကားရှင်းမရှင်း အော်ကာ ပေးနေ၏။ထိုစဉ်မှာပင် ကျွန်တော့် အဖေကြီးက ထိုင်နေရာမှ ကြုံးထကာ အော်သည်။
သေချင်လို့လား အခုရပ် ဘာကောင်လဲကွ
ရှေ့ကားနှင့် ကပ်နေရာမှ ကျွန်တော်တို့ကား ရုတ်ခနဲ ကျန်ခဲ့၏။ ကားပေါ်မှ ခရီးသည်တွေ အားလုံးကအဖေကြီးကို ဝိုင်းကြည့်ကြသည်။ စပယ်ယာက
အပြင်ထုတ်ထားသော သူ့ခေါင်းကို ရုတ်ကာ အဖေကြီးကိုကြည့်၏။ ကားအရှိန်လျော့ကာ လမ်းဘေးတွင် ရပ်ကာ သွားသည်။
ခင်ဗျားကြီး ဘာပြောတာလဲ
စပယ်ယာက အဖေကြီးထံသို့ ရောက်လာကာ အော်မေးသည်။ ကားက ရပ်ရန် လမ်းဘေးသို့ ချနေပြီဖြစ်၏။
အရမ်းမောင်းရ သလားကွ၊ တိုက်ပြီးသေကုန်ရင် ဘယ့်နှယ့် လုပ်မလဲ
ကားက လမ်းဘေးနား လုံး၀ ထိုးရပ်ကာ
သွား၏။ ကျွန်တော်ကတော့ ကလေးမို့ ကြောက်တာ တစ်ခုပဲရှိသည်။ ကားမောင်းခန်းမှ အော်သံ မသဲမကွဲ နှင့်အတူ တဝုန်းဝုန်း အသံကြားကာ ကားလှည့်သောဂေါက်တံကို ကိုင်ကာ ဒရိုင်ဘာ ထွက်လာသည်။
ဘယ်ကောင်လဲကွ၊ ငါ့ကို ဆဲတာ ငါမောင်းတာ ဘာဖြစ်လဲ
အေး ဆဲတာ ငါပဲကွ၊ ဘယ်လိုမောင်းတာလဲ
တစ်ကားလုံးရှိ ပရိသတ် ငြိမ်ကာ သွား၏။ ကားဆရာက
ဂေါက်တံကို ကိုင်ကာ ပြေးလာသည်။အဖေကြီးက မတ်တတ်ရပ်ဆဲ။ သို့သော် ကားဆရာ ကျွန်တော်တို့ ခုံနားအရောက်တွင်...
ဟာ….. အဖေ
အေး ငါပဲပိုလိုကွ။ ကားကို ဘယ်လို မောင်းတာလဲ
စပယ်ယာက ဘာပြောရမှန်း မသိ။ ဂေါက်ကိုင်လာသူ ကားဆရာကို အဖေကြီးက နရင်း ပိတ်တီး၏။ပရိသတ်က နားမလည်။ သို့သော် ကားပြန်မောင်း သည့်အခါ
မှတ်တိုင်စေ့ရပ်၍ လိပ်ကအဘိုးခေါ်ရလောက်အောင် နှေးသွား လေသည်။ ကားပေါ်မှ ဆင်းတော့ အဖေကြီးက ဒရိုင်ဘာကို ဘာမှမပြောတော့။ နားမလည်သော ကျွန်တော်က မေးရသည်။
အဖေကြီး ခုနက...
အဲဒါ ငါ့ပထမမိန်းမ မမြကမွေးတာ။ ဘိုစိန်တဲ့၊ အလကားကောင် ဟု အဖေကြီးဒေါသနှင့်ဖြေလေသည်။ ။
သဘင်အနုပညာ ဂျာနယ် ၈၃
* * * * *
ကျွန်တော်နှင့်
လက်မှတ်စစ်များ
* * * * *
၁၉၈၂ ခုနှစ်က ဖြစ်ပါသည်။
ကျွန်တော်က (၁၀)တန်းကျောင်းသား၊ ကျွန်တော့်ညီက (၇)တန်း ကျောင်းသား ဖြစ်၏။ ကျွန်တော်တို့နေသော ကျောင်းက အထက (၃) သင်္ဃန်ကျွန်း၊ ထိုခေတ် ထိုအချိန်က အထက(၁)၊ အထက(၂)တို့နာမည်ကြီးနေချိန်တွင် ကျွန်တော်နှင့် ကျွန်တော့်ညီက အထက(၃)မှ ကျောင်းသားတွေ ဖြစ်နေသည်။ထို အထက(၃)သို့
သွားရန် ကျွန်တော်တို့ ကားစီးရ၏။ ကား ဆိုသည်မှာ ဘတ်(စ်)ကား ဖြစ်ပါသည်။ကျွန်တော့်တို့စီးသော ကားက (၁၃) အစိမ်း၊ ကျွန်တော်တို့ ဖြတ်သန်းရသော မှတ်တိုင်များက ဇဝန၊ဘုရားလမ်း၊ ဘီအိုစီ၊ သံလမ်း၊ ကဖူးကွေ့။
ထိုကဖူးကွေ့သို့ ရောက်လျှင် ကျွန်တော်တို့ အထက(၃) ရှေ့ပင် ဖြစ်၏။ ထိုခေတ်က ကျွန်တော်တို့ပေးရသော ကားခမှာ ၁၅ ပြားသာ ဖြစ်သည်။ ထိုအချိန်တွင် ကျွန်တော်က
မုန့်ဖိုး ၁ ကျပ် ၂၅ ပြားရ၍ကျွန်တော့်ညီ ခုနစ်တန်း ကျောင်းသားကလည်း ထိုအတိုင်း ရပါသည်။ ထို့ကြောင့် ဇဝနမှတ်တိုင်မှ ကဖူးကွေ့မှတ်တိုင် အထိ အသွား ၁၅ ပြား၊ အပြန် ၁၅ ပြား၊ ပြား (၃၀) ကျသည်။ ကားခအမှန်အတိုင်း ပေးလျှင်ကျွန်တော်နှင့် ညီဖြစ်သူ ၉၅ ပြားသာ ကျန်၏။ ထို့ကြောင့် ကျွန်တော့်ညီက အသွားဖြစ်စေ အပြန်ဖြစ်စေကားခကို ၁၀ ပြားနှင့် ရအောင် စီးလေ့
ရှိသည်။ ဒါမှ (၁)ကျပ်ပြည့်အောင် သူသုံးရမှာကိုး။
ကျွန်တော်က (၁၀)တန်း ဆိုတော့ လူပျိုပေါက်စ။ ဆံပင်ကို သပ်ရပ်ချင်သည်။ အိုက်တင်ကို အပြည့်ရှိချင်သည်။ သိက်္ခာကို ရှက်ရကောင်းမှန်း သိနေပြီ။ ထို့ကြောင့် ကျွန်တော်သည် ကားပေါ်ရောက်လျှင်အထက(၁)မှာ ဆင်းမည့် ကျောင်းသားများ (ဘုရားလမ်းမှာ ဆင့်မည့် ကျောင်းသားများ) ရှေ့တွင်
အိုက်တင်အပြည့်နှင့် ကားကို စီးတတ်သည်။
ပြဿနာက ကျွန်တော်ညီသာ ဖြစ်၏။ သူက ကလေးဆိုတော့ အိုက်တင် မရှိ၊ သူ့စိတ်ထဲမှာ တစ်ကျပ် အပြည့်သုံးရေးသာ ရှိသည်။ ထိုစဉ်က ကျောင်းတွေမှာ မုန့်ရောင်းပုံကလည်း မုန့်ဟင်းခါး တစ်ပွဲ ပြား ၅၀။ အသုပ် တစ်ပွဲ တစ်မတ်။ ၂၅ ပြား စသည့်ဖြင့် ပြားစွန်း မခံနိုင်သောကြောင့် ၉၅ ပြားသာ ကျန်လျှင်
သူ၏ပြား ၂၀ မှာ ဘာမှ စား၍ မရတော့။ အဲဒီတော့ သူက အသွား ဖြစ်စေ၊ အပြန်ဖြစ်စေ ကားခိုး စီး၏။ ဒါမှသူ တစ်ကျပ် အပြည့် သုံးရမှာကိုး။
ထိုစဉ်က ကားစပယ်ယာ များကလည်း လက်မှတ်နှင့် ဖြစ်၍ အတော်လျင်သည်။ အခုခေတ် စပယ်ယာများ ထိုခေတ်စပယ်ယာများကို လုံးဝမမီကြောင်း ကျွန်တော် ပြောရဲသည်။ ၁၀ ပြားပေးသူ
နှစ်မှတ်တိုင်မှာဆင်း၊ ၁၅ ပြား လေးမှတ်တိုင်။ ပြား ၂၀ တာမွေအထိ။ တာမွေကျော်လျှင် ၂၅ ပြား။ မော်တင်အထိ ပြား ၄၀ ခေတ်ဖြစ် သောကြောင့် သူတို့ လျင်ရခြင်းလည်း ဖြစ်နိုင်ပါသည်။
တစ်နေ့တော့ ကျွန်တော့်ညီက ကားခိုး စီးသည်။ ၁၅ ပြား ပေးရမည့် လမ်းကို ၁၀ ပြားပေးစီးခြင်းဖြစ်၏။ ဒီတော့ လျင်သော လက်မှတ်စစ်က မိသည်။ (ဒီကောင် ဘယ်တုန်း ကတည်းက
ကားခိုးစီးနေမှန်းအိုက်တင်ခံနေသော ကျွန်တော် မသိ)။ လက်မှတ်စစ်က သူ့ကို ဘီအိုစီမှာ မောင်းချသည်။ကျွန်တော့်ညီကလည်း ၅ ပြားကို ထပ်မပေး၊ ဘီအိုစီမှာ ဆင်းသွား၏။ နေ့စဉ် သူနှင့် ကျွန်တော်ထိုကားတစ်စင်း မဟုတ် တစ်စင်း စီးရသောကြောင့် သိနေသော ကောင်မလေးတွေက ကျွန်တော့်ကိုပြုံးကြသည်။ ကျွန်တော် တော်တော် ရှက်ပါသည်။
ကျောင်းအပြန် မှတ်တိုင်မှာ တွေ့တော့
ကျွန်တော့် ဒေါသက ဆိုဖွယ်ရာ မရှိတော့။ ဒီကောင် ကတော့ မနက်ကကိစ်္စ သူမလုပ်သလိုပင်။ လာမည့် (၁၃)ကား အစိမ်းကို လည်ပင်းရှည်အောင် မျှော်နေ၏။ ကျွန်တော် ဒေါသ ဖြစ်သွားသည်။
ဟေ့ကောင် မင်းမနက်က ဘာဖြစ်လို့ ကားခိုးစီး တာလဲ
ကား.. ညီလေး ခိုးမစီးပါဘူး
ဇဝနနဲ့ ကဖူးကွေ့ကို ၁၅ ပြား ဆိုတာ သိလျက်သားနဲ့ မင်း ဘာဖြစ်လို့
(၁၀)ပြား ပေးရတာလဲ။ လက်မှတ် စစ်က မောင်းချတော့ ငါ သိက်္ခာ ကျတာ ပေါ့ကွ
ညီဖြစ်သူက ကျွန်တော့် ဒေါသ စကားကို စိတ် မဝင်စား၊ ကားလာ မလာ မျှော်လိုက် သေး၏။ ပြီးမှသူက ဆက်ပြော၏။
အဲဒီ လက်မှတ်က ၁၅ ပြားမှ မတန်တာ
ရုတ်တရက် ကျွန်တော် ဘာပြန် ပြောရမှန်း မသိ။ သူဆိုလိုသည်က သူ ၁၅ ပြား ပေးလိုက်လျှင်လက်မှတ်စစ်က ပြန်ပေးသော အနီရောင် လက်မှတ်
ကလေးကို ပြောနေခြင်း ဖြစ်သည် ဆိုတာကိုတော့ကျွန်တော် သဘောပေါက်သည်။
ဟ….မင်းကို အဲဒီလက်မှတ် ၁၅ ပြားနဲ့ ရောင်းတာမှ မဟုတ်ပဲ
သူက ဒါပဲ ပြန်ပေးတာကိုး
ညီဖြစ်သူက မကျေမနပ်ဖြင့် ပြော၏။ ညီဖြစ်သူက ထိုစာရွက် ကလေးကို ၁၅ ပြားဖြင့် ဝယ်ရသည်ဟုထင်နေသည်။ ကျွန်တော်သာပြန် ပြောရမှန်း ထိုစဉ်က မသိ။ အမှန်တော့
ညီဖြစ်သူ၏ ဝန်ဆောင်မှုကို ထိုလက်မှတ်က သက်သေခံခြင်းသာ ဖြစ်သည်။ သို့သော် ၁၉၈၂ ခုနှစ်က ထို ဝန်ဆောင်မှု ဆိုသော စကားမပေါ်သေး။ဒီတော့ ကျွန်တော် နားလည် သလိုပဲ ပြောရသည်။
