Sunday, March 29, 2020

သေမင်းအား လှည့်ဖျားသော ကစားပွဲ


========================
မနက်ရှစ်နာရီဝန်းကျင်။
မြို့ငယ်လေးတစ်မြို့၏ဈေးထိပ်
ညောင်ပင်ကြီးတစ်ပင်အောက်တွင်
လူများဝိုင်းဖွဲ့လျက်ဖြင့်တစ်စုံတစ်ရာ
အားဝိုင်းဝန်းကြည့်ရူလျက်ရှိနေကြသည်။
မြို့ငယ်လေး၏ တစ်ခုတည်းသော
ဈေးဖြစ်သည့်အပြင်
ဈေးဝယ်သည့်လူများစုံသလောက်ရှိပြီ
ဖြစ်သောကြောင့်၊ ဈေးသို့ယခုမှလာသူများ။ ဈေးမှအပြန်
လူများမှာ ညောင်ပင်ကြီးရှေ့မှဖြတ်သွား
ရသောကြောင့်၊ လူသားတို့သဘာဝအလျောက် လူစုစုအုံအုံဖြင့်ရှိသောနေရာများတွေ့ပါက နားကိုစွင့်တတ်ကြကာ၊မိမိတို့စိတ်ဝင်စားမူနဲ့တိုက်ဆိုင်ပါက ကိုယ်တိုင်ပင်ဝင်ကြည့်တတ်ကြသည်မှာ သဘာဝပင်။
ညောင်ပင်ကြီးအောက်လူအုပ်ကြီး
အလယ်တွင် လူနှစ်ယောက်ရှိနေသည်။
လူနှစ်ယောက်ထဲမှတစ်ယောက်မှာ
အသက်လေးဆယ်ဝန်းကျင်အရွယ်ရှိ၏ ။
အသားဖြူဖြူ ၊ကိုယ်လုံးကိုယ်ထည်ခပ်ပြည့်ပြည့် ဥပဓိရုပ်မှာ မြင်သူတိုင်းလေး
စားကြည်ညိုဖွယ်ရာရုပ်သွင်မြင်ဟုဆိုရမည်ပင်။ နက်မှောင်သောဆံကေသာအရှည်ကိုလျောင်တစ်စောင်းထုံးလျက်ပိုးပဝါအဖြူ ဖြင့်ခေါင်းပေါင်း
ထားကာ နူတ်ခမ်းမွေးထူထူဖြင့် တည်ကြည်သော သူ့မျက်နှာပြင်နဲ့ အထက်အောက်အဖြူ ရောင် ပိတ်သားအကျီ ၤ၊ပိတ်သား ပုဆိုးကိုဝတ်ဆင်ကာ ပုတီးတစ်ကုံးကိုလည်ပင်းတွင်ဆွဲလျက်
ညောင်ပင်ကြီးအောက်ခြေတွင်တွင်
သာသနာပွဲတစ်ပွဲအား ဖယောင်းတိုင်
အမွေးတိုင်များထွန်းညှိပူဇော်လျက်ထိုပွဲ
ရှေ့တွင် တင်ပလွေခွေထိုင်လျက် လက်နှစ်ဖက်ကို ပေါင်တစ်ဖက်တစ်ချက်တွင်
လက်ဝါးဖြန့်တင်၍ ငြိမ်သက်စွာရှိနေသည်။
နောက်တစ်ယောက်မှာမူကား အသက်သုံးဆယ်အရွယ်ရှိကာ၊
် ယောဂီများဝတ်လေ့ရှိသောအဝတ်ကို
ဝတ်ဆင်ထားသူတစ်ယောက်ရှိနေသည်။
ထိုသူမှာ ပထမလူနဲ့ရုပ်ရည်ချင်း
ဆန့်ကျင်ဖက်အနေအထားတွင်ရှိ၏ ။
ပထမလူမှာ ရုပ်ရည်ကြည်ညို လေးစားဖွယ် တည်ကြည်ခန့်ညားသလောက်၊ ယခုယောဂီအဝတ်ကို ဝတ်ဆင်ထားသူမှာကား အသားအလွန်အင်မတန်မည်း၏ ။ အရပ်တို၍ဝဖိုင့်ကာ
ဝမ်းဗိုက်မှာ ရှေ့သို့အတန်မျစူထွက်နေသည်။ မျက်နှာမှာဝိုင်းပြည့်၍
ဝသောကြောင့် ပါးစို့ကြီးများထွက်နေ၏။ နှာခေါင်းမှာတို၍ပွကာ အထက်သို့လန်နေသောကြောင့် နှာခေါင်းပေါက်များအတွင်းသို့မြင်နေရကာ မျက်လုံးမှာပြူး၍ ဆံပင်ကျဲပါးကာ ခေါင်းရှိ
ဆံပင်အချောင်းရေကို ရေတွက်၍ပင်
ရလောက်သည်။ ခြုံ၍ပြောရလျင်ထိုယောဂီဝတ်လူကိုမြင်ရသူတိုင်းအလိုလိုပြုံးမိ ကြပေလိမ့်မည်။ထိုလူမှာရုပ်ကိုမြင်ရရုံဖြင့်ပင်
ရယ်စရာကောင်းသော လူတသ်ယောက်ပင်ဖြစ်နေပါတော့။
လူများမှာ သူတို့မြို့တွင်တစ်ခါမှမတွေ့ဖူးသော ရုပ်ရည်ဆန့်ကျင်ဖက်လူနှစ်
ယောက်အား တစ်ခါမှမတွေ့ဖူးသလို၊ထိုသူများဝတ်စားဆင်ယင်မူ
ထူးခြားသော ပြင်ဆင်မူများကြောင့်
စိတ်ဝင်တစား တစ်ယောက်စနှစ်ယောက်စကြည့်ရာမှတဆင့်တဖြည်းဖြည်းဖြင့်လူများပြားလာခြင်းပင်။
ပိတ်ဖြူ စင်ကြယ်ဝတ်လူမှာ ငြိမ်သက်စွာအာရုံပြုနေရာမှာ ကိုယ်ခန္ဓာလူပ်ရှား
လာရင်း ဘုရားရှိခိုးခြင်းအမူကိုပြုသော
အခါမှ ဘေးတစ်နေရာမှ ပိတ်ဖြူ စင်ကြယ်ဝတ်လူအခြေအနေအား စောင့်ကြည့်နေသော ယောဂီဝတ်စုံဝတ်ထား
သောရယ်စရာကောင်းသောလူကြီးမှာ
ပရိတ်သတ်ဖက်သို့ မျက်နှာမူ၍ ချောင်းတစ်ချက်ဟန့်ရင်း......

