#ဦးဖိုးကျား
ကျွနု်ပ်သည် ကောလိပ်ကျောင်းဘီအေအောက်တန်း၌ရှိစဉ်က ကျွနု်ပ်နှင့်အတန်းတူ၊ အတန်ခင်မင်သော မိတ်ဆွေတစ်ယောက် ရှိဖူး၏။ ၎င်းကား မောင်ထွန်းမောင်ဖြစ်၏။
ထွန်းမောင်မှာ အလွန်အေးဆေးစွာ နေလေ့ရှိ၏။ စကားနည်း၏ ။မပာုတ်မမှန် မပာားတရား မပြောတတ်၊ ဣနြေ္ဒကြီး၏ ၊၊ စကားနည်း သူတို့၏ စကားသည် လေးနက်တတ်သည်ဖြစ်ရာ ထွန်းမောင် စကားပြောလျှင် ကျွနု်ပ်တို့ ကျောင်းသားများ ဂရုပြု၍ နားထောင်လေ့ရှိ၏ ။ ဝါကြွားပြောတတ်သူသည် ထွန်းမောင်ရှေ့တွင် စကားပြောခဲ၏ ၊၊ အကြောင်းကား ထွန်းမောင်က တစ်ချက်တစ်ချက် ဝင်ထောက်လိုက်လျှင် ထိုကြွားဝါခြင်း ချက်ချင်း ပေါ်တတ်၏ ။ အပေါင်းအဖော်နှင့် အချိန်ဖြုန်း မနေတတ်။ တစ်ယောက်တည်းတွေးတော၍သော်လည်းကောင်း၊ စာဖတ်၍သော်လည်းကောင်း နေတတ်၏ ။ သို့ရာတွင် အလွန် ရိုးသားဖြောင့်မတ်သူဖြစ်ရလေကား ကျောင်းသားများက ဝိုင်း၍ရိုသေခင်မင်ကြ၏ ။ ကျွန်ုပ်နှင့်ကား အခြားသူတို့ထက် ပို၍ ခင်မင်ကြ၏ ။
ထိုနှစ် အင်္ဂလိပ် ဒီဇင်ဘာ(နတ်တော်- ပြာသို)၌ကျောင်း၁၂ရက်မျှပိတ်၏ ။ ထိုအချိန်အခါ၌ ကျောင်းသားများ ကျိုက်ထီးရိုးဘုရားသို့ အစုအစုပြု၍ သွားလေ့ရှိကြရာ ကျွန်ုပ်လည်းသွားလိုသည်နှင့် ထွန်းမောင်၏အခန်းသို့လာခဲ့၍-
"ပော့ ထွန်းမောင်၊ ကျိုက်ထီးရိုးဘုရားကို သွားရအောင်ကွာ၊ တို့၁၂ရက်တောင် ရက်အားရတယ်။"
"ဘုရားဖူးတာ ကျိုက်ထီးရိုးတောင် သွားရမလားကွဲ့၊ ရွှေတိဂုံဘုရားကို သွားပါတော့လား၊ အတူတူပေါ့။"
"မတူဘူးဆရာ၊ ကျိုက်ထီးရိုးက မြတ်စွာဘုရား ကိုယ်တော်တိုင် တို့မြန်မာပြည်ကို ကြွလာပြီး ရသေ့ကြီးတစ်ပါးကို ဆံတော်ပေးသတဲ့။
အဲဒီဆံတော်အစစ်ကိုဋ္ဌာပနာပြီး တည်တောမောင်ရဲ့ နားလည်ရဲ့လား ။"
ထိုအခါ အလွန်ပြုံးခဲ သောထွန်းမောင်သည် ပြုံး၍ "ဘုရား ဒီကိုကြွလာတယ်လို့ မင်းကို ဘယ်သူက ပြောသလဲ။"
"မင်းလဲ အတော်ခွကျတဲ့ အကောင်ပဲ ။ ဘယ်သူပြောရမလဲကွဲ့၊ သမိုင်းထဲမှာ သေသေချာချာကို ရေးထားတယ် သိရဲ့လား ။"
"အဲဒီမင်းသမိုင်းက ဘယ်သူက ဘယ်တုန်းက ရေးခဲ့တာလဲ။"
"ဘယ်သူရေးတယ်လို့တော့ မင်းကိုသေသေချာချာသံတော်ဦးမတင်နိုင်ဘူး၊ရှေးပညာရှိလူကြီးတွေ ရေးခဲ့တာပေါ့ကွယ့်" (ခပ်ကျယ်ကျယ်ပြောသည်)
“ပာား-ပာား မင်းမှတ်မိသေးရဲ့လား၊မင်းနဲ့ ငါနဲ့ ှပြည်မြို့ကိုသွားလည်ကြတုန်းက ဘုန်းကြီးတစ်ပါးက ဒွတ္တပေါင်မင်းကြီးရဲ့ ဝတ်လဲတော်အစစ်ကို ပြာချသစ်စေးသရိုးကိုင်ပြီး လုပ်ထားတယ်ဆိုတဲ့ ကမ္မဝါစာကို ထုတ်ပြတော့ မင်းက ကိုယ်တော် ဘ့ယ်နှယ် သိသလဲ…ဘာလဲ….. ညာလဲနဲ့ စစ်ပေါက်ပေါက် မေးတော့ ဘုန်ကြီးကစိတ်ဆိုးပြီး မင်းကိုမောင်းချတာ မှတ်မိသေးရဲ့လား၊ အခုလည်းမင်းငါ့ကိုငေါက်ပြန်ပြီလား၊ "
"မင်းက ရာဇဝင်ဆရာမို့ သေသေချာချာသိမလားလို့ မေးတာပါ ။ မကြိုက်ရင်လည်းမမေးပါဘူး”
“ပော့အကောင်၊ တော်ပါကွယ်၊ မင်းပာာတစ်ခါတစ်ခါ အင်မတန်လျှာရှည်တယ်။ မင်းလိုက်ချင်လည်း လိုက်၊မလိုက်ရင်လည်း ငါ့တစ်ယောက်တည်းတော်သလိုကြည့်သွားမှာပဲ “ ( ခပ်ဆတ်ဆတ်ပြောသည်)