ဟေ့ကောင် မင်းကို ဒီလက်မှတ် ၁၅ ပြားနဲ့ ရောင်းတာ မဟုတ်ဘူး။ မင်း ဇဝနကနေ ကဖူးကွေ့ကို ရောက်ဖို့ သူတို့ သယ်သွားရတဲ့ အတွက် ၁၅ ပြား ယူတာ
ကျွန်တော့် စကားဆုံးတော့ ညီဖြစ်သူက ပြန်ပြော၏။
အစ်ကိုကြီးကလည်း ကျွန်တော်မလိုက်လည်း သူတို့က ဒီကားကို ဒီနေရာတွေပဲ မောင်းမယ့်ဟာ၊ ဘာဖြစ်လို့ ကျွန်တော့်ကျမှ ပိုက်ဆံတောင်း ရတာလဲ
ထိုစဉ်က ကျွန်တော်ထိုစကားကို ပြန်မဖြေနိုင်ခဲ့ပါ။
သူပြောတာ ဟုတ်နေသည် ဆိုတာကို ကျွန်တော် တွေးမိသောကြောင့် ဖြစ်၏။
သူပိုက်ဆံမပေး။ထိုကားပေါ် မတက်လည်း ဒီကားကြီး ကတော့ ဒီနေရာကို မောင်းမှာပဲ ဖြစ်သည်။ ဝန်ဆောင်မှုဆိုတာကိုကျွန်တော် ထိုစဉ်က မသိသလို ကျွန်တော့်ညီလည်း သဘောမပေါက်။ တန်ရာတန်ကြေးမပေး၍ ကျွန်တော်ကအစ်ကိုအနေနှင့် ရှက်တာပဲ ရှိသည်။ ညီဖြစ်သူကို ဘာမှ ပြန်မပြောနိုင်ခဲ့။
ကျွန်တော်တို့ အခု ဘ၀ ကားပေါ်မှာ စီးခဲ့ ကြပြီ။
ကျွန်တော်တို့ မစီးလည်း ဘဝကားက ထိုနေရာ ထိုမှတ်တိုင်သို့ သွားမည်သာ ဖြစ်၏။
ကျွန်တော် ဘယ်အထိ လက်မှတ်ဆုတ်ထား သလဲ၊ ထိုနေရာ အထိသာ စီးခွင့် ရှိပါသည်။
လက်မှတ်စစ်ကတော့ သေချာ၏။
မှတ်တိုင် အကျော်ခံလိမ့်မည် မဟုတ်ပါ။ ။
ရွှေမြင်သာ ဂျာနယ် ၅
* * * * *
ခုန်ချသူများ
* * * * *
ကျွန်တော်သည် ကားအကြောင်းကို ဘာမှ သေသေချာချာ သိရှိသူ တစ်ယောက် မဟုတ်သော်လည်းကျွန်တော် နေထိုင်သော ပြည်သာယာ
လမ်းတလျှောက်လုံးမှာ ကားဆရာ၊ ကားသမား၊ ကားအုံနာ အတော်များပါသည်။
ညအောက်ဆိုက် ဆွဲကာ ပြန်လာသော ဘတ်စ်ကားကြီးများမှာ အိမ်များကို ဦးတိုက်၍ တစ်နေကုန် မောပန်းလာသူ တစ်ယောက်လို ငြိမ်သက်နားနေ တတ်ကြသည်။ ထိုအချိန်ဆိုလျှင် ကျွန်တော်တို့ သူငယ်ချင်းများ ကားပေါ်တက်ကာ စကားပြော၊ ဆေးလိပ်ခိုးသောက်၊ ဂစ်တာတီး စသဖြင့် လုပ်တတ်ကြသည်။ ဆောင်းတွင်းမနက်
အရုဏ်တက် အချိန်တို့တွင် အိပ်ရာထဲတွင် နွေးသည်ထက်နွေးအောင် ကွေးရင်း တစ်စင်းပြီးတစ်စင်း စက်နှိုးကာ တဂျိုင်းဂျိုင်း ထွက်သွားတတ်သော ထိုဘတ်စ်ကားသံများကို ကျွန်တော် ဇိမ်ယူကာ နားထောင်တတ်၏။
ကျွန်တော်မှ လွဲ၍ ကျန်သူငယ်ချင်း အားလုံးကတော့ ကားနှင့် ရင်းနှီးကြ၏။ ကျွန်တော့်သူငယ်ချင်းများမှာ ကားမောင်းသူ၏သား၊ အုံနာသား၊ တူ စသဖြင့် ရှိကြသည်။ ဘာမှ မတော်သူတွေကလည်းထိုသူငယ်ချင်းများ ကားနှိုက်သည့်အခါ ဝင်နှိုက်ရင်း စက်ဆီတွေ စက်ချေးတွေ ပေကာ ပျော်ရွှင် နေတတ်ကြသည်။
ကျွန်တော့် သူငယ်ချင်းများ အိမ်ရှေ့ ပြည်သာယာလမ်းမတွင် ပြေးဆွဲနေသော နံပါတ်
၁၄ဘတ်စ်ကားများကို မမြင်ရသေးသော်လည်း အသံကြားရုံနှင့် ကားနံပါတ်ကို အလွတ်ရ ကြသည်။ ပါကင်သံနှင့်ချက်ပလက် အသံကိုလည်း ခွဲနိုင်ကြ၏။ ကျွန်တော်ကတော့ မည်သို့မှ ကြိုးစား၍မရ။ ကျွန်တော့် အတွက်တော့ကားစက်သံ၊ ကားဟွန်းသံတို့သည် အားလုံး အတူတူသာ ဖြစ်၏။ ဘာမှ မကွဲပြား။ ထိုဘတ်စ်ကားကြီးများနှင့်ပတ်သက်၍ ကျွန်တော်တို့ လူငယ်လောကတွင် ဂုဏ်ယူလေ့ရှိသော ကျွမ်းကျင်မှု နှစ်ခု ရှိလေသည်။
တစ်ခုမှာမည်မျှ အမြန်နှုန်းနှင့် မောင်းနေသော ကားပင်ဖြစ်စေ၊ နောက်ဘက် အပေါက်မှ ပုံစံမပျက် တွယ်စီးနိုင်ခြင်းနှင့် ထိုအရှိန်နှင့် မောင်းနေသော ကားပေါ်မှ ဟန်မပျက် ခုန်ချနိုင်ကြခြင်းပင် ဖြစ်သည်။
ယခု ပြန်တွေးကြည့်လျှင် ဘာမှ ပြောပလောက်သည့် ကိစ်္စမျိုး မဟုတ်သော်လည်း လူငယ်ဘဝတွင်တော့ထိုသို့ လုပ်နိုင်သူသည် ပီဘိ
သူရဲကောင်းဟု အထင် ရှိကြသည်။
ကျွန်တော်တို့ သူငယ်ချင်း အများစု နေကြသော နေရာသည် အထက(၂) ကျောင်းရှေ့ မှတ်တိုင်နှင့် ဇဝနမှတ်တိုင် အကြားတွင် ဖြစ်သည်။ ကျွန်တော်က ရန်ကုန်မှ စီးလာလျှင် ကျောင်းရှေ့မှတ်တိုင်မှာ ဆင်းချင်ဆင်း၊ သို့မဟုတ် ဇဝနမှတ်တိုင်တွင် ဆင်းလေ့ ရှိမည်။ ကျွန်တော့် သူငယ်ချင်းတွေ ကတော့ရန်ကုန်မှ ပြန်လာလျှင်လည်း
ကျောင်းရှေ့ မှတ်တိုင်တွင် မဆင်း၊ ပြည်သာယာလမ်းနှင့် ဇောတိက လမ်းဆုံရာ ကျွန်တော်တို့ အိမ်ရှေ့တွင် ကုန်းဆင်း အရှိန်နှင့် မောင်းသွားသော ကားပေါ်မှ ဟန်မပျက် ခုန်ဆင်းကာ နေခဲ့ကြ၏။ ကျွန်တော် ရောက်လာတော့ သူတို့က ရွှေညာဆိုင်မှာ လက်ဖက်ရည် မှာပြီးသားဖြစ်နေတတ်သည်။
အစပိုင်းမှာ ထိုသို့ ခုန်မဆင်းတတ်သော
ကျွန်တော့်ကို အပြစ်တင်လေ့ ရှိကြသော်လည်း ကြာလာတော့သူတို့ ဒီလို သေသေသပ်သပ် ခုန်ချတတ်တာလည်း သဘာ၀ ဖြစ်လေ၏။
ထိုသို့ ခုန်ဆင်းသည့်ကို ကြည့်ရသည်မှာ တော်တော် အသည်းယားစရာ ကောင်းပါသည်။ ကျွန်တော်တို့ ပြည်သာယာလမ်း ကုန်းဆင်းသည် တာမွေကုန်းလောက် မမတ်သော်လည်း ပြေသည့်ခရီးက ကြာရှည်သဖြင့် ကုန်းဆင်းတစ်ဝက်တွင် ကားအရှိန်က တော်တော်ကို
မြန်သည်။ ထို့အပြင် ကျွန်တော်တိုခေတ်က ဝတ်စား ဆင်ယင်ပုံက အင်္ကျီလက်ရှည်၊ လုံချည်ခြေဖျားထွေးနှင့် ဦးထုပ် ခပ်ငိုက်ငိုက်စတိုင်လ် ဖြစ်၏။
လုံချည်ခြေဖျားထွေးကို ခြေဖမိုးပေါ်ရုံ ဆွဲမကာ ကိုယ်ကိုဝပ်လျက် ခုန်ချရင်း လက်တစ်ဖက်ကစစ်ဦးထုပ်ကို အသာဖိထား သေးသည်။ ကြည့်ရတာ တော်တော် အသည်းယားစရာကောင်း၏။ သို့သော်ကျွန်တော့် သူငယ်ချင်း များကတော့
လေထီးစစ်သားတွေလို တဖျပ်ဖျပ် ခုန်ချကာ ကားလမ်းမပေါ်မှာ အရှိန်နှင့်သုံးလေးလှမ်းပြေးကာ ကျန်ရစ်ခဲ့တတ်သည်။ ကျွန်တော်က ထုံးစံအတိုင်း ပြန်လမ်းလျှောက်။
ပြည်သာယာ လမ်းမသည် ကုန်းဆင်းဖြစ်သည့် အပြင် လမ်းကလိမ်ကာ ဘယ်ဘက်သို့ အနည်းငယ်ကွေ့စောင်းကာ ရှိသည်။ ကုန်းဆင်းပြီးစ အရှိန်ရခါစနေရာတွင် ချိုင့်ကြီးတစ်ခု ရှိရာ ဘတ်စ်ကားတိုင်းထိုနေရာတွင် ဝုန်းဒိုင်းအမြဲ
ခုန်တတ်လေသည်။ အတက်ကားဆို ပြဿနာ မရှိသော်လည်းအဆင်းကားတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်း မြည်ကာ ဆင်းသွားလေ့ ရှိသည်။
ထိုနေ့က စနေနေ့ နေ့လယ်ခင်းဖြစ်သည်။
နေသာသောနေ့ ဖြစ်သဖြင့ ် ကျွန်တော်တို့ ဇောတိကလမ်းရှေ့မှာ လူစုံ၏။ ညနေခင်း နေဝင်ခါစမို့ကောင်မလေးတွေ အိမ်တွင်းပုန်းတွေ လမ်းသလားခြင်း၊ အိမ်ရှေ့ထွက်ထိုင်ခြင်း တို့ဖြင့် ပြည်သာယာလမ်းစည်ကားနေချိန် ဖြစ်သည်။ ကျွန်တော်လည်း
သူငယ်ချင်းတွေ နှင့်အတူ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာထိုင်ကာ နေ၏။
ထိုအချိန်တွင် အထက(၂)ဘက်မှ ကားတစ်စင်းပေါ်ကာ လာ၏။ ညနေလေးနာရီ မြို့ထဲအပြန်ကားဖြစ်သဖြင့် လူရှင်းကာ ကုန်းဆင်းအတိုင်း အရှိန်ဖြင့် တဝုန်းဝုန်း တဒိုင်းဒိုင်း ပြေးကာ လာ၏။ နောက်မှာကားတစ်စင်း ပါလာသဖြင့် အတင်းမောင်းလာခြင်း ဖြစ်သည်။ နောက်ကားကလည်း အတင်းလိုက် လာ၏။ကားတစ်စင်းနှင့် တစ်စင်း ကပ်လျက်
ရှိသည်။
ကားလမ်းမမှ အသံများကြောင့် ကျွန်တော်တို့ လှည့်ကြည့် သည့်အခါ နောက်ကားပေါ်မှ နိုင်ဝင်းဟုခေါ်သော သူငယ်ချင်း တစ်ဦးက လက်လှမ်းကာ ပြ၏။ ဒီလောက် ကားဖိုက်နေသော အရှိန်မှာ ခုန်ချ၍လဲလျှင်....