"..အဟမ်း....ခုနှစ်ရက်သားသမီးများနဲ့
သတ္တောဝါများကျန်းမာကြပါစေလို့
ဆရာကြီး ဒိဗ္ဗစက္ကု ရဲ့တပည့် ကျွန်တော်
မောင်ဖိုးထိန်မှ နူတ်ခွန်းဆက်သပါတယ်။
ယခုအများရှေ့မှာမြင်နေရသူ
ကျွန်တော်ရဲ့ဆရာကြီး ဒိဗ္ဗစက္ကု ဟာဆိုရင် တောအထပ်ထပ် တောင်အသွယ်သွယ်လူသူအရောက်အပေါက်
နည်းတဲ့ နေရာတွေမှာ ကျင့်စဉ်ပေါင်းများစွာကိုကျင့်ကြံလာသလို နယ်စဉ်လှည့်ပြီး ဘုရားကျောင်းကန်တည်သာသနာလုပ်ငန်းတွေကို ဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပါတယ် ကျွန်တော်ဟာဆိုရင်လည်းဆရာကြီးနောက်တော်ပါးက ဝတ်ကြီးဝတ်ငယ်ပြုစုရင်း
လိုက်ပါနေသူ၊ ဆရာကြီးရဲ့လက်ရင်းထိုး
တပည့်တစ်ယောက်ပါ ။
ကျွန်တော်တို့ဟာ ယခုနယ်ကိုရောက်စဉ်ကာလမှာ ဆရာကြီးရဲ့ သာသနပြုခရီးစဉ်အတွက်အလှူရှင်များ
ကုသိုလ်ယူပါဝင်လှူဒန်းလို့ရပါတယ်။
အဲဒီလိုမလှူဒန်းခင်မှာ ဆရာကြီးရဲ့
သီလ၊သမာဓိ၊ပညာအစွမ်းတွေကို
မိဘပြည်သူများကို ပြသပေးပါမယ်။
ဒါမှလည်း ကျွန်တော်တို့ဟာ အတုအယောင်၊အလိမ်အညာသမားတွေမဟုတ်
ဘူးဆိုတာ ရှင်းပြီးသားဖြစ်သွားမှာမို့လို့ပါ..."