“ပာင်- ဘုရားတရား ကြည်ညိုတဲ့လူကည်း စိတ်တိုလိုက်တာ၊ ကိုင်းကွယ် ငါကပဲ လျေှှာ့ပါမယ်၊ ငါလိုက်ပါမယ်”
ထိုအခါမှ ကျွနု်ပ်က ပြုံး၍ အဲဒီလိုမှပေါ့ကွဲွဲွွွွွွ့၊ငါ့မှာငွေ ၅၀ကျပ်လောက်တော့ စုထားတယ်၊မင်းမှာကော”
“ ငါ့မှာလည်း ၅၀ ကျပ်လောက်ပါပဲ “
“အေး – နေရာကျပြီ ၊ စရိတ်စက စားဖို့သောက်ဖို့ ၁၅ ကျပ်လောက်ပဲ ကုန်မယ်ထင်တယ်။ လှူဖို့တန်းဖို့ အပုံကြီး ပိုတာပဲ။ ကိုင်း အခုညပဲ သွားကြစို့ကွယ်”
ကျိုက်ထိုဘူတာသို့ ရောက်လျှင် ထိုအခါက မော်တော်ကားများ မသွားသေးသဖြင့် လှည်းငှား၍ သွားကြ၏ ။ ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းမရောက်မီ ခရီးတစ်ဝက်သာသာ၌ အင်းဝစခန်းသို့ရောက်ရာ ခရီးနားကြ၏ ။ ထမင်းပာင် း၊လက်ဖက်ရ ည်၊ဘူးသီးကြော်စသည်ဖြင့်အစားအသောက်လည်းပြည့်စုံ၏။
ထိုစခန်းမှာ ရွာနီးချုပ်စပ်က လာရောက်၍ဆိုင်တည်ခင်းသော နေရာစခန် းကြီးတစ်ခုဖြစ်၏ ။
ထိုအင်းဝစခန်းဆိုင်စု၏ မြောက်ဘက် အတန်ကွာရှိ သရက်ပင်ကြီး တစ်ပင်အောင်တွင် တဲငယ်ငယ်တစ်ခုရှိ၏ ။ ထိုတဲငယ်ဘက်သို့ုထွန်းမောင်သည် လျှောက်၍သွား သည်ကို မြင်လိုက်ရ၏ ။ မကြာမီပင် တဲပေါက်တွင် ရပ်၍ အတန်ကြာ ကြည့်နေသည် ကိုမြင်ရ၏ ။
နာရီဝက်ခန့်ကြာလျှင် ကျွနု်ပ်တို့ သွားချိန်ကျသည်နှင့် ထွန်းမောင်ကို ပာစ်၍ ခေါ်ရ၏ ။ ထွန်းမောင်သည် သုတ်လာခဲ့၍-
“ပော့- ပာိုတဲထဲမှာ အဘိုးကြီး လင်မယား နှစ်ယောက်နဲ့ မြေးနှစ်ယောက်ဖျားပြီး လဲနေကြတယ် ။ ငါအစားအသောက်ကလေး ဝယ်ပေးခဲ့ချင်တယ်၊မင်းသွားနှင့်ကွယ်၊ကင်ပွန်းစခန်းကို ငါမီအောင် လိုက်ခဲ့မယ်”
“ဟောဗျာ – မင်းဗွေဖောက်ပြီ ၊ မင်း အကျင့် ဒီလိုပဲ၊ စိတ်တစူးစားကြီးနဲ့ ၊၊ ကဲ .. မောင်သဘောရှိ၊ ငါတော့ မင်းကို စောင့်မနေနိုင်ဘူး ။ ကင်ပွန်းစခန်းကို မှီအောင် လိုက်ခဲ့ပေတော့၊ မမှီရင်တော့ ငါဆက်သွားမှာပဲ “
“အေးပါကွယ် ၊ ငါမီအောင် လိုက်ခဲ့ပါမယ် “ ဆို၍ လှည်းပေါ်ကသူ့လွယ်အိတ်ကို ယူ၍ တဲငယ်ဘက်သို့ စိုက်စိုက် စိုက်စိုက် နှင့် သွားပြန်လေ၏ ။
ကျွနှ်ပ်မှာကား ဘုရားသို့သာ ရောက်လို၍ ကျွနု်ပ်တို့ ကျောင်းက ကျောင်းသားတစ်စုလည်း ထပ်ရောက်လာသည်နှင့် ထိုလူစုနှင့် ရော၍ လိုက်သွားလေ၏ ။ ကင်ပွန်းစခန်းသို့ ရောက်သော်လည်း ထွန်းမောင် မပေါ်လာချေ။ ရေမြောင်ကလေး ၊ ရေမြောင်ကြီး ၊ ဘိုးပြန်တောင် ၊ စိုင်တမော့ စသည်ဖြင့် စခန်းအစဉ်အတိုင်း နောက်ဆံ တငင်ငင် နှင့် ပင် လာခဲ့ရာ ဘုရားသို့သာ တိုင်တော့၏။ ထွန်းမောင် မပေါ်လာချေ။