ထိုစဉ်မှာပင် ကုန်းဆင်းချိုင့်ထဲသို့ ကားဘီးတွေကျကာ ဝုန်းခနဲ မြောက်တက် သွားကြ၏။သူငယ်ချင်းလည်း နောက်တွယ်ခုံတွင် တွယ်ထားရာမှ
မြောက်တက် သွား၏။ ဒုန်းခနဲ ပြန်ကျတော့ဘယ်လိုဖြစ်သည် မသိ။ သူငယ်ချင်း လုံချည်က အပုံလိုက် ကျွတ်ကာ လေထဲ ဝဲလွင့်ကာ သွား၏။သူငယ်ချင်း တင်ပါး အဖွေးသားနှင့် ငုတ်တုတ်ထိုင်ကာ အော်ရင်းဟစ်ရင်း ပါသွားသည်။ ဟိုးထား၊ ကားရပ်၊ကားရပ် အော်သော်လည်း ရှေ့ကား ဇောကပ်နေသော ကားဆရာတို့က မကြားကြတော့။ကျွန်တော်တို့ အားလုံး ခဏကြောင်နေရာမှ
တင်ပါးအဖွေးသားနှင့် ပါသွားသော သူငယ်ချင်းနောက်သို့လုံချည်ကောက်ကာ ပြေးလိုက်ရ၏။ ဇဝနမှတ်တိုင်ကို ကားက အရင်ရောက်နှင့် သဖြင့် ရှာတော့ လူတွေဝိုင်းကြည့် နေသော ကားလမ်းမနံဘေး ရေမြောင်းထဲမှာ ခန်္ဇာကိုယ် အောက်ပိုင်းကို နှစ်ထားကာ အော်ဟစ်ခေါ်နေသော သူငယ်ချင်းကို တွေ့ကြ ရသည်။
ကားရပ်ရပ်ချင်း အရှက်ကို ကာကွယ်ရန် ရေရှိနေသော မြောင်းထဲ
အောက်ပိုင်းကို နှစ်ထားရခြင်းဖြစ်လိမ့်မည်။ ကျွန်တော်တို့ သူ့လုံချည် ပေးတော့ လုံချည်ကို ခေါင်းမှ စွပ်ချကာ ကျွန်တော်တို့ကိုပင်မစောင့်တော့။ ပြေးလေသည်။ သူတော်ပါသည်။ ကျွန်တော်သာ ဆိုလျှင် သတိလက်လွတ် မွှန်ထူကာဘာလုပ်ရမှန်း သိမည် မဟုတ်။
ထို သူငယ်ချင်း ၁၀ ရက်လောက် အိမ်ထဲက အိမ်ပြင်မထွက်၊ ထွက်တာနှင့် သူ့ကို အားလုံးကဝိုင်းရယ်ကြ ပြောကြ စကြနှင့်
ရှိတတ်သည်။
ထိုအဖြစ်ကြောင့် ကားပေါ်က ခုန်ဆင်းသူတွေ တစ်ပတ်လောက် ငြိမ်သွား၏။သိပ်မကြာပါ။ ကျွန်တော်တို့ အိမ်ရှေ့မှာ တဖျပ်ဖျပ် ခုန်ဆင်း သူတွေကို ပြန်တွေ့ ရလေသည်။ ။
ဝယ်သူ့စိတ်ကြိုက် ဂျာနယ် ၄
* * * * *
ကားတစ်စင်းကြောင့် အသည်းကွဲ
* * * * *
ကားတစ်စင်းဖြင့် လူရာဝင်ခဲ့သော ကျွန်တော်သည်
ကားတစ်စင်းကြောင့် အသည်းကွဲခ့ ဲ ဖူးပါသည်။ ကံကြမ်္မာသည် တစ်ခါတစ်ရံ အကွက်စေ့စေ့ လှည့်စား တတ်သည်။ Computer Game တစ်ခုလို စနစ်တကျ ရှိလှသည်။
၉ တန်းနှစ်ရောက်တော့ ကျွန်တော် ရင်ခုန် တတ်နေပြီ။ ဘာကြောင့် မဟုတ်။ သူငယ်ချင်း မိန်းကလေး တစ်ယောက်နှင့် စကား ပြောရတာ၊ အတူရှိနေရတာကို သာယာမိသည်။ ထိုမိန်းကလေးကို
သဘောကျ၍တော့မဟုတ်၊ ဘာမှန်းလည်း မသိ၊ ကျေနပ် နေတတ်သည်။
ထိုနှစ်တွင် ကျွန်တော့်စိတ်ထဲက ကျိတ်၍ ကြိုက်နေသော မိန်းကလေးမှာ တစ်ကျောင်းလုံးက ကျိတ်၍ ကြိုက်နေသော ခင်သက်ကြူ ဟူသော ကောင်မလေး တစ်ယောက် ဖြစ်သည်။ ခင်သက်ကြူသည် အသားဖြူဖြူ မျက်နှာ ဝိုင်းဝိုင်း၊ ပါးချိုင့်ကလေးနှင့် နှုတ်ခမ်း ပေါ်ပေါ် မျက်လုံးလှလှ ရှိကာ စန်္ဒာပုံ
ဆံပင်ညှပ် ထား၏။ တစ်ကျောင်းလုံးနီးပါး မိန်းကလေးတွေ စန်္ဒာပု ံ ဆံပင်ထားကြ သော်လည်း ခင်သက်ကြူ မျက်နှာနှင့် ထိုဆံပင်ပုံမှာ အလိုက်ဆုံးဟု ကျွန်တော် ထင်သည်။
သို့သော် ခင်သက်ကြူ၏ မျက်လုံးလှလှလေးတွေက စိမ်းကားစူးရှသည်။ သူမနှုတ်ခမ်းကလေးကအမြဲတမ်း တင်းစေ့ကာ ထား၏။ စန်္ဒာပုံ သူ့ဆံပင် ကုပ်ဝဲ ကလေးကို လက်ချောင်း ဖြူဖြူ
ဖောင်းဖောင်းကလေးတွေနှင့် ဆတ်ခနဲ ခါတင်လိုက်လျှင် ကျွန်တော်တို့ အသည်းအေးကာ သူ့အနား မကပ်ရဲဖြစ်ကြရသည်။
သို့သော် အိပ်မက်ထဲမှာ ခင်သက်ကြူက သူ့ဆံပင်တွေကို ဝဲသွားအောင် ခါကာ ကျွန်တော့်ကိုပါးချိုင့်ကလေး ခွက်သွားအောင် ပြုံးကာ ပြ၏။ ဟဲ့ ရဲဝင်း လာလေ ဟုခေါ်သည်။ မျက်လုံးတွေက ရီဝေရွှန်းလက် ချိုအီကာ နေ၏။ အိပ်မက်က လန့်နိုးတော့ ရင်ထဲမှာ
လေးနင့်ပြီး တစ်မျိုးကြီး ဖြစ်ကာ နေသည်။မနက်လင်းတော့ လွယ်အိတ်လေးလေးကြီးကို လွယ်ကာ ခေါင်းငုံ့ရင်း ကျောင်းသို့ လာရသည်။ အတန်းထဲရောက်တော့ မျက်လုံးစိမ်းစိမ်း နှုတ်ခမ်း တင်းတင်းစေ့ထားသော ခင်သက်ကြူကို စေ့စေ့ မကြည့်ရဲ။ ရင်ထဲမှာမောကာ နေ၏။
ခင်သက်ကြူကို တရားဝင်ကြိုက်ကြောင်း အသိပေးသူ မှန်သမျှ ဆရာမ ကြိမ်လုံး (သို့မဟုတ်)
ရုံးခန်းရောက်ရသည် ကသာ များလေသည်။ ခင်သက်ကြူသည် သူ့ကို ချစ်သည် ဟူသော စကား တစ်ခွန်း အတွက်မည်သူ့ကိုမျှ ညှာတာ သနားခြင်း၊ နားလည်ခဲ့ခြင်း မရှိ၊ ရက်စက်စွာ တုံ့ပြန် တတ်သည်။ထိုသို့ ခင်သက်ကြူ ရက်ရက်စက်စက် မာနကြီးခြင်းမှာ ကားတစ်စင်းနှင့် ပတ်သက်သည်ဟု ကျွန်တော်တစ်ထစ်ချ ယုံကြည် ထားသည်။
ကျွန်တော်တို့ ငယ်စဉ်က ကားတစ်စင်းကို ပိုင်ဆိုင်သည်
ဟူသော အဓိပ်္ပာယ်သည် ပြည့်စုံကြွယ်ဝချမ်းသာသည် ဟူသော အဓိပ်္ပာယ်ကို အတိအကျ အမိအရ ဆောင်လေသည်။ သာမန် လူတန်းစားတွင်ကားတစ်စင်း ပိုင်ရိုးထုံးစံ မရှိ၊ ကျွန်တော် (၁၀)တန်း အထိ ပေါင်းသင်းခဲ့ ရသော သူငယ်ချင်းများ ထဲတွင်ကားပိုင်သူ တစ်ဦးမျှ မရှိခဲ့ဖူးချေ။
ကျွန်တော် ချစ်ရပါသော ခင်သက်ကြူမှာတော့ စလုံး နံပါတ် ဖီးယက်ကလေး
တစ်စင်းကို ပိုင်သည်။တစ်ပတ်မှာ ၃ ရက်လောက် သူမကို ထိုကားကလေးဖြင့် အကြိုအပို့ လုပ်တတ်သည်။ တစ်ခါတစ်ရံ ဆရာမ၃ ဦးခန့် ပါလာတတ်၏။ ကားတံခါးကို ဆွဲဖွင့်လိုက်သော ခင်သက်ကြူ၏ မျက်နှာမာမာကိုကျောင်းသားပေါင်း များစွာ နှင့်အတူ ကျွန်တော် ငေးဖူးသည်။
ထိုအချိန်တွင် ခင်သက်ကြူသည် ကျားသစ်မ ပေါက်စကလေး နှင့်လည်း တူပါသည်။ အဆိပ်ပြင်းပါသည်
ဟူသော လျှာနှစ်ခွ ရှိသည့် မြွေဟောက်နှင့်လည်း တူ၏။ ထိုလျှာနှစ်သွယ်သည် တစ်ဖက်က လှပခြင်း၊ တစ်ဖက်က ကားပိုင်ခြင်း။ ခင်သက်ကြူကို ချပြီး မောင်းထွက်သွားသော စလုံးနံပါတ် ဖီးယက် ကားကလေးကိုငေးမောသူ တော်တော် များပါသည်။ ကျွန်တော်ကတော့ ထိုအရာကို ကားဟုမမြင်၊ ခင်သက်ကြူ၏ ကြိုနေကျအကြိုထားနေကျ မာနနှင့်
ကျွန်တော်တို့ ခုန်တတ်၍ မရသော မဟာတံတိုင်း။
ကျွန်တော် အထက(၂) သင်္ဃန်ကျွန်း၏ ပွဲတော်ရက်များတွင် ခင်သက်ကြူကို ဆရာများ၊အခြွေအရံများနှင့် ကားပေါ်က ဆင်းလာတာ မြင်ဖူးသည် မဟုတ်လား။ အပြန်တွင် ကျောင်းအုပ် ဆရာမကြီးကိုတင်ကာ ထိုကားကလေး ထွက်သွားသည်ကို မြင်ခဲ့ဖူးသည် မဟုတ်လား။ ခင်သက်ကြူ မပြောနှင့်၊ခင်သက်ကြူ၏ ကားကို ကျောင်းသွားကျောင်းပြန် အတူ စီးခွင့်ရသော
ဌေးဌေးဝင်း ၊ မျိုးမျိုးဆွေနှင့်ဖြူဖြူတို့ပင်လျှင် တစ်ကျောင်းလုံးမှာ မည်သူ့ကိုမျှ ဂရုမစိုက်သလို မျက်နှာထားတွေ မာနေတတ်သည်မဟုတ်လား။
ခင်သက်ကြူ အားလုံးကို ရက်စက်နေခြင်း မာနကြီးနေခြင်းမှာ ထိုကားကြောင့်ဟု ကျွန်တော် ထင်သည်။ ခင်သက်ကြူမျက်လုံးတွေက ထိုဖီးယက် ကားကလေးလို စိမ်းသည်။ ခင်သက်ကြူ နှုတ်ခမ်းတွေက ထိုဖီးယက် ကားကလေး ရှေ့မျက်နှာလို