ထိုအခါမှ
ရပ်ကြည့်နေသော လူပရိတ်သတ်များမှာ
ထိုလူနှစ်ယောက်မှာ ဆရာတပည့်ဖြစ်သွားမှန်းသိသွားကြသလို၊ ဆရာကြီး
ဒိဗ္ဗစက္ကု ဆိုသူအားလည်းကွက်ကြည့်ကွက်ကြည့်ဖြင့် ကြည့်မိကြတော့၏ ။
ဆရာကြီးဆိုသောဒိဗ္ဗစက္ကုမှာကန်တော့ပွဲရှိရာညောင်ပင်ဖက်မျက်နှာမူ၍
တင်ပလွေခွေထိုင်၍ မျက်လွာချလျက်ရှိနေ၏ ။
ဖိုးထိန်ဆိုသောရယ်စရာကောင်းသောလူမှာ လူနဲ့မလိုက်သောအသံပိုင်ရှင်ပင်ဖြစ်သည်။ ရုပ်ရည်မှာ ဇတ်ပွဲများမှလူရွင်တော်ရုပ်ပေါက်နေသောလည်း စကားပြောသောအခါ
အသံကြည်လင်၍ ပြောလိုသောအကြောင်းကို ပီသပြတ်သားစွာဖြင့် စိတ်ဝင်စားစရာ ညိူ့ငင်သောအသံမျိုး
ရှိသောကြောင့် ကြည့်ရူနေသူလူပရိတ်သတ်များမှာ အချင်းချင်းတီးတိုးစကား
ဖြင့်ထင်ရာမြင်ရာပြောဆိုကြလျက်ရှိနေသည်။
ဖိုးထိန်မှာ လူပရိတ်သတ်ကိုတစ်ချက်ခြုံအကဲခတ်လျက်သူ့စကားကို စိတ်ဝင်စားကြောင်းသိသောအခါ ရပ်ထားသောစကားကိုပြန်၍ဆက်လာသည်။
" ပထမဆုံးအနေနဲ့
ကျွန်တော်ဆရာဟာ ပရိတ်သတ်ထဲက
ဘယ်သူမဆို လက်ချောင်းဘယ်နှစ်ချောင်းထောင်ပါစေ မှန်ကန်အောင်ဖြေဆိုပြပါ့မယ် ခုဆရာကြီးဟာ ပရိတ်သတ်ကိုကျောခိုင်းထားပေမယ့် ပိုသေချာအောင် ဆရာကြီးမျက်လုံးကို အဝတ်တစ်ခုစည်းလိုက်ပါမယ်...........
...ဆရာကြီး ကန်တော့နော် .....
...ကဲ..ဘယ်သူစပြီး မေးချင်ပါသလဲ
ကြွပါခင်မျ ....

ဖိုးထိန်မှာပရိတ်သတ်များအားပြောရင်းတဆက်တည်းအဝတ်စတစ်ခုအားယူလျက်ဆရာဖြစ်သူအားလက်အုပ်ချည်ကန်တော့ဟန်ပြု၍ဆရာဖြစ်သူ
မျက်လုံးများကို အဝတ်စည်းလိုက်ပြီး
ပရိတ်သတ်များဖက်သို့ လှည့်၍မေးမြန်း
မည့်သူအားဖိတ်ခေါ်လိုက်တော့သည်။
တဖြည်းဖြည်းတဆင်စကား
တဆင့်နားဖြင့် ညောင်ပင်ကြီးအောက်တွင်ဆရာတပည့်နှစ်ယောက်ပညာပြပွဲကို
လာကြည့်သူများအတော်ပင်များပြားလာ
ခဲ့ပြီဖြစ်သည်။
ဖိုးထိန်ကဖိတ်ခေါ်ပြီးမကြာမှီကြည့်ရူ
နေသူလူအုပ်ထဲမှ ခပ်သွက်သွက်ရဲတင်း
သွက်လက်ဟန်လူငယ်တစ်ယောက်တိုးထွက်လာရင်း......

" ကျွန်တော်မေးကြည့်မယ်
ကျွန်တော်လက်ဘယ်နှစ်ချောင်း
ထောင်ထောင် မကြည့်ပဲဖြေပေးမယ်
မဟုတ်လား...."