ကျွနု်ပ်တို့တစ်စုတည်း တပျော်တပါးကြီး ပြော..ဆို..က နှင့် လာခဲ့ကြရာ ဘုရားအနီး နတ်ရုပ်နတ်စင် နှင့် မိန်းမကြီးတစ်ယောက် ပိုက်ဆံခံနေသည်ကို တွေ့ရ၏။ နတ်ရုပ်မှာ ပါးတစ်ခြမ်း..နားတစ်ခြမ်း ပဲ့နေ၏ ။ ငုင်းအပဲ့တို့ကို ပြ၍ ပြင်ဆင်ရန်ဆိုကာ ပိုက်ဆံခံနေခြင်းဖြစ်၏ ။ ထိုအခါ ကျွနု်ပ်တို့အခန်းက ကျောင်းသားတစ်စု ကျိုက်ထီးရိုးက ပြန်လာကြသောအခါ ထိုပါးပဲ့ နားပဲ့နေသော နတ်စင်က နတ်ကတော်ကြီးအား နတ်မေးကြကြောင်းပြန်ပြောသည်ကို သတိရသည်နှင့် ကျွနု်ပ်တို့ နှင့် အဖော်အလှော် ခေါ်ခဲ့သော လှည်းသမားကို မေးကြည့်ရာ လှည်းသမားက ပြုံးရယ်၍ “ဒီအပဲ့တွေဟာ ကြာလှပြီဗျ ၊ ပြင်လိုက်ရင် နောက်ထပ် ပိုက်ဆံ ဘယ့်နှယ်လုပ်အလှူခံမလဲဗျ” ဟု ပြောလိုက်မှ ကောလိပ်ကျောင်းသားထက် သာသော လှည်းသမားများလည်း ရှိသေးကြောင်း သိရသည်။
“နို့ကွယ် ၊ ရသေ့တွေ ၊ ရသေ့မတွေ ၊ ဖိုးသူတော်တွေ ၊ မယ်သီလတွေ ပေါလှချည်ကလားကွဲ့”
“အဲဒီအထဲမှာ ‘ခါတော်မီ’တွေ များကြီး ပါတယ်ဗျ”
ကျွန်ုပ်တို့ ဘုရားရှိခိုးနေစဉ် ပန်းသည်၊ ရွှေသည်၊ ရေသည်တို့၏ အနှောင့်အယှက်ကို များစွာ ခံရ၏ ။ ဘုရား ရှိခိုးနေစဉ် ရေ ပန်း ရွှေ ဝယ်ပါ ဝယ်ပါဟု တစာစာ လိုက်၍ ပူနေ၏ ။ ကျွန်ုပ်သည် ကလဲ့စားချေလိုသည် နှင့် ရေ ပန်း ရွှေ တို့ကို ဣနြေ္ဒနှင့် ရောင်းသော ဆိုင်တို့တွင်သာ ဝယ်ယူလိုက်၏။
ကျောက်ကျီးကန်းပါးစပ်ဘက်လို့ လာခဲ့ရာ လမ်းတွင် တောင်စောင်းတစ်ခု ဂူတွင်းတွင် ရသေ့တစ်ပါးထံတွင် ဘုရားသွားတော်အစစ်ရှိသည်ဆို၍ ဂူတွင်းသို့ ကျဉ်းကျဉ်းကျပ်ကျပ်နှင့် ဝင်ခဲ့၏။ သေသေချာချာ ကိုယ်တိုင် ကိုင်၍ ဖူးပါရစေဟု တောင်းသောအခါ……..
“ဟဲ့… ဒကာရဲ့ ၊ လက်နဲ့ မကိုင်ကောင်းဘူး ၊ ငရဲကြီးတတ်တယ် ၊ ခပ်ဝေးဝေးကပဲ ဖူးတာပေါ့”
“နို့..ရသေ့တော့ ငရဲမကြီးဘူးလား”
“ဟဲ့..ရသေ့ဆိုတာ စင်ကြယ်တဲ့ သူတော်ကောင်း ဖြစ်တယ်။ ဘယ်တော့မှ ငရဲမကြီးဘူး ။ မင်းတို့လူလို မဟုတ်ဘူး။
ထိုအခါ ကျွနု်ပ်သည် ဘာမျှ ပြန်မပြောဘဲ အခွင့်ရသမျှ သေချာစွာစူးစိုက်၍ ကြည့်ရာ ‘သွားတော်’ ၏ အတွင်းက ဘာရှိသည်ကိုကားမသိရ ၊ အပြင်ကမူကား စီးကရက်ဘူးထဲက ငွေရောင်ပြားကို ကပ်ထားသည်ကို မြင်တွေ့ရ၏ ။ သို့ကြောင့်လည်း ရသေ့ရှေ့ အလှူခံ ပိုက်ဆံခွက်ထဲသို့ တစ်ပြားတစ်ချပ်မျှ မထည့်ခဲ့ဘဲ ခပ်သုတ်သုတ်ပြန်၍ ထွက်ခဲ့၏။
ဤသို့လျှင် ကျိုက်ထီးရိုးတောင်၊ မုဆိုးတောင်တို့တွင် အေးချမ်းပျော်မြူးစွာ ခုနစ်ည ကြာကြ၏။ ပြီးမှ ဆင်းခဲ့ကြ၏ ။
အပြန်လမ်းတွင် အင်းဝစခန်းသို့ ရောက်ကြသော် ထွန်းမောင်၏ အဖြစ်ကို မေးမြန်းလိုသည်နှင့် ကျွနု်ပ်သည် အဖော်များနှင့် ခွဲ၍ ယခင် တဲငယ်ဘက်သို့ လာခဲ့၏။
တဲငယ်မှာ ကျွန်ုပ်ပထမ မြင်စဉ်ကကဲ့သို့ စုတ်ချာပျက်စီးနေသည် မဟုတ်ဘဲ အမိုးအကာနှင့် အတန်ပင် သပ်ရပ်ကောင်းမွန်နေသည်ကို တွေ့ရ၏။
ခေါင်းရင်းခန်းကလေးတွင် အတန်အိုမင်းပြီး ဖြစ်သော အဘိုးအို၊ အဘွားအိုနှစ်ယောက် ပုတီးစိပ်၍ နေကြ၏။ ခြေရင်းပိုင်း မြေကွက် မီးဖိုတစ်ခုတွင် လက်ဖက်ရည်ကရားနှင့် ရေနွေးအိုး ကျိုနေသော ၁၃ နှစ် ၁၄ နှစ်အရွယ် မိန်းကလေးကို မြင်ရ၏။ ၎င်းအနီးတွင် ၃နှစ် ၄နှစ်သားခန့်ရှိ ယောကျ်ားသူငယ်ကလေးတစ်ယောက် ဘူးသီးကြော်တစ်ခုကို စားနေ၏။