မဲ့၍ နေသည်။ ထိုကားပေါ် တက်ထိုင်ပြီး တံခါးကို ဂျိမ်းခနဲ ပိတ်လိုက်လျှင်ကျွန်တော်တို့နှင့် ခင်သက်ကြူသည် ကမ်္ဘာ ခြား၍ သွား၏။
ခင်သက်ကြူကို ထို စလုံးနံပါတ် ဖီးယက် ကားကလေး လာမကြိုသော နေ့တွင် စကားလိုက်ပြောကာ လက်ဆွဲပြီး စာပေးသော (စ)အခန်းမှ ငနဲတစ်ယောက် ကျောင်းထုတ်ခံ ရပြီးသည့် နောက်တွင် ခင်သက်ကြူမှာ
ကျွန်တော်တို့နှင့် အတော်ဝေး သွားသည်။ သူမ မျက်လုံးနှင့် နှုတ်ခမ်းများ ပို၍ တင်းမာခက်ထန်ကြဟန်လည်း ရသည်။
ကျွန်တော်တို့ ချစ်သော်လည်း ထုတည် ကြီးမား အင်အား ကောင်းလှသော ခင်သက်ကြူကိုမကြိုးစားရဲတော့။ သို့သော် ကျွန်တော် ခင်သက်ကြူကိုတော့ မမုန်း။ သူ့ဖီးယက်ကား ကိုတော့ အရမ်းမုန်းသည်။ ခင်သက်ကြူ ငါ့ကို မချစ်တာ
ထိုကားကြောင့်ဟု ကျွန်တော် အတပ် သိသည်။ စိတ်ထဲမှာ စွဲ၍နေသည်။
ခင်သက်ကြူကို ချစ်ကြောင်း စကားလိုက်ပြောရန် မဆိုထားနှင့်၊ မျက်နှာရိပ်တောင်မှ မပြရဲသောကျွန်တော်သည် သူ့ဖီးယက်ကား ကိုတော့ အမုန်းကြီး မုန်းလိုက်၏။ ထို့အတွက် ကျွန်တော်ဘောက်စ်ဝက်ဂွန်ကား တစ်စင်း ရှိသည်ဟု ဘယ်တော့မှ စိတ်ကူး မယဉ်။ ခင်သက်ကြူကသူ့ကားကလေးပေါ်သို့ ကျွန်တော့်ကို ပြုံးရယ်ကာ
တင်ခေါ်သွားသည်ဟုသာ စိတ်ကူးယဉ်ခဲ့ ဖူးသည်။ သို့သော်ကျွန်တော်ကား သူမကားကို မုန်းသည်။
ခင်သက်ကြူက သူ့မှာ ကားရှိလို့ ငါတို့ကို မုန်းတာကွ
ခင်သက်ကြူကို ကျွန်တော့်လို ကျိတ်ချစ်နေသူတွေက ကျွန်တော့်စကားကို မျက်လုံးပြူးကာ နားထောင်နေကြ၏။
ခင်သက်ကြူမှာ အဲဒီကားရှိလို့ ဒီလောက် ဖြစ်နေတာကွ။ သူမပြောနဲ့၊ ဘေးက
ကပ်စီးတဲ့လူတွေတောင် ကြည့်ပါလား။ ဒီကားသာ မရှိရင် သူဒီလောက် မဟုတ်ဘူး။ ကားကြောင့် ငါအဲဒီကားကိုမုန်းတယ်ကွ
သိပ့်မစည်းရုံးရ၊ ခင်သက်ကြူကို ချစ်ကာ စိတ်ထဲက ပိုးနေသူ အားလုံး ကျွန်တော့် စကားဆုံးတော့ထိုကားကို မုန်းသွား ကြ၏။ လူသူခပင်း ရပြီဆိုတော့ ကျွန်တော် ဦးဆောင်ကာ ကြံစည်သည်။
ဒီကားကို ပြဿနာ ရှာမယ်ကွာ၊ ဘီး လေလျှော့မယ်၊
ကန်မယ်
နောက်ဆုံး ကျွန်တော် မြှူဆွယ်မှုကြောင့် ကားမုန်းနေသူ ၃ ဦး ရ၏။ ကျောင်းမဆင်းခင် ခင်သက်ကြူကို လာကြိုသောကားရောက်ကာ လာ၏။ ကားဒရိုင်ဘာကြီး ခဏမှေးနေတုန်း ကျွန်တော်တို့ အတန်းထဲမှ လစ်ထွက်ကာ ထိုကားဘီးတွေ အားလုံးကို လေလျှော့ ကြသည်။ ထို့နောက် ကား Body ကို အားရှိသမျှ ကျုံးကန်ကာ ကျွန်တော်တို့ လစ်ပြေး ကြသည်။
သို့သော် ကျောင်းဆင်းချိန် မတိုင်မီ ကျွန်တော်တို့မှန်း သိကာ သွား၏။ကျွန်တော်တို့ လေးယောက် ကျောင်းမဆင်းရ။ မျက်နှာ မာထန်ကာ ကျွန်တော်တို့ကို မုန်းတီးနေသောခင်သက်ကြူနှင့် ဆရာကြီး ရုံးခန်းမှာ ဆုံရသည်။ ၁၂း၃၀ မှာ ကျောင်းတက်သော မူလတန်းတွေစာသင်ချိန်အထိ ဆရာ/ဆရာမ လေးယောက်က စစ်မေးကာ နောက်ဆုံး ကျွန်တော် တရားခံဟု
မှတ်ချက်ချကြ၏။
ခင်သက်ကြူ ကျွန်တော်တို့ကို မာထန်မုန်းတီးစွာ မျက်စောင်း ထိုးရင်း ချာခနဲ တစ်ဖက်သို့ လှည့်၏။
မင်းက ဘာဖြစ်လို့ ကားကို ဘီးတွေ လေလျှော့ပြီး ကန်ရတာလဲ
ကျွန်တော် အသည်းငယ်ကာ ပါးစပ် ပိတ်ကာ ထား၏။ ဘာမှ ပြောမထွက်၊ ရင်ထဲမှာ ဝမ်းနည်းသည်။သို့သော် သူမကားမောင်း၍ မရတော့ခြင်းနှင့် ခင်သက်ကြူ
နှင့်အတူတူ ခပ်ကြာကြာ ရှိနေရခြင်း အတွက်တော့ ပျော်သည်။
ပြောလေကွာ
ဆရာကြီး အသံကြောင့် ကျွန်တော် အသည်းတုန်ရင်း မျက်ရည် ဝိုင်းကာ လာ၏။ ကျွန်တော်ကြိုးစားကာ အသံကို ညှစ်ထုတ် ရသည်။ ခင်သက်ကြူ၏ ကျွန်တော့်ကို မုန်းနေသော မျက်လုံးကိုလည်းတွေ့ရသည်။
ကျွန် ... ကျွန်တော် အဲဒီကားကို မုန်းလို့ပါ ဆရာကြီး
ဘာကွ၊ ကားကို မုန်းလို့
မျက်ရည်ဝဲကာ လာသော ကျွန်တော် အလိုအလျောက် သတ်္တိဝင်ကာ အားလုံးကို ဝန်ခံ၏။ သတ်္တိရှိစွာ ကျွန်တော်သာ ခေါင်းဆောင် ဖြစ်ကြောင်း ဘယ်လို တာဝန်ယူ ဝန်ခံမိမှန်း မသိ။ ထိုကားကို မုန်းကြောင်း ခင်သက်ကြူ ရှေ့မှာ ပြောရတာကို ကျေနပ် နေခဲ့သည်။
နောက်ဆုံး ကျန်သုံးယောက်ကို လွှတ်ကာ
ကျောင်းအုပ် ဆရာကြီးက ကျွန်တော့် တင်ပါးကို ၅ချက်တီးပြီး အတန်းပိုင် ဆရာမက သုံးချက် လက်ကို ဆော်သည်။ ကျွန်တော့်ကို ရိုက်ပြီးသည် အထိခင်သက်ကြူက ကြည့်နေကာ နောက်ဆုံး လေပြန်ထိုးပြီး သွားသော သူ့ကားလေးနှင့် ထွက်ခွာ၍ သွားသည်။အရိုက်ခံရသော တင်ပါးနှင့် လက်ဖဝါးထက် ကားတစ်စင်းကြောင့် ရသော ကျွန်တော့ ် အသည်းထဲကဒဏ်ရာက
ပို၍ နာသည်။ ထို့နောက် ခင်သက်ကြူကိုရော သူ့ကားကိုပါ ကျွန်တော် လှည့်မကြည့်တော့။ထိုသို့ကားတစ်စင်းကြောင့် ကျွန်တော် အသည်းကွဲဖူး၏။ ကားကိုလည်းမုန်းသွား၏။ ကားရှိသည့်မိန်းကလေး များနှင့် လူများကိုလည်း မုန်းသည့်စိတ်ကို တော်တော်ကြာကြာမှ ကျွန်တော် မေ့ဖျောက်နိုင်ခဲ့ပါသည်။ ။
သဘင်အနုပညာ ဂျာနယ် ၆
* * * * *
ကားငှားစီးသူ တစ်ယောက်အကြောင်း
* * * * *
ကျွန်တော် ရံဖန်ရံခါ ကကအငှားကားများကို ငှားစီးလေ့ ရှိပါသည်။
ကက(အငှားကား) ငှားစီးရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အချိန်ကို ဝယ်ယူခြင်းသာ ဖြစ်ပါသည်။တစ်ခါတစ်ရံ ကိုယ်သွားမည့် လမ်းခရီးက လိုင်းကားနှင့် သွားလျှင် ရသော်လည်း မှတ်တိုင်တိုင်းတွင် ရပ်ကာ ခရီးသည်တင်လေ့ စောင့်လေ့ ရှိသော၊ သတ်မှတ်ထားသည့်
လမ်းခရီးကသာ သွားရသောကြောင့်လိုင်းကားသည် အချိန်ကြာတတ် ပါသည်။ အငှားကားစီး သည့်အခါ ထိုဒုက်္ခနှစ်မျိုးမှ လွတ်ကင်း ပါသည်။ကိုယ်သွားချင်သည့် နေရာသို့ ရောက်အောင် ဖြတ်လမ်းက ပို့ပေးတတ် သဖြင့် အချိန်ကုန် သက်သာ ပါသည်။အရေးတကြီး ချိန်းဆိုထားတာ မရှိလျှင် ကျွန်တော် လိုင်းကားကိုပဲ စီးတတ် ပါသည်။
တစ်လောက ဝယ်သူ့ စိတ်ကြိုက်
ဂျာနယ်တွင် အငှားကား ဆရာ တစ်ယောက် ရေးထားသောစာတစ်ပုဒ်ကို ဖတ်ရ၏။ ကားဆရာတို့၏ ဒုက်္ခများ ဖြစ်သည်။ ကားဆရာများမှာ ဒုက်္ခရှိသလို ကားစီးသူများမှာလည်း ဒုက်္ခ ရှိလေသည်။ စီးသူ ဖြစ်သောကြောင့် မောင်းသူ ဖြစ်သောကြောင့် မဟုတ်၊ လူ၏စိတ်ဓာတ်နှင့်သာ ဆိုင်ပါသည်။ ကျွန်တော်လည်း အလုပ် သဘောနှင့် အချိန်အခါအရ
မကြာခဏအငှားကားစီးရသော အတွေ့အကြုံထဲမှာ ရေးစရာ ကလေးတွေ ရှိပါ၏။ကားဆရာများ မကောင်းဟု ကျွန်တော် မဆိုချင်ပါ။
ကောင်းသော ကားဆရာများကို ကြုံဖူးသလို ဆိုးသော ရမ်းသော ကားဆရာများ နှင့်လည်း တွေ့ဖူးပါ၏။တစ်ခါက ကားရှေ့ခန်းမှာ စီးရင်း ရှေ့ဒက်ဘုတ်(ရှ်)ပေါ်မှာ ကျွန်တော့်ဇာတ်ညွှန်း File ကိုတင်ထားခဲ့သည်။ အိမ်ရှေ့ ရောက်တော့ ထုံးစံအတိုင်း