" မောင်ရင် ထောင်သမျလက်ချောင်း
တွေကို ဆရာကြီးက
မကြည့်ပဲ ဖြေပေးမှာပေါ့ ကဲ အဆင်သင့်
ဖြစ်ရင် စမေးကြည့်ပေတော့ "

လူငယ်အမေးကို ဖိုးထိန်ပြန်ဖြေနေသောအချိန်တွင်တစ်စ၊တစ်စများလာသောလူအုပ်ကြီးမှာ စိတ်ဝင်စားစွာဖြင့်
ငြိမ်သက်စွာဖြင့် လူငယ်မေးကြည့်လက်ချောင်းမေးခွန်းကို ထိုလူ ဖြေနိူင်
မဖြေနိူင်သိလိုနေကြ၏ ။

လူငယ်။ ။ "ဒါဘယ်နှစ်ချောင်းလဲ "

ဖိုးထိန်။ ။ အကျင့်သီလသမာဓိနဲ့ပြည့်စုံတဲ့ ကျွန်တော့်ရဲ့ဆရာသခင်
ငါးပါးသီလခါးဝတ်ပုဆိုးလိုမြဲတဲ့ ဆရာကြီး မေးခွန်းအတွက်အဖြေပေးပါ ။

ဒိဗ္ဗစက္ကု ။ ။ လက်ချောင်းငါးချောင်း။

..ဟာ..

...ဟင်...

..အလိုလေး...

..မကြည့်ပဲဖြေလိုက်တာ မှန်တယ်တော့.....

လူငယ်ကလက်ငါးချောင်းထောင်ထားခြင်းဆရာကြီးဒိဗ္ဗစက္ကုက မကြည့်ပဲ
ဖြေလိုက်ခြင်းကြောင့် လူအုပ်ကြားမှအံ့အြသံများထွက်လာကြတော့၏ ။

လူငယ်။ ။ ဒါရောဘယ်နှစ်ချောင်းလဲ။

ဖိုးထိန် ။ ။ မင်းမှာသစ္စာလူမှာကတိ
ဆရာကြီးရဲ့သီလ သမာဓိ မှန်ကန်တာယုံကြည်လို့ တပည့်ကြီးက တခြားသူတွေကိုပြောပြထားမိတာမို့ ခုမေးခွန်းကို
တစ်ချက်ဖြေပေးပါ ။

ဒိဗ္ဗစက္ကု ။ ။ ဆယ်ချောင်း။

လူငယ် ။ ။ ဒါရောဘယ်နှစ်ချောင်းလဲ။

ဖိုးထိန်။ ။ တစ်ပည့်ကြီးရဲ့ ပြောစကားတွေမမှားကြောင်း ဖြေဆိုပေးပါ ဆရာကြီး ။

ဒိဗ္ဗစက္ကု ။ ။ တစ်ချောင်း ။

လူငယ် ။ ။ ဒါရောဘယ်နှစ်ချောင်းလဲ။

လူငယ်ကမေးမြန်းခြင်းကို
ဖိုးထိန်မှ ဒိဗ္ဗစက္ကုအားတဆင့်မေးမြန်းပြီး
လူငယ်မေးမြန်းသမျ လက်ချောင်းမည်မျပင်ထောင်စေကာမူ မှန်အောင်ဖြေနိူင်ခြင်းကြောင့် လူအုပ်ကြီးမှာစိတ်ဝင်တစား
တစစများပြားလာ၏ ။
လူငယ်မေးမြန်းပြီး၍နောက်ထပ်နှစ်ယောက်မျမေးမြန်းသော်လည်း
ဒိဗ္ဗစက္ကုတစ်ယောက် မလွဲတမ်းဖြေဆို
နိူင်သည်သာပင်။

" ကဲ...အားလုံးလည်း
ကျေနပ်လောက်ရောပေါ့ မကြာခင်မှာ
ဆရာကြီးက အားလုံး အတွက်အထူး
အဆောင်လက်ဖွဲ့တွေ ပေးအပ်ပါလိမ့်မယ် ထိုက်သူမှရမယ့် ပစ္စည်းတွေပါ .."

ဖိုးထိန်စကားဆုံးသောအခါ
ဒိဗ္ဗစက္ကုမှာနေရာမှထလာရင်း ပရိတ်သတ်ဖက်သို့ မျက်နှာမူလိုက်၏ ။
မြင့်မားသောအရပ်အမောင်း၊
တည်ကြည်သောမျက်နှာအမူအယာကို
တွေ့သူတိုင်းအလိုလို စိတ်အတွင်းရှိန်သွားမည်ပင်။ဒိဗ္ဗစက္ကုမှာ လူအုပ်ကြီးအား မျက်နှာမူရင်း.......