ကျွန်ုပ်ကို မြင်ကြလျှင် အဘွားတို့က “အလို..မောင် ၊ လာပါ လာပါ၊ ဘယ်အရပ်ကပါလဲ မောင်၊ ဘုရားဖူး အသွားလား ၊ အပြန်လား ၊ လာပါလာပါ ထိုင်ပါ” ဆို၍ နေရာပေးခြင်း ၊ ကွမ်းအစ်ချခြင်းတို့ကို ပျာပျာသလဲ ပြု၏။ “ဟဲ့..ဖွားမေ ၊ ဟဲ့ဟို ထန်းလျက်ကလေး ရှိသေး မဟုတ်လား ၊ တစ်ခါတည်း ထည့်ခဲ့ဟေ့ ၊ သောက်ပါ စားပါ မောင်ရယ်…” ဟု အလွန်ကြီးစွာသော စေတနာဖြင့် ဧည့်ခံလင့်၏ ။
အဘိုးကြီးက တစ်ဖန် “ ငါ့မြေးက ဘုရားဖူး မဟုတ်လား “
“ဟုတ်ပါတယ် အဘိုးရယ်၊ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ကိုးရက်လောက်က တက်သွားပါတယ်။ အခုပြန်ခဲ့တာပါ ၊ အဲဒီ တက်သွားတဲ့နေ့က ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဒီတဲမှာ ကျန်ရစ်တယ်။ အဲဒါ အခု ဘယ်သွားလေသလဲလို့ မေးချင်လို့ ဝင်လာတာပါ အဘိုးရဲ့”
ထိုအခါ အဘိုးကြီး နှင့် အမယ်ကြီးသည် ငေါက်ခနဲ တစ်ပြိုင်တည်းဆန့်၍ “မောင်ထွန်းမောင်ကို မေးတာ မဟုတ်လား” ဟု သံံပြိုင်မေးကြလေ၏။
“ဟုတ်ပါတယ် ခင်ဗျာ”
အမယ်ကြီးက ဆက်၍ “သြော်..မောင်က မောင်ထွန်းမောင်ရဲ့ သူငယ်ချင်းလား၊ ဒါဖြင့် မောင်လည်း သူတော်ကောင်းပေါ့။ အေးအေး၊ မောင်ထွန်းမောင်ရယ် ၊ ခုမနက်ပဲ ရန်ကုန်ကို ပြန်သွားပြီ ၊ သူတို့ ကျောင်းတတ်ရမယ်ဆိုကိုးကွဲ့၊ ပြောလိုက်ပါရစေဦး မောင်ရယ်၊ ဒီလို သူတော်ကောင်းမျိုးရှိတာ အဘွားတို့ အခု အသက် ၇၀ ရှိပြီ ။ ကြားပဲ မကြားဖူးပေါင် မောင်ရယ်”
“မောင်ထွန်းမောင်ဟာ ဘုရားကို လိုက်မလာဘဲ ဒီကပဲ ပြန်သွားပုံကို ပြောပါဦး အဘွားရဲ့”
“ပြောပါပြီလား မောင်ရယ်၊ ဒီလိုကွဲ့ ၊ ငါတို့က အဲဟို ကျိုက်ကို သွားတဲ့လမ်းနားမှာရှိတဲ့ မီးသွေကုန်းရွာကပါ။ အဘွားတို့မှာ သမီးတစ်ယောက်တည်း ရှိတယ်။ သူအိမ်ထောင်ကျလို့ သားသမီး လေးယောက်ရပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပဲ သူ့ခင်ပွန်း အနိစ္စရောက်တယ်။ သူကိုယ်တိုင်လည်း မနှစ်က ဆုံးပြန်ပါရော့။ သားသမီးလေးယောက်အနက်က နှစ်ယောက်သာ မဖတ်တင်တယ်။ ဟော..အခု မြင်တာ အကြီးဆုံးနဲ့ အငယ်ဆုံးပေါ့။ ဒီကလေးနှစ်ယောက်ကို ငါတို့ပဲ မွေးရတော့တာပေါ့။ ငါတို့ကလည်း အိုအိုမင်းမင်း သူတို့ကလည်း လူလားမမြောက်သေး၊ ပိုက်ဆံကြေးငွေကလည်း မပြည့်စုံ၊ တိုတိုပြောကြစို့ မြေးရယ်။ ငါတို့ ထမင်းရက်မှန်မှန် မစားရတာ ကြာပါပြီ။။ အဲဒါ အခု ဘုရားဖူးများလာတဲ့အချိန် ဒီအင်းဝစခန်းမှာ တဲကလေး ထိုးပြီး ဖွားမေကိုပဲ ဘူးသီးကြော်ကလေးကြော်ပြီး ရောင်းစေရတာပဲ။
အဲ့ဒါနဲ့လည်း ထမင်းရက်မှန်မှန် မစားရပါဘူး။ ကံများ ဆိုးချင်တော့ လွန်ခဲ့တဲ့ နှစ်လ သုံးလကစပြီး ဟော..မောင့်အဘိုးကြီးဟာ လူကလည်း အို၊၊ အစာရေစာ ဝလင်အောင်လည်း မစားရတော့ လဲပါရောမောင်ရေ၊ နောက် ဆယ်ရက်လောက်က အဖျားဝင်လာပြီး သတိမရ တစ်ချက် ရတစ်ချက်နေပါရော၊ အဲဟို မောင်ထွန်းမောင် ရောက်တဲ့နေ့က မြော့မြော့ပဲ ရှိတော့တယ်။
အဘွားကိုယ်တိုင်လည်း မောင့်အဘိုးလိုပဲ အားနည်းပြီး လဲနေရာက နွေးနွေးမှ ခြုံစရာမရှိ၊ အဲဒီအထဲ တဲကလေးကလည်း မိုးမလုံတော့ အအေးမိပြီး အဘွားလည်း လဲပါရော မောင်ရေ့။