မေ့ကာ ကားခရှင်းပြီး ဆင်းသည်။ အိမ်ရောက်သည်အထိလည်း သတိမရ၊ ထမင်းစားပြီးချိန်မှ ကားဆရာက အိမ်ရှေ့ပြန်ရောက် လာကာ ဟွန်းတီးသည်။ထွက်ကြည့်တော့ ကျွန်တော့် File ကျန်ခဲ့၍ ပြန်လာပေးကြောင်း ပြောသည်။
ကျွန်တော် တော်တော် အံ့သြကာ ဝမ်းသာသွား ရသည်။ ထို File သာ ပျောက်လျှင် နောက်နေ့ဘာဆက်လုပ် ရမည် ဆိုတာ မတွေးတတ်၊ ကားဆရာက
ဗဟန်းနားရောက်မှ သတိထားမိ၍ သိကာပြန်လာပေးသည်ဟု ဆိုသည်။ ကားခထပ်ပေး တော့လည်း မရ။ ကိစ်္စမရှိဘူး ဟု ပြောကာ လက်ကာ ပြပြီးမောင်းပြေး သွား၏။ ကျေးဇူးတင်စရာ တော်တော် ကောင်းပါသည်။
ထိုသို့ ကားဆရာမျိုးကို တွေ့ဖူးသလို...။
ထိုနေ့က ကျွန်တော် ည ၁၀း၁၅ ခန့် ဗိုလ်ချုပ်လမ်း (ပန်းဆိုးတန်း) တံတားနားမှာ ကားငှားသည်။ပထမ
လမ်းပေါ်မှာ မောင်းသွားသော ကားများကို ငှားခြင်း ဖြစ်ပြီး ငါးမိနစ်ခန့် တစ်စင်းမှ မရပ်သောကြောင့်Taxi ဆိုင်းဘုတ်မီး ဖွင့်ကာ ရပ်ထားသော ကား၂စင်း ရှိရာသို့ လျှောက်လာပြီး ကျွန်တော်နှင့် အနီးဆုံး ကားတစ်စင်းကို ကားအားသလားခင်ဗျ ဟု မေးရသည်။
ဘယ်သွားမှာလဲ
သုဝဏ်္ဏ သွားကောလိပ်နား
ကားဆရာက မဲ့၍
တခြားဘက်သို့ လှည့်သည်။ ကျွန်တော့်ကို စကားပင် ပြန်မပြော။သူသွားချင်သောဘက် နှင့် ကျွန်တော် သွားချင်သော နေရာ မကိုက်ဟု ကိုယ့်ဘာသာ နားလည်ကာရှေ့တံခါးဖွင့်ကာ ထားသော ဒုတိယ ကားတစ်စင်းထံ မေးရပြန်၏။
သွားကောလိပ် တစ်ယောက်တည်းလား
ဟုတ်ကဲ့
ငါးရာ
ကျွန်တော် တစ်ချက် စဉ်းစား ရသည်။ တောင်းသည့်ဈေးက များနေ၏။ ၃၅
လမ်းမှ ကျွန်တော်အပြန်မိုးချုပ်တိုင်း ကားငှားစီးလေ့ ရှိသည်။ ၃၅၀၊ ၄၀၀ ပေးရတတ်သည်။ ထိုဈေးက ပုံမှန် ဖြစ်၏။
၄၀၀ ထားပါလား၊ ကျွန်တော် ပြန်နေကျပါ
အချိန်လည်း ကြည့်ဦးလေ ပြောတဲ့ဈေးပဲ။ ငှားချင်ရင်ငှား၊ သွားစမ်းပါကွာ ကားလမ်းပေါ်က ကားကိုပဲသွား ငှားစမ်းပါ
သူ့စကားကြောင့် ကျွန်တော့်စိတ်ထဲ တော်တော်ဒေါသ ထွက်သွားသည်။ ကျွန်တော်
ပထမကားလမ်းပေါ်က ကားတွေကို တားနေခြင်း၊ သူ့ဆီ အရင်မလာဘဲ တစ်ဖက်ကားဆီ အရင်သွားခြင်း တို့ကိုသူက မကျေနပ် ဖြစ်နေပုံ ရ၏။ ထိုသို့ ဆိုလျှင်လည်း မလျှော့နိုင်ဟု ပြောလျှင် ပြီးပါသည်။ ကျွန်တော့်ကိုနှင်လွှတ် မောင်းလွှတ်စရာ မလို။ တော်တော် ရိုင်းသည့် အပြုအမူ ဖြစ်၏။ ကျွန်တော် စိတ်ကို ထိန်းကာပြန်လာပြီး ကားလမ်းပေါ်က
ကားကိုသာ တားရ၏။ ခဏကြာတော့ ကားတစ်စင်း ရသည်။ သွားကောလိပ် ၃၀၀ တဲ့။
ကျွန်တော်တို့ ဈေးစကားကို သူကြားပါသည်။ ကျွန်တော်ကားထဲ ဝင်ထိုင်ပြီး ကားထွက်တော့ ...
တော်တော်ခွ ကျတဲ့ကောင်တွေလည်း ရှိသေးတာကိုး မအေ ... တွေ
ဟူသော အသံကို ကြားရ၏။ ကျွန်တော့် ကားဆရာ ကတော့ ကြားဟန်မတူ။ ကျွန်တော် ပြန်ပြောပြတော့ကားဆရာက ရယ်သည်။
တစ်ခါတလေ ဒီလိုပဲ အစ်ကိုရာ၊ ကျွန်တော် ကတော့ တစ်ခရီးတည်း သွားမယ့် လူတွေပဲ ပြေလည်ကျေနပ်တာ ကောင်းပါတယ်
အေးဗျာ နာရီဝက်လောက်ပဲ တွေ့ကြပေမယ့် စိတ်ချမ်းသာတာ ပိုကောင်း ပါတယ်
ကားဆရာ ပြောတာ မှန်ပါ၏။ နားလည် သိတတ်သူနှင့် ခရီး အတူသွားရခြင်း သည်လည်း မင်္ဂလာတစ်ပါးပင် ဖြစ်၏။
နောက်တစ်ခါ ကြုံရသည့် ကားဆရာ
ကျတော့ တစ်မျိုး။
ကားထိုးရပ်ပြီး သွားချင်သည့် နေရာပြောတော့ ၄၀၀ ဟု ပြောသည်။ ၃၅၀ ထားပါလား ဆိုတော့ ဘာမှမစဉ်းစား၊ ကိုယ့် ညီအစ်ကိုတွေပဲဗျာ တက်၊ လောကကြီးက နေတတ်ရင် ကျေနပ်စရာချည်းပဲ ဘာညာအားရပါးရ ရွှန်းရွှန်းေ၀ ပြော၏။ ကားမောင်းသွားရင်း နံဘေးက ယှဉ်မောင်းသော ကိုယ်ပိုင်ကားထဲမှကောင်မလေးကို မှည့်တယ် အချစ်ကလေး အော်၏။ ပလက်ဖောင်းပေါ် လျှောက်သွားသည့်
ကောင်မလေးတွေနောက်ပိုင်းကိုလည်း သူ့စိတ် အခံဖြင့် တစ်ခုမကျန် အကဲဖြတ် ပြန်၏။ ကျွန်တော့်ကိုလည်း စကားပြောသည်။
ဒီလောက်ဆိုလျှင် အတွေ့အကြုံအရ ကျွန်တော် တိတ်တိတ်နေကာ ကားစီး ရမည် ဆိုတာ သိပြီဖြစ်သည်။ ပုဇွန်တောင်ရောက်တော့ ကိုယ့်ဆရာက မှတ်တိုင်က လူတွေကို သုဝဏ်္ဏ စံပြဈေး အော်ကာ တင်ဖို့ ကြိုးစားသည်။ ကျွန်တော့်ကို တစ်စုံတစ်ရာ ခွင့်တောင်းခြင်း မရှိ၊ ကျွန်တော်
တားရန် ပါးစပ်မဟရသေးမီ သူ့အသံကြောင့် ကားထဲသို့ လူတွေ ပြေးဝင်ကာ ထိုင်နေကြပြီ ဖြစ်၏။ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး ပြန်ချင်သဖြင့် ကားငှားစီးသော ကျွန်တော့်စိတ်ထဲ တော်တော် မကျေမနပ် ဖြစ်ရသည်။ ကျွန်တော့်ကို ကြိုတင် ခွင့်တောင်းလျှင် ကိစ်္စမရှိ၊ ကျွန်တော် ငှားထားချိန်တွင် သူ့ကားကို ကျွန်တော်
ခဏပိုင်သည် ဆိုတာကို နားလည်ရဲ့လား မသိ၊ သို့သော် အိမ်ပြန်ချင်နေသူ ခရီးသည်များ အတွက် ကျွန်တော် သည်းခံလိုက် ပါသည်။ သို့သော် ဆရာသမားက ထိုမျှနှင့် မရပ်။
ယောက်ဖကြီးရေ ဒီဘက် နည်းနည်းတိုး လိုက်ပါလား။ လာဘော်ဒါကြီးတက်
ကျွန်တော် စီးသည့် ခေါင်းခန်း ကိုပါ လူတစ်ယောက်တင်တော့ ကျွန်တော်
သည်းမခံနိုင်တော့။
ကိုယ့်ဆရာ ရှေ့ခန်းကိုပါ တင်ရင်တော့ လွန်ပြီ ထင်တယ်ဗျာ
ဟာ ယောက်ဖကြီးရာ နားလည် ပေးစမ်းပါ။ ဒီခေတ်မှာ ဒီလိုမှ လုပ်မစားရင် ဘယ်လို အဆင်ပြေမှာလဲ၊ မဟုတ်ဘူးလား၊ နော် ဘော်ဒါတို့ မိုးရွာတုန်း ရေခံတာ အချင်းချင်းပဲဗျာ၊ နားလည် ပေးစမ်းပါ။ ဘော်ဒါလာတက်
လူတင်မယ်ဆို
ကြိုပြောသင့်တယ်၊ ထားတော့ခု ရှေ့ခန်းပါ ဆိုတော့ မဟုတ်တော့ဘူး၊ ကျွန်တော်က ခင်ဗျားကားကို ငှားထားတာ၊ ရှေ့ခန်းပါ ဆိုတော့ မဟုတ်တော့ဘူး။ ကျွန်တော်က ခင်ဗျားကားကို ငှားထားတာ ရှေ့ခန်းတော့ မရဘူးဗျာ
ကျွန်တော်တို့ စကားသံကြောင့ ် ရှေ့ခန်း တက်မည့် ပုဂ်္ဂိုလ်က တွေေ၀ သွားဟန် တူ၏။
ဟာ ယောက်ဖကြီး ကလည်းကွာ
ဒုံးမဝေးစမ်းပါနဲ့၊ ပြေပြေလည်လည်ပေါ့၊ တက်တက်
ဘော်ဒါကြီးတက်
သူအတင်း တက်ခိုင်းသဖြင့် အပြင်က ပုဂ်္ဂိုလ်ကလည်း အိမ်ပြန် ရောက်ဖို့သာ အဓိက ထားကာ ကျန်တာကျွန်တော်တို့ ပြဿနာဟု သဘောထားလိုက် သလား မသိ၊ ဇွတ်တက်ထိုင်၏။
ဒါပဲပေါ့ အားလုံး အိမ်ပြန်ရောက် ရမယ် ဘော်ဒါတို့ ကားခ တစ်ယောက် တစ်ရာနော်
ဂီယာ ထိုးရင်း
ပျော်ရွှင်စွာ အော်သော သူ့စကားကြောင့် နောက်ခုံမှာ ကျပ်ကျပ်တည်းတည်းငါးယောက်ထိုင် နေသူများထံမှ အသံတွေ ထွက်လာ ကြ၏။ စီးနေကျ ငါးဆယ် ...။ တင်နေကျ ငါးဆယ်ပဲ။လှိမ့်ပြီးစ ကားဘီးကို သူက ရပ်ကာ တစ်ရာ ... ဟု ငြင်းသည်။ ပြီးတော့ ...