" ကျွန်ပ်ဟာ ငယ်ရွယ်စဉ်ကာလက
အင်မတန်ဆိုးသွမ်းတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးတယ် ။ တစ်နေ့တော့
ကျွန်ပ်နဲ့ ရန်ငြိုးရန်စရှိသူတွေဟာ
ကျွန်ပ်အလစ်အငိုက်ကိုချောင်းပြီးလုပ်ကြံဖို့ကြိုးစားချိန်မှာ ကျွန်ပ်ကိုလူကြီး
တစ်ယောက်ကဝင်ကယ်ပေးခဲ့တယ်။
အဝတ်အိတ်စုတ်ကြီးတစ်အိတ်လွယ်ပြီး။
ဆံပင်စုတ်ဖွား ၊ အဖာအထေးတွေအများကြီးနဲ့ အဝတ်အစားတွေဝတ်
ထားသူတစ်ယောက်ပဲ။
ဒါပေမယ့် သွားအထင်သေးလို့မရဘူး
ဆိုတာကျွန်ပ်ကိုခုတ်တဲ့ဓားချက်တွေကို
သူကိုယ်လုံးနဲ့ဝင်ခံပြီး သက်သေပြလိုက်တယ်။
သူတို့ခုတ်သမျဓားချက်တွေထိလို့
ဒီလူကြီးတော့သွားပြီလို့ ကျွန်ပ်တွေး
ထင်ပေမယ့်။
ကျွန်ပ်ထင်သလိုဖြစ်မလာခဲ့ဘူး။ လုံးဝ
မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုကို
ကျွန့်ပ်တွေ့လိုက်ရတယ် သူကိုထိသမျ
ဓားတွေဟာ ရော်ဘာတုန်းကိုခုတ်သလို
ခုန်ထွက်သွားကြတော့တာပါပဲ ..."

ဒိဗ္ဗစက္ကု ပြောစကားများမှာစိတ်ဝင်စားစရာကောင်းသောကြောင့်
လူအုပ်ကြီးမှာ မီးကိုရေနဲ့ငြိမ်းထားသည်အလားတိတ်ဆိတ်ငြိမ်သက်ကာ ဒိဗ္ဗစက္ကု
ဆက်ပြောလာမည့်စကားကိုနားစွင့်နေကြသည်။ ဒိဗ္ဗစက္ကုမှာ ပရိတ်သတ်စိတ်ဝင်စားလောက်မည့်နေရာတွင်
စကားကိုရပ်ထားပြီးမှစကားပြန်ဆက်လာသည်။