အဲဒီလို အဘွားတို့ အကျိုးအကန်းနှစ်ယောက်ကို မြေးမကလေး ဖွားမေက ချက်ပြုတ်ကျွေးနေရာက ဟော .. ထင်းချိုးရာမှ သံစူးလို့တဲ့။ တစ်ခါတည်း ငန်းတွေ မန်းတွေ လိုက်ပြီး ပြည်တည်လို့ မောင်ထွန်းမောင်ရောက်တဲ့နေ့ က ခြေထောက်မြှောက်ပြီးအော်နေရတာပဲ။
အဲ့ဒီ မောင်ထွန်းမောင် လာကြည့်တော့ ငါတို့ ထမင်းရေစာမစားရတာ နှစ်ရက်တိတိ ရှိနေပြီမောင်ရဲ့၊၊ သေဖို့ အဆင်သင့်ပဲဆိုပါတော့၊ ဟော ဟိုမြေးအငယ်ကတော့ ကလေးကိုး ။ အဲဟိုဆိုင်စုမှာ သွားပြီး တောင်းရမ်းစားသတဲ့၊ အဲဒီလို ငါတို့ သေဖို့ အနေမှာ မောင့်သူငယ်ချင်း မြင်တော့ မေးသံံကို ကြားပါရဲ့၊၊ ငါတို့ လူအို နှစ်ယောက်ကတော့ စကားမပြန်နိုင်တော့ဘူး။ ဖွားမေကသာ အအော် အငိုရပ်ပြီး ပြန်ပြောသံံကို ကြားလိုက်ရတယ်။
အဲဒါနဲ့ မောင်ထွန်းမောင်ဟာ ပထမ အဘိုးကြီး ပါးစပ်ထဲကို ရေချပေးတယ်။ နောက် နည်းနည်း လှုပ်လာတော့ ဟိုဆိုင်စုမှာ လက်ဖက်ရည်၊ ကော်ဖီရည် ၊ ရေနွေး၊ စားစရာတွေ ဝယ်လာပြီး ကော်ဖီနွေးနွေးကလေးကို အစက်ချပြီး တိုက်ပေးရှာတယ်။ အဘွားကိုလည်း ဒီလိုပဲ။ ဖွားမေကိုလည်း အနာကို ရေဆေး၊ ပြည်ဖောက်၊ ဆေးထည့်လုပ်တာနဲ့ မောင်ရယ် တစ်နာရီလောက်မှပဲ သက်သာသွားပါတယ်။
အမှန်ကတော့ ငါတို့ တစ်စုလုံး အစားအသောက် ချို့တဲ့လို့ ငတ်လို့ ဖြစ်ရတာကလားကွယ်၊ ငါတို့တော့ အရည်လောက်သာ သောက်နိုင်ကြပါတယ်။ ဖွားမေတို့ မောင်နှမ နှစ်ယောက်ကတော့ ဖျားတာမဟုတ်ဘူး။ အဲဒါကို မောင်ထွန်းမောင်ရယ် သူ့လွယ်အိတ်ထဲက ပေါင်မုန့်၊ ငါးသေတ္တာတွေ တစ်ခါတည်း ထုတ်ကျွေးတယ်။ ငတ်ငတ်နဲ့ စားလိုက်ကြတာ မောင်ရယ်၊ အဘွားတို့လည်း ဘေးက ကြည့်ရတာ အားရဝမ်းသာတာနဲ့ အားပြည့်လာကြတာပါပဲ။
အဲဒါ သူကိုယ်တိုင် ငါတို့ကို ဆေးတိုက်ပြုစုတဲ့အပြင် သူကိုယ်တိုင် ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ ငရုတ်၊ အစုံဝယ်ပြီး ချက်ကျွေးရှာတယ်၊ ဖွားမေကို အညှော်မိမှာစိုးလို့တဲ့၊ မီးဖိုနားတောင် မလာစေရဘူး။ ပြီးတော့ ဟော တဲကလေးကို ကြည့်ပါဦး ၊ အခုတော့ သပ်သပ်ရပ်ရပ်ပေါ့၊ မောင်ထွန်းမောင် ရောက်စက အမိုးလည်းမလုံ၊ အကာတွေလည်း ပျက်ကျနေတယ်။ လေပြင်းပြင်း တိုက်ရင် မခံနိုင်ဘူး၊ အဲဒီလို အနေမှာ မောင်ထွန်းမောင် ရောက်လို့ နှစ်ရက်အကြာမှာ နှင်းမိုး ရွာချလို့ မောင်ထွန်းမောင်ပါမကျန် ငါတို့ အကုန်လုံး ရွှဲရောဆိုပါတော့၊ မောင်ထွန်းမောင် ဘာလုပ်သလဲ သိလား၊ အနီးအနားက ဆိုင်စု အိမ်စုမှာ သက်ကယ်တို့ ၊ ထရံတို့ သူကိုယ်တိုင် သွားဝယ်ပြီး ကိုယ်တိုင် မိုးကာပေးခဲ့တယ် မောင်ရယ်”
အဘွားအိုသည် စကားကိုဖြတ်အထက်သို့ လက်အုပ် မြှောက်ချီကာ “ဘုရားသိကြားတော်၊ တပည့်တော်မရဲ့ မြေးကြီး မောင်ထွန်းမောင် ကျန်းမာ ချမ်းသာပါစေ၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ ရေလိုအေးလို့ ပန်းလိုမွှေးပါစေ…” ဆို၍ မျက်ရည်စမ်းစမ်းနှင့် ရှိခိုး ဆုတောင်းလေ၏။ ကျွန်ုပ်တို့ပတ်လည်ရှိ လူများကိုပင် မေ့နေဟန်ရှိ၏။ အတန်ကြာမှ ဆက်ပြန်၍…….