ဘော်ဒါတို့ရာ ကိုယ့် မိန်းမ ကိုယ့်သားသမီး မျက်နှာကို စောစော မြင်ရမှာ၊ ငါးဆယ်ကို ကြည့်သလား
အားလုံး Ok အိမ် အရောက်
ပို့ပေးမှာ
သို့သော်မရ။ ၅၀ နှင့် ၁၀၀ အော်ကြရင်း ကားထဲမှလူတွေ ပြန်ဆင်းကြ၏။ ကျွန်တော် ကျိတ်၍ဝမ်းသာသည်။ သို့သော် ရှေ့ခန်းက ပုဂ်္ဂိုလ်ကား မဆင်း။ ကားပေါ်မှ ဆင်းသွားသူတွေက မကျေမနပ်၊စောစော ကြိုပြော ပါလား ဘာညာ ပြောနေကြ၏။ ကားဆရာက အိမ်ပြန်ချင် သူတွေ အပေါ် နေရာပေး၍အနိုင်ကျင့် သူသာ ဖြစ်သည်။
ဘော်ဒါကြီးက ….သွားမှာ နော်
နံဘေးက ပုဂ်္ဂိုလ်က ခေါင်းတစ်ချက် ညိတ်၏။
ရှေ့ခန်း ၁၅၀ နော်၊ နောက်ခန်းက ၁၀၀
နံဘေးက ပုဂ်္ဂိုလ်က ဒေါသဖြင့် လှည့်ကာ ကြည့်၏။ ထိုစဉ် နောက်ဘက်မှ ဒိုင်နာတစ်စင်း ထိုးရပ်ကာလာ၏။ သုဝဏ်္ဏ ဈေးလေး ... ။ လူတွေ ဝေါခနဲ ပြေးသွားကြသည်။ ရှေ့ခန်းက ဆရာလည်း ဘာစကားမှ ပြန်ပြောမနေတော့၊ တံခါးဖွင့်ကာ လစ်၏။ တံခါးပင်
ပြန်ပိတ် မသွား။
ကျွန်တော် တံခါး ပြန်ပိတ်ပေးကာ အသက်၀၀ ရှူရင်း စီးကရက် တစ်လိပ်ထုတ်ကာ မီးညှိပြီး ဖွာသည်။ နောက်က ဒိုင်နာက တစ်ယောက် နှစ်ဆယ်ဖြင့် အကုန်တင်သည်။ ကိုယ့်ဆရာ စိတ်ဓာတ် ကျကာ မောင်းထွက်၏။ ကားက အရှိန်ရကာ ပြေးနေသည်။ ကားထဲမှာ ကျွန်တော်တို့ တိတ်ဆိတ် နေကြ၏။ အသင်းတိုက်၊ ရုံးလေး၊
ခြောက်လမ်းရောက်တော့ ကိုယ့်ဆရာက စကားစပြောသည်။
တော်တော် ခွ ကျတဲ့ကောင်တွေဗျာ၊ လောကကြီးမှာ ကြီးနိုင်ငယ်ညှင်းပဲ ဘော်ဒါ၊ ဘယ်သူမှဘယ်သူ့ကို မငဲ့ဘူး။ နားလည်မှု မရှိကြဘူး။ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်။ ခွင်ကောင်းကို မိပြီးမှဗျာဒါနဲ့ ဘော်ဒါကလည်း တော်တော် လာဘ်တိတ်တဲ့လူပဲ တဲ့။ ။
သဘင်အနုပညာ ဂျာနယ် ၈
* * * * *
ကားငှားစီးသူ တစ်ယောက်အကြောင်း (၂)
* * * * *
ကျွန်တော်ကြုံခဲ့သည့် ကားစီးသူ တစ်ယောက် အခက်အခဲတွေကို ပြောပြတော့ ကားဆရာကပြုံးလေသည်။
ကျွန်တော်ကတော့ တစ်မျိုးပဲဗျ။ ကျွန်တော့်ကားကို ငှားပြီးရင် နောက်ထပ် လူမတင်တော့ဘူး။ကျွန်တော် ကျေနပ်လို့ သွားနိုင်တဲ့ ဈေးရပြီးပြီပဲ။ နောက်တင်စရာ မလိုတော့ဘူး၊
သဘောတစ်ခုကဈေးမတည့်ရင်တော့ လိုက်ချင်မှ လိုက်မယ်ဗျာ
ဒီနေ့ ကားဆရာကတော့ လုပ်နိုင်တာကိုသာ ပြောသောသူ ဖြစ်ရမည်။ ကျွန်တော်စီးလာစဉ် သုဝဏ်္ဏလမ်း တစ်လျှောက် ကားငှားသူ သုံးလေးယောက်ကို တွေ့ပါ၏။ ကိုယ့်ဆရာက ပြုံး၍ လက်ခါပြခဲ့တာ မြင်ရသည်။ဒီတော့ သူနှင့် ကျွန်တော် လေပေးဖြောင့် ရင်း ၃၄ လမ်း (အနော်ရထာ)သို့
ရောက်မှန်းမသိ ရောက်သွားသည်။ ၃၄ လမ်းထိပ်ရောက်မှ ကျွန်တော့်မှာက ငါးရာတန် တစ်ရွက်၊ နှစ်ရာတန်နှင့် အကြွေ ၂၀သာ ပါသည်။ သူနှင့် ဈေးတည့် လာတာက ၂၅ဝိ။ သူ့မှာကလည်း ပြန်အမ်းစရာ အကြွေက (၅ဝိ) မပါ။ဆယ်တန် တစ်ရွက်သာ ရှိ၏။
ရတယ်ဗျာပါတဲ့ ၂၂ဝိ ပဲပေးတော့
ဟာ မဟုတ်တာ ဆင်းအမ်းလိုက်မယ်လေ
ကိစ်္စမရှိပါဘူးဗျာ တမင်လုပ်တာမှ
မဟုတ်ပဲ၊ ရတယ်ပေး၊ ကားက အကြာကြီး ဒီနေရာမှာ ရပ်မရဘူး
ကျွန်တော်တို့ အပြန်အလှန် နှုတ်ဆက်ပြီး လမ်းခွဲကြ၏။ မင်္ဂလာပါတကား။
ထိုနေ့ညနေဖို့ ပေးစရာဝတ်္ထု၊ ယူစရာ မဂ်္ဂဇင်း၊ ရစရာ ပိုက်ဆံ၊ အပ်စရာ Video အခွေတွေ၊ အပြီးပြော စရာရှိသော စကားတွေပြောကာ ထုံးစံအတိုင်း ကျွန်တော့်အိမ်ပြန်ချိန်က ရောက်လာလေသည်။ မြို့လယ်
အနော်ရထာ၊ ပန်းဆိုးတန်း ခုံးတံတားပွိုင့်၊ သွားကောလိပ်၊ ၃၅၀၊ တစ်ယောက်တည်းကြမ်းပြင်နဲ့ နီးပြီး ဘေးမှာ ရောက်နေရင် Negative offset လို့ခေါ်တယ်။ ခေတ်မီ နောက်ဆုံးပေါ်ကားတွေက Positive offset လို့ခေါ်တယ်။ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းကာ ပွိုင့်ကို ဖြတ်ကာ ရေကျော်နှင့်ပုဇွန်တောင်အကြား ပွိုင့်အကျော် သံလမ်းတွင် ကျွန်တော်စီးလာသောကား ထိုးရပ်ကာ သွား၏။
ကားဆရာက
အသက်(၅၀)ခန့် ရှီပြီး ပိန်ပိန်ပါးပါး အေးအေးဆေးဆေး လူတစ်ယောက်။ သူနှင့်ကျွန်တော် ဈေးစကားကလွဲ၍ ဘာမှ စကားမပြောဖူးသေး။ သူက ညည်းတွား၍ ကားတံခါးဖွင့်ကာကားရှေ့အဖုံးကို လှန်သည်။ ဟိုနှိုက်ဒီနှိုက် စက်နှိုးနေ၏။ မရ။ ကျွန်တော်ရှေ့ ခေါင်းခန်းမှာ ထိုင်နေရတာအားနာလာပြီး ဒုတိယအကြိမ် အဖုံး လှန်နေသော သူ့အနား ရောက်သွား၏။
ကားစက်အကြောင်း နားလည်လို့တော့
မဟုတ်။ ကျွန်တော့်အတွက် ကားပြင်နေသော သူ့ကို အားနာကာအားပေးရန်အတွက် နံဘေးနားမှာ ရပ်ပေးခြင်းသာ ဖြစ်၏။ သူ ဟိုဒီနှိုက်သော်လည်း ကားက ကောင်းမလာ၊ကားဆရာကြီးကလည်း ကျွန်တော့်ကို အားနာဟန်တူကာ ကားကို ဒေါသ ဖြစ်နေ၏။ထိုစဉ် ကကတစ်စင်း မီးထိုးကာ ရပ်ရင်း ကားဟွန်းကို တီး၏။
အေးကွာ ကားက ဖောက်ပြန်ပြီ၊ နောက်နေ့တော့
ပို့မှပါပဲ အေပန့်ပဲကွ၊ မင်း ပါစင်ဂျာတင်သွားပါလား
ဘယ်လဲ
သုဝဏ်္ဏ သွားကောလိပ်နားတဲ့၊ ၃၅၀
လေးရာပေးပါလား
ဟေ့ကောင်ကွာ ငါပြောပြီးသား ပါစင်ဂျာကွ၊ တင်သွားစမ်း ပါကွာ၊ ငါ့ကားက ဒုက်္ခဖြစ်နေလို့
အပြန်အလှန် ပြောနေသော သူတို့စကားတွေ ထဲမှာ ကျွန်တော် တစ်ခွန်းမှ ဝင်မပြောမိ။ နောက်ဆုံးတော့
ကျွန်တော် ထိုကားထဲ ရောက်သွားသည်။ ကျွန်တော့် မိတ်ဆွေကြးီ ကတော့ ကားရှေ့ဖုးံ ကို နှိုက်ကာ ကျန်ခဲ့၏။ ကားပေါ်ရောက် ကတည်းက ဒုတိယ ပုဂ်္ဂိုလ်က ဘယ်နေရာက ငှားလာတာလဲ။ ကားပျက်တော့ ပိုက်ဆံပေးရသေး သလား စသည်ဖြင့် မေး၏။ ကျွန်တော် အမှန်အတိုင်း ဖြေပါသည်။ ဒုတိယဆရာက သူသာဆိုလျှင် ထိုခရီးကို ၄၀၀
ယူကြောင်း ထပ်ပြော၏။ ကျွန်တော်ဘာမှ ထပ်မပြောတော့၊ မပေးမဖြစ်ဆိုလျှင် ၄၀၀ ပေးလိုက်တော့မည်။
ထိုသို့ စဉ်းစားနေစဉ် ကားက ထိုးရပ်သွား၏။ ပုဇွန်တောင်ဈေး မှတ်တိုင် အလွန်မှာပင် ဖြစ်သည်။ကားတားသူ နှစ်ဦး။ သာကေတ ရုပ်ရှင်ရုံအလွန်၊ ၃၅ဝိ၊ ၃၀ဝိ ထားပါ။ နောက်ဆုံး ကားတံခါး ဖွင့်သံ၊ပိတ်သံ၊ ထုံးစံအတိုင်း ကျွန်တော်
တစ်ခွန်းမှ မပြောမိ၊ ဒုတိယဆရာက ကားကက်ဆက်ကို ဖွင့်သည်။စိုင်းဆိုင်မော၏ လက်ရွေးစင် သီချင်းအခွေ။ ကျွန်တော့်ကို အရင်ပို့ပေးရန် ပြောမည်ကြံရင်း ဒုတိယ ဆရာကပုဇွန်တောင် အကျော်မှာ သာကေတဘက် ချိုးကွေ့သော ပုဇွန်တောင်ကုန်းကို ကွေ့သည်။