" ကျွန်ပ်ကိုသတ်မယ့်လူတွေဟာ
ဒီထူးဆန်းတဲ့လူကြီး အခြေအနေကြောင့်
ထွက်ပြေးသွားကြတယ်။
ကျေးဇူးရှင်လူထူးဆန်းကြီးဟာ
ကျွန်ပ်ကို ကယ်တင်ပြီး ကျွန်ပ်ဆီက
မကောင်းမူတွေကို အလှူခံခဲ့တယ်။
ကျွန်ပ်လည်းဥတစ်လုံးတစ်ကောင်ကြွက်ဘ၀ ၊ အဲဒီလူထူးဆန်းကြီးကိုလည်း စတွေ့ချိန်ကတည်းက ကြည်ညိုစိတ်
ဝင်မိတာကြောင့် ဒီလူကြီးထံကျွန်ပ်ဟာ
မကောင်းမူတွေလှူဒါန်းပြီး ကျွန်ပ်ဟာ
ဆရာကြီးနောက်ကို တပည့်ခံပြီးလိုက်ဖို့
ခွင့်ပန်ရင်း ဆရာကြီးခွင့်ပြု ချက်ရတဲ့အခါ ကျွန်ပ်ဟာလူထူးဆန်း
နောက်ကို လိုက်ခဲ့တော့တယ် ။
သူ့နောက်ကိုလိုက်လာတဲ့အချိန်ကျမှ
သူဟာ အတော်ကြီးထူးဆန်းတဲ့
လူတစ်ယောက်ဆိုတာ သိလိုက်ရတယ်။
လူကြီးဟာ မြန်မာပြည်အနှံ့အပြားက
ပျက်စီးပျောက်ကွယ်နေတဲ့ ဘုရားတွေကို
ပြန်လည်ပြုပြင်ရှာဖွေတယ်။
သူ့လုပ်ငန်းတွေကို ကျွန်ပ်လည်းဝိုင်းကူညီရတာပေါ့၊ လူကြီးဟာထူးဆန်းတယ် သူဟာဘုရားပြုပြင်ဖို့ငွေတွေကို
ဘယ်ကရတယ်မဆိုနိူင်ဘူး။ ဘုရားတွေပြုပြင်ဖို့ လိုအပ်တဲ့အချိန်အိတ်ထဲက
ရွေတိုငွေစတွေထုတ်ပေးတတ်တယ်။
အဲဒါတွေရောင်းချပြီး ဘုရားတွေပြန်လည်မွမ်းမံပြုပြင်တာပေါ့။
အဲဒီလူထူးဆန်းကြီးနဲ့ကျွန်ပ်ဟာ
သုံးနှစ်လောက် လိုက်ပြီး မြန်မာပြည်အရပ်ရပ်က ဘုရားတွေပြုပြင်ပြီးချိန်ကျမှ လူထူးဆန်းကြီးဟာ သူရဲ့ထူးခြားတဲ့ ပညာရပ်တွေကျင့်စဉ်တွေကိုလေ့လာသင်ကြားပေးကြီးကျွန်ပ်ကိုလမ်းခွဲသွားတော့တယ် ။
ကျွန်ပ်ပညာစုံချိန်တစ်နေ့ကျရင်
သူ့လိုမျိုးသာသနာပြုလုပ်ငန်းတွေလုပ်ဖို့
မှာကြားခဲ့တာကြောင့်ကျွန်ပ်ဟာမမျော်လင့်ပဲဆုံရတဲ့တပည့်ကျော်ဖိုးထိန်နဲ့တောတကာတောင်တစ်ကာလှည့်ပတ်ရင်းလူထူးဆန်းကြီးသင်ပေးတဲ့ပညာရပ်တွေ
ကိုလေ့ကျင့်အားထုတ်နေခဲ့တာပေါ့။ ကုန်လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့
ကျွန်ပ်ဟာထူးခြားတဲ့အိပ်မက်တစ်ခုကို
စမက်ခဲ့တယ်။ သာသနာပြုခရီးစဉ်အတွက် အချိန်ကျပြီဆိုပြီး ကျွန်ပ်ကိုပညာသင်ပေးခဲ့တဲ့ လူထူးဆန်းကြီးက
အိပ်မက်ထဲခရီးထွက်ခိုင်းခဲ့တယ်။
ဒီလိုနဲ့ပဲ ကျွန်ပ်ဟာ ခရီးတွေထွက်ပြီး
သာသနာပြုလုပ်ငန်းတွေလုပ်ဆောင်ရင်း
အခုဒီမြို့ကိုရောက်လာခဲ့တာပါပဲ။
ဒီမြို့ကသာသနာပြုအတွက်
ရွေးချယ်ခံရသူကို အထက်က ပုဂ္ဂိုလ်တွေကရွေးချယ်ပေးပါလိမ့်မယ် ...
တကယ်လို့ကောင်းကင်ပေါ်က သိကြားမင်းရုပ်တုလေးတွေကျလာရင်
ရရှိသူတွေဟာ သာသနာပြုရာမှာ
အထက်ပုဂ္ဂိုလ်တွေရဲ့ ရွေးချယ်ခံရသူတွေပါပဲ ...."

...ဝေါ...ဖျော....ဖျော.......ဖျော......

...ဟာ...ကောင်းကင်ပေါ်ကဘာတွေကျလာလဲမသိဘူး....

...ဟာ..အရုပ်တွေ သိကြားမင်းပုံရုပ်တုတွေပဲ ....

...ဟာ အရုပ်တွေ အများကြီးပဲ
ဒီမှာ ..ဒီမှာ အားလုံးတရွယ်တည်း
အတူတူ တွေချည်းပဲ ...