“ငါတို့ မိုးတွေစိုလို့ အေးကြချမ်းကြတော့ မောင့်သူငယ်ချင်း ဘုရားလောင်းကြီးက ဟော….သူမှာပါတဲ့ အကျီၤတွေ ၊ ပုဆိုးတွေ၊ မျက်နှာသုတ်ပဝါတောင် မကျန်ဘူး။ အဲဒါတွေနဲ့ တစ်ခါတည်း ငါတို့ လေးယောက်ကို ပတ်ရံ ခြုံရုံပေးတာပဲ၊ မိဘက သားသမီးကို ပြုစုသလိုပါပဲမောင်ရယ်၊ သူကိုယ်တိုင်ကတော့ စွပ်ကျယ်ကလေးနဲ့ သာ နေတယ်။ အောင်မယ် ဟော… မောင်သူငယ်ချင်းက သတ္တိကောင်းကလားကွဲ့၊ မိုးကြီးပေမယ့် သူမချမ်းဘူးတဲ့၊ ပြီးတော့ လူကြည့်တော့ လုံးရပ်တန်တန်ရယ်၊ နို့ပေမဲ့ သူ့အသားတွေက သံခဲလိုပါကလားကွဲ့၊ ဟော…နေ့ခင်း နေ့ခင်းမှာ ဖွားမေတို့ မောင်နှမ နှစ်ယေက်ကို လူ့လက်မောင်းသားကြီးတွေ ကြွတ်သားကြီးတွေကို ထုတ်ထုတ်ပြတယ်။ မောင်နှမ နှစ်ယောက် သူ့လက်မောင်းကြီးကို စီးစီးပြီး ကစားကြတာပဲ။ အင်မတန် ပျော်ကြတာပေါ့။ ဒီသူငယ်ဟာ လူထူးပါကွယ်၊ သန်က သန်မာပါဘိနဲ့၊ ဘုရားလောင်းများ ဆင်ပြောင် ငါးစီး ဆယ်စီးအား ဆောင်နိုင်တယ်ဆိုတာပဲ ထင်ပါရဲ့ကွယ်။
နောက်တစ်နေ့ မနက်စောစော ဟိုးအနား ခဏသွားဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ ညနေမှ ပြန်လာတယ်၊ တို့တစ်တွေဆိုတာ တစ်နေ့ခင်းလုံး သူ့ကို ထမင်းစား စောင့်နေကြတယ်။ အနီးအနား လိုက်ရှာကြတယ်၊ အဲဒီမနက် ငါတို့ ထမင်းမစားဖြစ်ဘူး၊ ညနေကျလို့ ပြန်လာတော့မှ သိရတာက လက်စသတ်တော့ သူ ဟို ကျိုက်ထိုကို သွားတာကိုး မောင်ရဲ့၊ ဟဲ့ ဖွားမေ၊ နင့်အစ်ကိုကြီး ဝယ်ပေးခဲ့တဲ့ အဝတ်အစားတွေ ယူခဲ့စမ်း၊ ကိုင်း .. မောင်ရင် ကြည့်တော့ ငါတို့ဖို့ သူဝယ်လာတာတွေ”
ထိုအခါ အဘိုးကြီးသည် အထုပ်ခပ်ကြီးကြီးတစ်ခုကို ကောက်ယူ၍ “ဟောဒါက ကျုပ်အထုပ်မောင်ရဲ့၊ မောင့်ကို ပြရဦးမယ်” ဆိုကာ အထုပ်ကို ဖြေလေသည်။ အထုပ်အပေါ်က ကြိုးစေ့အောင် အပတ်ပေါင်းများစွာ ရစ်ပတ်ထား၏။ ကြိုးတွေကုန်သောအခါ ပုဆိုးအဟောင်း တစ်ထပ်၊ နောက်ပိတ်ဖြူတစ်ထပ်၊ နောက် စက္ကူသုံးလေးထပ် အလွန်သေချာစွာ ထုပ်ထားသည်ကို တွေ့ရ၏ ။ နောက်ဆုံးအထပ် ကုန်လေမှ လုံချည်အညိုရောင်တစ်ထည်၊ အတွင်းခံ အကျီၤတစ်ထည်၊ အပေါ်အကျၤီတစ်ထည်၊ ခေါင်းပေါင်းပဝါတစ်ထည်၊ ပခုံးတင်ပိတ်ဖြူစ တစ်ထည်တို့ ထွက်လာလေ၏။
ထိုလေးထည်သော အဝတ်တို့ကို အဘိုးကြီးသည် ယုယမြတ်နိုးစွာ ကိုယ်တွယ်၍ “အဲဒါ ကျုပ်မြေးရဲ့ ကုသိုလ်တွေပဲ မောင်ရယ်၊ ကျုပ်အဘိုးအဘ ဒီလို မပေးခဲ့ဖူးပါဘူး။ ကျုပ်သားသမီးတွေလည်း မပေးခဲ့ဖူးဘူး။ ကိုယ်တိုင်လည်း ဝယ်ပြီး မဝတ်နိုင်ခဲ့ဖူးဘူး။ ဒီအဝတ် လေးထည် ကို ကျုပ်ဘာလုပ်မလဲ သိလား၊ ဥပုသ်နေ့တိုင်း ဝတ်ဆင်ပြီး ဥပုသ်စောင့်မယ်၊ အခု စိတ်ကူးတာကတော့ ကျုပ်မြေး ကုသိုလ်ပွားအောင် နေ့တိုင်းပဲ ရှစ်ပါးသီလစော့်ပြီး သူ့အဝတ်တွေနဲ့ အရိုးထုတ်တော့မယ်၊ ကျုပ်သေတဲ့အခါ ဒီအဝတ်တွေ ကျုတ်တို့ဆရာ ဘုန်းကြီးကို လှူလိုက်ဖို့ မှာပြီးပြီ မောင်ရဲ့”
အဘွားကြီးကလည်း မိမိအတွက် အဝတ်အစားတို့ကို ပြ၍ “ကျုပ်လည်းပဲ မောင်အဘိုးအတိုင်းပဲ ဆုံးဖြတ်ပြီးပါပြီ”ဟုဆို၏။