ကျွန်တော့်ကိုတော့ အရင်ပို့ပေးဖို့ ကောင်းတာပေါ့ဗျာ၊ ကျွန်တော်က ပထမငှားတာပဲ
သာကေတကနေ သုဝဏ်္ဏ အနီးလေးပဲ၊ ရောက်မှာပေါ့၊ ဒီခရီးကို ဒီဈေးနဲ့ လိုက်တာပဲ ကံကောင်း
ဈေးက သွားနေကျဈေးပါ၊ မကျေနပ်ရင် အစကတည်းက ပြောပေါ့၊ နောက်ကား ရတာပဲ
ဒုတိယဆရာက ဂီယာ ပြောင်းထိုး၏။ စကားတော့ မပြော။ ထိုစဉ်မှာ နောက်က တက်သော ဆရာတို့က ပြောသည်။ သူတို့ နှစ်ယောက်က ယောကျ်ားတစ်ဦး မိန်းမတစ်ဦး ဖြစ်၏။
ရှင်က သာကေတပဲ မဟုတ်ဘူးလား
မဟုတ်ဘူးခင်ဗျ၊ ကျွန်တော်က သုဝဏ်္ဏသွားကောလိပ်နား
ကျွန်တော် ကမန်းကတမ်း ပြောရသည်။
အာ ... ကျွန်တော်တို့က သာကေတ အတူ အောက်မေ့လု့ိ ။ သာကေတ ဝင်ပြီး ယူစရာရတို့ ယူပြီးရင် ဆေးရုံပြန်သွားရမှာ၊ ကျွန်တော်ဇနီးက ဒီညမွေးမှာ မို့လို့
ဘယ်ဆေးရုံလဲ
ဗဟိုအမျိုးသမီးဆေးရုံ
ပို့ပေးမယ် အားလုံး ၁၀၀ဝိ ပေးလိုက်ပါလား
တစ်ထောင်၊ ကိစ်္စမရှိဘူး၊ ရှေ့က ဆရာက
ရတယ်သူ့ကို ချထားလိုက်မှာပေါ့
ကားက ပြောပြောဆိုဆို ရပ်သွား၏။နေရာကြည့်တော့ ပုဇွန်တောင်ခုံးတက်၊ ပြီးနောက် သာကေတ ခုံးတံတား ဆင်းခါနီးနေပြီ။ ဒီနေရာကကျွန်တော်ကားရဖို့ မလွယ်တော့။
ဟေ့လူ၊ ခင်ဗျား ကျုပ်ကို တင်တုန်းက
တင်လာပြီး ဒီလို မလုပ်နဲ့လေဗျာ
တင်ကတည်းက လူကြုံတင်တာပဲ။ ခင်ဗျားကို ကျုပ်က သိပ်တင်ချင်တာ မဟုတ်ဘူး။ ပထမကားလိုပဲဆင်းပေါ့
ဒီတစ်ခါတော့ ကျွန်တော် သည်းမခံတော့ပြီ။
ဟေ့လူဟိုကားက ကားပျက်လု့ိ ဆင်းရတာ၊ မတင်ချင်ရင် အစကတည်းက မတင်နဲ့ ၊ ကျုပ်ငှားပြီး လူလည်း ထပ်တင်သေးတယ်။ ဟိုလူအော်ဒါ ကောင်းတော့
ကျုပ်ကို မောင်းချတယ် ဆိုတော့ ခင်ဗျား တရား သလား
တရားရချင်ရင် တရားစခန်းသွား၊ ဒါ ကားမောင်းနေတာ
အခြေအနေ အတော်ပြင်းထန်နေစဉ် နောက်မှ ငှားသူထဲမှ လူကြီးက ဝင်စကား ပြော၏။
ညီလေး အရင်ငှား လာတာ ဆိုရင်တော့ ညီလေးကို အရင် လိုက်ပို့သင့်တာပေါ့၊ ကိုယ်တို့ကလည်းအချိန် မရှိတော့ ခက်တယ်
ရတယ်၊ အစ်ကို ထိုင်ပါ၊ ကျွန်တော်
အစ်ကိုတို့ကို ပို့ပေးမယ်
ကျွန်တော် အထုပ်တွေ ယူကာ ကားပေါ်မှ ဆင်းလိုက်၏။ သူတို့ဆက် စကားပြော နေသည်။
ဘာတွေပြောသည် ဆိုတာ ကျွန်တော် ဒေါသကြောင့် မကြား၊ မကြာမီ ထိုနှစ်ယောက်လည်း ဆင်းကာလာ၏။ပထမ တစ်ထောင်နဲ့ တည့်ပြီးမှ ၁၅၀၀ တောင်းသည့် အတွက်ဟု ဆိုသည်။ ကားဆရာက ကားမထွက်မီအားလုံးကို မသဲမကွဲ အော်ဟစ်ကာ ဆဲသွားသေးသည်။
၁၀ မိနစ်ခန့် ကားစောင့်ပြီး ကျွန်တော်တို့ နှစ်ယောက်စလုံး ကားရပါသည်။ ကျွန်တော်က ၂၅ဝိ၊ဟိုဆရာ များက ၈၀ဝိ၊ စေတနာ အကျိုးပေး ပင်တည်း။ထိုသို့ ကားဆရာများ ကိုလည်း ကြုံခဲ့ဖူး ပါသည်။ ။
သဘင်အနုပညာ ဂျာနယ် ၉
* * * * *
ရှေ့ခန်း
* * * * *
လူဆိုသည်က မည်သည့်နေရာ မည်သည့် အခြေအနေကို
ရောက်ရောက် သက်သောင့်သက်သာ အေးအေးဆေးဆေး နေလိုသော သတ်္တဝါ ဖြစ်သည်။ ကမ်္ဘာဦးအစမှ ဒီနေ့အထိ ထိုသက်သက် သာသာ၊အေးအေးဆေးဆေး Style ကျကျ နေလိုသော စိတ်ကြောင့် အရာများစွာ တိုးတက် ပြောင်းလဲ လာခဲ့သည်။ထို့ကြောင့် အိမ်တွေလည်း ပုံစံမတူ။ ကားတွေလည်း ပုံစံမတူ။ နောက်ဆုံးပေါ်ကားဆိုသော ကားတစ်စီး၏အသက်သည် (၁)နှစ် အပြင် ပိုခံ လေ့မရှိ၊
မဆုံးနိုင်သော နောက်ဆုံးတွေက အဆက်ဆက် ပေါ်ဦးမည်သာဖြစ်၏။
ထိုသို့ သက်သောင့်သက်သာစွာ နေလိုသော ဆန်္ဒကြောင့်လိုင်းမျိုးစုံ၏ ကားလေးများတွင်လည်း ရှေ့ခန်းဆိုတာ ပေါ်လာ ရလေသည်။
ရှေ့ခန်းသည် သီးခြားဆန်သည်။ ထိုင်စရာ နေရာရသည်။ တစ်ဦးတည်း ဆိုလျှင် နောက်ခရီးသည်တစ်ဦးနှင့်သာ ဆက်ဆံစရာ ရှိ၏။ နှစ်ဦး ဆိုလျှင် ပြီးပြီ။ လူဆင်းလူတက်
ရွှေ့ရပြောင်းရသော ဒုက်္ခ၊အလယ်တန်းမှ ဘေးတန်း ပြောင်းရဖို့ ချောင်းရသော ဒုက်္ခ။ စပယ်ယာ ညွှန်ကြားမှုနှင့် ကင်းဝေးကာတွေးချင်ရာ တွေးခွင့်ရသော သုခ၊ Intercon မှ တဂျစ်ဂျစ်နှင့် စပယ်ယာ၏ စကားသံကိုတော့ တစ်ဆိတ်သည်းခံ ရတတ်၏။ ကားကို ဘေးတိုက်၊ ကျောပေး မစီးရဘဲ တည့်တည့်စီးရသည် ကပင် တော်တော်အဆင်ပြေ နေပြီ မဟုတ်ပါလား။
သက်ကြီးရွယ်အို၊
အပျိုကလေးများ၊ ကလေးပုစိကွေးမိခင်နှင့် သံဃာတော်များ အတွက် သင့်တော်သောနေရာ တစ်ခုလည်း ဖြစ်သည်။ သက်သာအေးဆေးစွာ လိုရာ ခရီးသွားလို သူတို့အတွက် စိတ်ဝင်စား စရာနေရာလည်း ဖြစ်သည်။ ထိုသို့ စီးလိုသူ လူကြိုက်များ သော်လည်း ခေါင်းခန်းသည် လူနှစ်ဦးတည်းသာတင်နိုင်သည့် အတွက် ဝယ်လိုအား များကာ ရောင်းကုန် ပစ်္စည်း
ရှားပါးလျှင် ဈေးတက်တတ်သောသဘာဝသာ ဖြစ်၏။
နောက်ကားကြည့်ပြီးမှ တံခါးဖွင့်ပါ။ တံခါးဖြည်းဖြည်း ပိတ်ပါ။ သံဃာတော်များ ဦးစားပေးပါ။ရှေ့ခန်းတစ်ဦး (၃၀ိ/-)။ ရှေ့ခန်းတွင် တွေ့ရလေ့ ရှိသောစာများ၊ ရှင်သီဝလိနှင့် သာမညတောင် ဆရာတော်ဘုရားပုံ စသည်တို့ကို ရှေ့ခန်းမှာ စီးလျှင် တွေ့ရတတ်သည်။
နောက်ကားကြည့်ပြီးမှ တံခါးဖွင့်ပါ ဆိုတာကိုတော့
လူအတော်များများ လိုက်နာ ကြရ၏။ ကားဆရာ ကလည်း တစ်ခါတစ်ရံ သတိပေးတတ်သည်။ တံခါးဖြည်းဖြည်းပိတ်ပါ ကတော့မရ။ တချို့ကားတွေက ဒုန်းခနဲဂျိုင်းခနဲ မြည်အောင် ပိတ်ရ၏။ ဒါတောင် တံခါးနှင့် တံခါးဘောင်အကြား လက်တစ်လုံးခန့် ဟနေသေး၏။
တချို့တံခါးများတွင် အိမ်တံခါးသုံး သံမင်းတုန်းများပင် တပ်ဆင် ထားလိုက်သေးသည်။ ထို့ကြောင့် အုန်းခနဲ မြည်အောင်
တအားကို ဆောင့်ပိတ် ကြရသည်။ ထိုစာမှာ အပိုသာ ဖြစ်သည်။
သံဃာတော်များ ဦးစားပေးပါ ကလည်း သိပ်မထူးခြား။ ရှေ့ခန်းမှာ ခရီးသည်များ အမိန့်သား ပါလာကြလျှင် ရဟန်းတို့၏ အားသည် သည်းခံခြင်းနှင့် လျော်ညီစွာ သံဃာတော်များ နောက်ဘက်သို့သာ ကြွကြရသည်။ ရှေ့ခန်းတစ်ဦး (၃၀) ကတော့ အဆိုးဆုံးလွဲမှား နေသော
စာကြောင်းသာ ဖြစ်သည်။ရှေ့ခန်းမှ စီးလျှင် မည်သူ စီးစီး ငါးဆယ် ပေးရသည်။ (၃၀) ရေးထားပါလျက်နှင့် (၅၀)ကို ပြောင်းတောင်းကြသည်။ ဘယ်ကဘယ်လို စသော နားလည်မှုမှန်းမသိ၊ သူသူ ငါငါ ပေးနေကြသဖြင့် ထုံးစံလိုဖြစ်နေကြသဖြင့် ကျွန်တော်စီးသည့် အခါတွင်လည်း (၅၀)ပေးရ ပါသည်။
သိချင်၍ မေးကြည့်တော့ ကိုယ့်ဆရာ ဂီယာထိုးမပျက်၊ မထူးခြားသော လေသံဖြင့် ပြန်ဖြေ၏။