ဒိဗ္ဗစက္ကု မှာသူ့ စကားရှည်ကြီးကို
အဆုံးသတ်၍ ညာဖက်လက်ကိုမြှောက်လိုက်သောအခါလူအုပ်ကြီးအပေါ်သို့
အပေါ်မှ မိုးရွာချသကဲ့သို့ အတုံးငယ်လေးများပြုတ်ကျလာ၏ ။
ထိုအတုံးငယ်လေးများမှာ လူများဝိုင်းပတ်ကြည့်နေရာသို့ကျရောက်သွားပြီး
ကြည့်ရူနေသူများမှာသူတို့အနားကျရောက်လာသောထိုအရာများအားကောက်ယူ၍သေချာကြည့်မိသောအခါ
အနက်ရောင်သစ်သားလက်တစ်ဆစ်ခန့်
မျအရှည်ဖြင့် ပုံစံကျ လက်ရာမြောက်စွာ
ခုလုပ်ထားသောသိကြားမင်းရုပ်တုကလေးများဖြစ်နေသောကြောင့်လူအများမှာသူ့ထက်ငါ အလုအယက်ကောက်ကြ၍အလဲလဲအပြိုပြိုပင်ဖြစ်ကုန်
၏ ။
" ကဲ ...အရုပ်ရသူတွေဟာ
စီးပွားတက်မယ်၊လတ်လာဘပေါများမယ်။ဘေးအန္တရယ်ကင်းရှင်းမူ
ကိုမကြာခင်ကြုံရလိမ့်မယ်
ဘာလို့လဲဆိုတော့ သိကြားမင်းကိုယ်တိုင်
စီးပွားလတ်လာဘတိုးပွားအောင်မစတော့မှာကိုး ..ကဲ ..ကျွန်ပ်သာသနာပြုရာခရီးမှာ အထက်ကရွေးချယ်ခံထားရတဲ့ သိကြားမင်းအရုပ်ရထားသူတွေက သဒ္ဓါတရားနည်းများမဆို အလှူငွေထည့်ဝင်နိူင်ပါတယ် ....."

" ဟာ....လှူရမှာပေါ့
ဒါကြုံရဆုံရခဲတဲ့ သာသနာပြုရမယ့်အလှူပဲ ...လှူမယ် ..."

" ဟုတ်တယ်...လှူရမယ်
တစ်သက်တစ်ခါသာကြုံရတာ ငါတို့နဲ့ပဋ္ဌန်းဆက်ပါလို့ အရုပ်ရတာပဲ
လှူရမယ်....."

" ရော့...ရော့....ပိုက်ဆံတော့ပါမလာဘူး...ဒီမှာ ...လက်ကောက် ...ရော့ ...ဒီမှာ ဆွဲကြိုး.ဒီမှာလက်စွတ်.."

ငွေဖလားတစ်လုံးနဲ့အလှူလိုက်ခံနေသောဖိုးထိန် ဖလားအတွင်းမကြာမှီ
ငွေသားများအပြည့်အလျံဖြစ်သွားသလို
ရွေ၊ငွေ၊လက်ဝတ်ရတနာများမှာလည်း
ဖလားအတွင်းအတော်ပြည့်သွားတော့၏ ။ အရုပ်မရလိုက်သူများမှာကား
အရုပ်မရလိုက်သောကြောင့် မချင့်မရဲဖြစ်ကာ အရုပ်တွေ့လိုတွေ့ငြားလိုက်ရှာသူကရှာ ဖြင့်ရှိနေသလို၊ အရုပ်ရလိုက်သူများမှာလည်းပျော်တပြုံးပြုံးဖြစ်လျက်
ဒိဗ္ဗစက္ကု အားလက်အုပ်ကလေးတစ်ချီချီဖြင့်ရှိနေကြတော့၏ ။

...ကဲ ..ကျွန်ပ်ပြန်တော့မယ်....

...ဒါနဲ့ ဆရာကြီးတို့ကဘယ်မှာတည်းခိုကြတာလဲ နောက်နေ့ရောဆရာကြီးတို့ကိုတွေ့ခွင့်ရမယ်ဆိုတွေ့ချင်ပါသေးတယ် ...

..ကျွန်ပ်တို့ဆရာတပည့်တွေမြို့ထိပ်က ဘုန်းကြီးကျောင်းမှာတည်းခိုနေကြပါတယ်
မပူပါနဲ့ ဒီနေ့အရုပ်မရလိုက်သူတွေလည်း
နောက်နေ့ကျရင် ကျွန်ပ်တခြားရှားပါးပြီး
တစ်သက်တစ်ခါမြင်တွေ့ရတဲ့ပစ္စည်းတွေ
စွန့်ကြဲပေးပါ့မယ်......"