ဖွားမေကလည်း မိမိအထုပ်ကို အားပါးတရ ဖြေကာပြ၏ ။ ပိုးသားလုံချည်၊ အကျၤီ၊ ဘီး၊ မှန် စသည်ဖြင် မိန်းမ အသုံးအဆောင် အတန်များများတွေ့ရ၏ ။ “ အဲ့ဒါတွေ ကျွန်မရဲ့ အစ်ကိုကြီး ဝယ်ပေးခဲ့တာရှင့်၊ ကျေးဇူးးတင်လိုက်တာ အစ်ကိုကြီးရယ်၊ ကျွန်မလေ ညတိုင်း ညတိုင်း အိပ်ခါနီးကို ဦးသုံးကြိမ် ချပါတယ်။ အစ်ကိုကြီးလည်း ပြန်သွားပြီ၊ သိပ်အောက်မေ့တာပဲ” ဆို၍ မျက်ရည်လည်လာလေ၏ ။ အနားတွင် အစ်မ၏ မျက်နှာကို စိုက်ကြည့်နေသော မောင်ကလေးမှာလည်း မဲ့တဲ့တဲ့ဖြစ်၍ လာလေ၏။
အဘွားကြီးက ဆက်ပြန်၍ “အဲဒါ သူအပြုအစုကောင်းတာနဲ့ ငါတို့ အတော်အတန် ထူးထောင်လာကြတာပါပဲ။ သူနေလို့ လေး ငါးရက်ရှိတော့ ငါတို့လည်း မာပါပြီ၊ မင်း ဘုရားကို သွားဖို့ဟာ သွားတော့ လေလို့ ပြောတော့ အဘွားရယ်တဲ့၊ ဘုရားကို သွားဖူးတာထက် ဘုရားစကားနားထောင်တာ ပိုပြီး ကုသိုလ်ရတယ်တဲ့၊ ပြီးတော့လည်း ဘုရားသွားဖို့ အချိန်လည်း မရှိတော့ဘူး၊ ကျောင်းဖွင့်မှီအောင် ပြန်ရမယ်တဲ့။ သူဘုရားမှာ ရွှေချဖို့ ပန်းလှူဖို့ ရေလှူဖို့ မှန်းခဲ့တဲ့အတွက် ငွေကိုလည်း အဘွားတို့ကိုပဲ လှူခဲ့မယ်ဆိုပြီး ငွေဒင်္ဂါးပြားရေ ၃၀ ကျပ် တိတိ ငါတို့ကို ပေးသွားတယ်။ အခု ငါတို့ အသက် ၇၀ ရှိပြီး ၊ ကိုယ်ပိုင်အဖြစ်နဲ့ တစ်ခါမှ ငွေ၃၀ ကျပ် ပြည့်အောင် မကိုင်ခဲ့ရဖူးဘူး။ ဒီလို လူမျိုး တွေ့ဖူးဖို့ ထားလို့ ကြားတောင် မကြားဖူးပါဘူးကွယ်၊ ဟော မောင့်အဘိုးကဖြင့် လူမဟုတ်ဘူး။ နတ်သိကြားများ လူယောင်ဆောင်လာတာလို့ အခုထက်ထိ အတပ်စွဲနေတုန်းပဲ”
ထိုအခါ အဘိုးကြီးက ဝင်တဲ့၍-
“ဟဲ့ … မယ်သုန်တဲ့၊ အခု ဒီမောင်ရင်က သူ့သူငယ်ချင်းပါဆိုလို့သာ နေလိုက်ရတယ်၊ ငါတော့ ဧကန္တ နတ်သိကြားပဲလို့ စွဲလမ်းနေတုန်းပဲ၊ ကြည့်လေ၊ ငါအလကားပြောတာမဟုတ်ဘူး၊ ငါတို့ ဆရာ ဘုန်းကြီး ဟောဖူးတယ်၊ ဟဲ့ .. ဒကာကြီး ဖိုးခွေးတဲ့၊ ငါးပါးသီလ မြဲပြီး မေတ္တာပို့ပြီးဣ္ကတိပိသော ဂုဏ်တော်ကို တစ်နေ့ကို အနည်းဆုံး ၁၀ပတ်ရအောင် စိပ်တဲ့၊ အကျဉ်းအကျပ်တွေ့ရင် နတ်သိကြားများ လာပြီး ကယ်မတတ်တယ်တဲ့၊ အဲဒါ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး ဘုန်းကြီးစကားအတိုင်း စောင့်ထိန်းပြီး ပုတီး မှန်မှန် စိပ်ခဲ့တာ ညည်းအသိပဲ မဟုတ်လား၊ အဲ.. ဟိုနေ့က ငါပက်လက်ကလေးမြော့နေတော့ ဆရာဘုန်းကြီး အဆုံးအမနဲ့ ဂုဏ်တော်ကို သတိရပြီး ဂုဏ်တော်ကို နှလုံးသွင်းနေတယ်။ တော်တော်ကြာ ပါးစပ်ပေါ် ရေစက်ကျလာတော့ အင်း..သိကြားမင်း ရေစင်ဖျန်းလာပေါ့လို့ ငါယုံကြည်လိုက်တယ်။ လူပုံသဏ္ဍာန် တောက်ပြောင် အေးကြည်နေတဲ့ မျက်နှာကို ငါမြင်ရတယ်၊ ဟဲ့ .. မယ်တုတ်တဲ့…………. လူရိုးရိုးဟာ ဒီလောက် ကောင်းနိုင်ပါ့မလားဟဲ့။ လူမမာလေးယောက်ကို ဆေးကု၊ ပြုစု၊ ကျွေးမွေ၊ ဝတ်ဆင်၊ အိမ်ကို မိုးကာပေးပြီးတော့ ငွေ ၃၀ ကျပ် ရင့်မကြီးကို ပေးတာဟာ လူရိုးရိုး ဟုတ်နိုင်ပါ့မလားဟဲ့၊ တို့ဆရာ ဘုန်းကြီး ပြောဖူးတယ်၊ နတ်သိကြားများ လူယောင်ဆောင်လာရင် အရိပ်မထွက်ဘူး၊ မျက်တောင် မခတ်ဘူးတဲ့၊ ငါဖြင့် မောင်ထွန်းမောင်ရဲ့ အရိပ်ထွက်တာ၊ မျက်တောင်ခတ်တာ မမြင်မိဘူးဟဲ့၊ ပြီးတော့ ရုပ်ရည်ကလည်း သန့်ပါဘိသနဲ့၊ ငါဖြင့် ဒီလို ချောတဲ့လှတဲ့ ယောကျ်ားကလေး မြင်ဖူးပေါင်ဗျာ”