သုံးဆယ်ဆိုရင် မကိုက်လို့ တဲ့။၃၀ိ/- ဆိုလျှင် မကိုက်စရာ သူ့အတွက် ဘာများ ရှိပါသနည်း။ ကျွန်တော် နားမလည်ပါ။ သူ့နေ့တွက်မကိုက်တာလား၊ ကားရင်းထားတဲ့ တန်ဖိုးနဲ့ မကိုက်တာလား ကျွန်တော် မသိပါ။ ကျွန်တော် ထင်တာကတော့ ရှေ့ခန်းစီးချင်သူ များသဖြင့် ကိုယ့်ဆရာများက အကွက်ကောင်း ရကာ တမင်တကာ ဈေးတင်ကြဟန် တူပါသည်။ သက်သက်
သာသာသာ အေးအေးဆေးဆေး လူ့ဘဝကို လိုင်းကား ကလေးဖြင့် ဇိမ်ခံချင်(သို့) ဒုက်္ခ မခံချင်သူတွေ ကလည်း ၂၀ိ/-ကို မကြည့်တော့ဘဲ ပေးလိုက်ကြ ခြင်းဖြင့် အဆင်ပြေသွားကြဟန်တူ ပါ၏။
ဒါတောင်မှ ကိုယ့်ဆရာတွေက ကားရပ်တာနဲ့ ရှေ့ခန်းတန်းဖွင့်လျှင် မကြိုက်ကြ။ ရှေ့ခန်းရလားဟုမေးကြရသေး၏။ ထိုသို့ မေးလျှင် ဘယ်သွားမှာလဲ ပြန်မေးသည်။
ရန်ကုန်မြို့ထဲက မဟာဗန်္ဓုလ ပန်းခြံလမ်းလောက်ဆိုလျှင် မတင်တတ်ကြ။ ၅၀ိ/- တည်းနှင့် မြို့ထဲရောက်မည် ဖြစ်သဖြင့် သူတို့အတွက် ငွေပိုမရနိုင်သောကြောင့် ဖြစ်၏။ ၃၈ ကားလေး ဆိုလျှင် ပုဇွန်တောင်ဈေး အထိ ကြည်ဖြူစွာ လက်ခံ ကြသည်။ ၃၉ဆိုလျှင် တာမွေ၊ မင်္ဂလာဈေးအထိ ကြိုက်ကြ၏။ ပုဇွန်တောင်ဈေး၊ မင်္ဂလာဈေးအထိ ၁၀၀ိ/- ရတတ်ကြသဖြင့်ပိုသဘော ကျတတ် လေသည်။
ခေါင်းခန်းရှေ့ခန်းကို အလွယ်တကူ စီးခွင့်ရသည် ဆိုလျှင် ဒုလ်္လဘတရား တစ်ခုဟု မှတ်ယူရမလိုဖြစ်လေသည်။ ညဘက် ဒဂုံသို့ ဆွဲသော ကက ကားများတွင်လည်း ခေါင်းခန်းသည် ဈေးကြီး၏။ ခေါင်းခန်း၂၀၀ိ/-၊ နောက်ခန်း ၁၀၀ိ/-။ ဘန်ဆိလျှင် နောက်ဖုံးအောက် အခန်းကလေးထဲ တစ်ယောက် ငါးဆယ်ယူသည်။ ကားစီးရာတွင်တော့ ငွေချမ်းသာလျှင် ဒုက်္ခနည်းတတ်သည်မှာ အမှန်ပင်
ဖြစ်လေသည်။ကျွန်တော်လည်း မကြာခဏဆိုသလိုပင် လေထန်ကုန်းသို့ လာတိုင်း ကားလေးရှေ့ခန်းက စီးလေ့ ရှိသည်။ကျွန်တော်နေသော အိမ်က ကားဂိတ်နှင့် တစ်မှတ်တိုင်သာ ဝေးသောကြောင့် ရှေ့ခန်းတွင် စီးရန်အတွက်အခက်အခဲ မရှိသောကြောင့်လည်း ဖြစ်သည်။
တစ်နေ့ ကျွန်တော် မြို့ထဲသွားရန် ကားဂိတ်ရောက်တော့ ထွက်မည့် ကားခေါင်းခန်းမှာ မိန်းကလေး တစ်ယောက် ရှိနေ၏။ ကျွန်တော်
ဝင်ထိုင်ပြီး သိပ်မကြာ၊ ကားထွက်လေသည်။ ကိုယ့်ဆရာကလည်း ဘယ်သွားမလဲ၊ ဘာလဲ မမေး၊ ခပ်အေးအေးပင် ကားကို မောင်းလာလေသည်။ ကျွန်တော့် နံဘေးက ကောင်မလေး ကတော့ ကားမှတ်တိုင် ရပ်တိုင်း ကားဆရာကို ကျော်ကာ မှတ်တိုင် အပြင်ဘက်ကို ပြူးပြူးပြဲပြဲလှမ်းလှမ်း ကြည့်တတ်တာ သတိထား မိသည်။
သုဝဏ်္ဏ လမ်းဆုံကို
ရောက်တော့ ပြဿနာက စလေသည်။
ဟာ ... တွေ့ပြီ၊ ဟေ့ ... ဒီကိုလာဟေး
ကောင်မလေးက ကားခေါင်းခန်းမှ အတင်းကြုံကာ အော်သည်။ မှတ်တိုင်မှ ကောင်လေး တစ်ယောက်ပြေးထွက် ကာလာ၏။ ရှေ့ခန်း နံဘေး လာရပ်သည်။
အစ်ကို အစ်ကို ကျွန်မလူ လာပြီ
ကျွန်တော့်ဘက် လှည့်ပြောသော ကောင်မလေး စကားကို ကျွန်တော် နားမလည်၊ ကောင်မလေးက
အကူအညီတောင်းသလို ကားဆရာကို ပြောပြန်၏။
အစ်ကို သမီးပြောတဲ့လူ ဒီမှာတွေ့ပြီ အဲဒါ
ဟာ ... မင်းကို ဂိတ်ကတည်းက ပြောသားပဲ နှစ်ယောက်စာ တစ်ခါတည်း ယူထားလိုက်လို့၊ မင်းမှ မယူတာ။ အခု ခရီးသည် တင်ပြီး နေပြီ။ ညှိကြည့်ပေါ့၊ ရရင်တော့ ပြီးတာပဲ
ကားဆရာက စိတ်ပျက်လက်ပျက်ပုံစံ (အနည်းငယ် ဒေါသ ထွက်ချင် နေပုံလည်း ရှိသည်)နှင့် ပြော၏။ ကောင်မလေးက ကျွန်တော့်ကို အပြုံးကလေးဖြင့် ရှင်းပြသည်။
အစ်ကို ဒီလိုပါ ကျွန်မက သူနဲ့ ချိန်းထားတာ အဲဒါ မသေချာလို့ ခေါင်းခန်းယူ မထားတာ အဲဒါသူက အခုစောင့်နေတော့
ကောင်မလေးက ဆက်မပြောတော့ပေမယ့် ကျွန်တော် သဘောပေါက် ပါသည်။
ချစ်သူနှစ်ယောက်မြို့ထဲသွားဖို့ ချိန်းကြမည်။ ကောင်လေး မှတ်တိုင်မှာ စောင့် မစောင့် မသေချာတော့ ကောင်မလေးကရှေ့ခန်းကို တစ်ယောက်စာပဲ ငှားထားသည်။ ကျွန်တော် တက်စီးပြီး ကောင်လေး ရောက်လာတော့ကျွန်တော့်ကို နှင်ခြင်း ဖြစ်၏။ နောက်ခန်းမှာ ကလည်း အတွယ်တွေ ဘာတွေနှင့် ပြွတ်သိပ် နေပြီ။ ကျွန်တော်ဆင်းပေး၍ မရနိုင်တော့။
ဟာ မဖြစ်နိုင်ဘူးလေ၊ နောက်မှာလည်း
ကျပ်နေပြီ။ ဖယ်ပေးရင် အောက်ရောက် သွားမှာပေါ့။အားတော့ နာပါတယ်
ထိုစဉ် စပယ်ယာက မောင်း ... ဆိုသော အသံကို Intercon မှ ကြားရ၏။ ကားဆရာကစိတ်မရှည်တော့ပြီ။ ဂီယာကို ထိုးရင်း ပြော၏။
ကဲ ညှိလို့ မရလည်း နောက်ကား ပြောင်းစီးလိုက်ကြဗျာ
ဘာဆုံးဖြတ်ရမှန်း မသိခင် ရှေ့ခန်းသို့ အဘွားကြီး တစ်ယောက် ရောက်ကာ လာ၏။ အသက်က(၇၀)လောက်
ရှိမည် ထင်သည်။
သားတို့ရယ်၊ ဘိုကလေးဈေးကို သွားချင်လို့ပါ၊ အဘွားမျက်စိခွဲထားလို့ ရှေ့ခန်းလေး ပေးပါ သားရယ်
ကျွန်တော် ဘာပြောရမှန်း မသိတော့။ ကားဆရာကလည်း စိတ်ညစ် သွားဟန် တူ၏။ ဘာဖြစ်၍မှန်းတော့မသ၊ ကောင်မလေးရော ကျွန်တော်ပါ ကားပေါ်က မဆင်းကြသေး။ အဘွားကြီးက ကားတံခါးကို ဖွင့်သည်။ စပယ်ယာက မောင်း
ဆိုသော အသံကို ခပ်ကျယ်ကျယ် ထပ်ကြား ရပြန်သည်။ ကျွန်တော် တံခါးဖွင့်ကာကားခေါင်းထဲက ထွက်မည် အလုပ်မှာ ဦးပဉ်္စင်းနှစ်ပါး ကြွလာ ကြ၏။
ကဲ ... ဒကာတု့ိ ရှေ့ခန်းလေး ဖယ်ပေးကြ ပါလား၊ ဦးပဉ်္စင်းတို့ ပုဇွန်တောင်ဘက် ကြွချင်လို့
အသံကြား၍ မော့ကြည့်တော့ ဦးပဉ်္စင်းနှစ်ပါးကို တွေ့ရသည်။ တစ်ပါးက လက်မှာ ကျောက်ပတ်တီးစည်းကာ လည်ပင်းတွင် ကြိုးသိုင်း
ထားရ၏။ လက်ကျိုးလာသော ဂီလာနကိုယ်တော် ဖြစ်သည်။ ကားဆရာက ကားစက်ကို သတ်ပစ် လိုက်၏။
ကဲ... ဒကာတို့ သံဃာတော် ဦးစားပေးဆိုတာ ရေးထားတယ် မဟုတ်လား၊ ဒီကိုယ်တော့်မှာဒဏ်ရာနဲ့မို့ပါ
ကားထွက်သွားတော့ ချစ်သူနှစ်ယောက်၊ မျက်လုံးခွဲထားသည့် အဘွားကြီးနှင့် စာရေးဆရာ တစ်ယောက်အူကြောင်ကြောင်ဖြင့် မှတ်တိုင်မှာ ကျန်ရစ်ခဲ့သည်။
မျက်လုံးခွဲ ထားသော
အဘွားကြီးကို နောက်ကား တစ်စီး ခေါင်းခန်းထဲအထိ ကျွန်တော်လိုက်တင်ပေးရသည်။ ကြိုးကြာမောင်နှံလို တူယှဉ်တွဲ မခွဲနိုင်သော ချစ်သူနှစ်ယောက်ကတော့ ကကငှားကာလစ်ကြသည်။ ကျွန်တော် မောမောနှင့် စီးကရက်ထုတ် သောက်ရင်း ကားစီး သမိုင်းတစ်လျှောက် ဒီလောက်ပြဿနာတက်ခဲ့ ရသော ရှေ့ခန်းကို မှတ်တမ်းတင်ရင်း ကြောင်စီစီဖြင့် နောက်ကား တစ်စီး ဆက်စောင့်ခဲ့ရပါသည် ခင်ဗျား။ ။
သဘင်အနုပညာ ဂျာနယ် ၂၂
Scribd
စလေ ငနော့