“အို.. ကိုဖိုးခွေးကလည်း လူတော့ လူအစစ်ပါတော့၊ လူရိုးရိုးမဟုတ်တာတော့ အမှန်ပဲ၊ ဧကန္တ အလောင်းအလျာ တစ်ခုခုတော့ ဖြစ်မှာပဲ၊ ကိုင်း..မောင်ရယ်၊ မောင်ထွန်းမောင်ရဲ့ သူငယ်ချင်းဆိုရင်ဖြင့် အဘွားတို့တဲမှာ တစ်ညလောက်တော့
တည်းပါဦး မောင်ရယ်၊ သူ့ငွေထဲက အလှူဦးပြုပြီး ထမင်းတစ်နပ်တော့ ကျွေးလိုက်ပါရစေ၊ သံဃာတော် ဆွမ်းကျွေွှးဖို့တော့ ငွေ ၅ ကျပ် ဦးချပြီး ဖယ်ထားပြီးပါပြီ”
ထိုအခါ ကျနု်ပ်မှာ အလွန်ပီတိဖြစ်၍ တစ်ညတည်းရန် ဝန်ခံလိုက်၏။
ညအိပ်ရာဝင်သောအခါ ကျွနု်ပ်၏ စဉ်းစားခန်း ပေါ်လာလေ၏။ “အင်း .. ထွန်းမောင်ကြီးဖြင့် ဘုရားဖူးလာရကျိုး နပ်လေပြီ၊ ထွန်းမောင် ရဲ့ ကုသိုလ်ကို ငါ အားကျလှသည်။ ငါကြားဖူးသည်ကား မြတ်စွာဘုရား ရှိစဉ်က တောနယ်မှ ရဟန်း ၂ ပါး ဘုရားကို ဖူးမြော်ရန်လာကြသတဲ့။ လမ်းခရီးမှာ ရေငတ်ကြသဖြင့် ရေသောက်ကြမည်ရှိရာ ရေစစ်မပါကြသည်နှင့် တစ်ပါးသော ရဟန်းက မြတ်စွာဘုရားသည် ရေစစ်နှင့်မှ ရေသောက်ရမည်ဟု ပညတ်ချက်ထားသည်။ ယခု ရေစစ်မရှိခဲ့။ ဘုရားကို ကြည်ညိုရာ ရောက်သည်ဆိုသည်မှာ ဘုရားစကားကို နားထောင်မှ ကြည်ညိုရာ ရောက်သည်။ ထို့ကြောင့် ရေမသောက်ဘဲ မသက်သေစေတော့ဟု ဆုံးဖြတ်လိုက်၏။ တစ်ပါးသော်ကား ဘုရားဆိုသည်မှာ အလွန်ဖူးမြင်ရခဲ၏။ ရေသောက်ပြီး အသက်ရှင်၍ ဘုရားကို ဖူးမြင်အံံ့ဟု ဆုံးဖြတ်လိုက်၏။ ပထမ ရဟန်းသည် လမ်းတွင် ပျံလွန်ခဲ့၏။ ဒုတိယရဟန်းကား ဘုရားထံရောက်၍ အဖြစ်အပျက်ကို ပြန်လှန် လျှောက်ထားသောအခါ မြတ်စွာဘုရားက ဘုရားစကားနားထောင်၍ လမ်းတွင် အသေခံသော ရဟန်းကိုသာ ချီးမွမ်းတော်မှုသတဲ့၊ ယခုလည်း ငါတို့ နှစ်ယောက် နှင့် တူလေစွ။
ငါ့မှာ ကျိုက်ထီးရိုး ဘုရားကိုတော့ ရောက်ပါရဲ့၊ ရောက်တော့ ဘာလုပ်သလဲ၊ ဘုရားကို ပုဆိန်ပေါက် ရှိခိုးတယ်၊ အနားပတ်လည်က ဆူဆူညံညံနှင့် အာရုံစိုက်၍ ရှိမခိုးခဲ့ရ၊ ငုင်းနောက် သူငယ်ချင်းတို့နှင့် လျှောက်၍ ပျော်ခဲ့သည်။ ဟားတိုက် သီချင်းဆို၊ ဖဲကစား…. အဲဒါတွေနဲ့ အချိန်ကုန်တာပဲ၊ အခု ထွန်းမောင်ကို အားကျလို့ အဘိုးကြီး၊ အဘွားကြီး တို့ကို ပိုက်ဆံပေးချင်လို့ ကြည့်တော့ လှည်းခနဲ့ ရထားခသာ ကျန်တော့တယ်။ ပိုက်ဆံတစ်ပြားမှ မပိုတော့ဘူး။ ဟိုကုန်းတော်မှာတုန်းက တို့လူစု မြေလတ်က အပျိုတစ်စုနဲ့ တွေ့လို့ အလွမ်းသင့် ပိုးပန်းပြီး ဟိုဆိုင် ဧည်ခံလိုက်၊ ဒီဆိုင် ဧည်ခံလိုက်နဲ့၊ သုံးလေးရက် တို့ လူစု ပိုက်ဆံဖြုန်းလိုက်ကြတာ၊ ဘုရားလှူဖို့ မှန်းထားတဲ့ အထဲက သုံးပုံ နှစ်ပုံလောက် ပါသွားတာပဲ၊ အဲဒီ ပိုက်ဆံတွေ အခု ငါ နှမြောလိုက်လှတယ်။
အဆက်ကို ကွန်မန့်တွင်ဆက်ဖတ်ပါ။