ဒိဗ္ဗစက္ကု မှာလူအုပ်ကြီးထံမှတစ်ယောက်တစ်ပေါက်အမေးကို
ပြန်လည်ဖြေကြားကာ နေရာမှစွန့်ခွာ၍
သွားမည်ပြုသောအခါတပည့်ဖြစ်သူ
ဖိုးထိန်မှာလည်းအလှူခံငွေဖလားကိုပိုက်
၍ကုတ်ကုတ်ဖြင့်လိုက်ပါသွားတော့သည်။
လူအုပ်ကြီးမှာကား ဒိဗ္ဗစက္ကု အကြောင်းကို အထူးတလည်အညွန်းတင်ပြောဆိုလျက်ကျန်နေရစ်ခဲ့ကြတော့၏။
ဤသည်မှာကား ဒိဗ္ဗစက္ကု ဆိုသော
ဆရာတစ်ယောက် ထိုမြို့လေးသို့စရောက်လာသောပထမနေ့တွင်ဖြစ်ပျက်
သောအကြောင်းပင်ဖြစ်သည်။

×..........×..........×.........×

နောက်တစ်နေ့မနက်
ဈေးစတင်သည်နဲ့ဈေးတန်းတွင်လူတစ်
များကျဲပါးလျက်ရှိနေတော့သည်။
အကြောင်းမှာကားရောင်းသူ၊ဝယ်သူ
များမှာ ဈေးတန်းထဲတွင်ရှိမနေပဲ၊ ညောင်ပင်ကြီးအောက်တွင်သာစုပြုံလျက်ရှိနေကြသည်။ ဈေးသည်များမှာဈေးရောင်းဈေးဝယ်ရန်လတ်လာဘအဆောင်များတောင်းရန်။တစ်ချို့ကစီးပွားစန်းလတ်တက်ရန်အမျိုးမျိုး
သောအကြောင်းအရာများဖြင့်ရောက်ရှိ
လာကြခြင်းပင်။ညောင်ပင်ကြီးအနီးသူထက်ငါ အစောကြီးနေရာဦးစေရန်ယူကြရင်းစောရောက်နေကြကာ
ဒိဗ္ဗစက္ကုတို့ဆရာတပည့်အလာကိုစောင့်
ဆိုင်းနေကြခြင်းပင်ဖြစ်သည်။

" ဟော...ဆရာကြီးလာပြီ
လမ်းဖယ်ကြ....."

အဝေးမှလျောက်လာသော ဒိဗ္ဗစက္ကု
နဲ့တပည့်ဖြစ်သူဖိုးထိန်အားတွေ့ရသောအခါ လူအုပ်ကြီးမှာလူပ်လူပ်ရွရွဖြစ်သွားပြီးညောင်ပင်ကြီးအောက်ဝင်ရန်
လမ်းရှင်းပေးကြ၏ ။ ဒိဗ္ဗစက္ကုနဲ့သူ့တပည့်ကျော်ဖိုးထိန်တို့နေရာယူလိုက်ကြပြီးမကြာမှီမှာပင်ပြကွက်ဆန်းများစတင်ပြသတော့သည်။
ကြိုးခွေအားတောင်းနဲ့အုပ်ပြီးပြန်ဖွင့်လိုက်သောအခါ
အဆိပ်ပြင်းသောတောကြီးမြွေဟောက်တစ်ကောင်ပါးပြင်းထောင်၍
ရှိနေခြင်း။ ထိုမြွေဟောက်ကို ဒိဗ္ဗစက္ကု
ကဖမ်းယူလိုက်သောအခါ မြွေမှာမကိုက်ပဲပါးပြင်းချလျက်ငြိမ်သက်သွားတော့သည်။ ထို့အပြင်ဘာမှမရှိသောလက်ကိုလေပေါ်တွင်ဝှေ့ယမ်းလိုက်သောအခါ လက်အတွင်းရောက်ရှိနေသော ပစ္စည်းမှာ ဖိုအင်္ဂါ ၊ မအင်္ဂါများ
ပါရှိသော ရှားပါး ဂျင်ဆင်းဆေးမြစ်ပင်များဖြစ်နေသည်။ ထို့နောက်တပည့်ကျော် ဖိုးထိန်အား မြေပြင်ပေါ်ပက်လက်လှန်အိပ်စေ၍ အသွားထက်ထက်ဓားတစ်ချောင်းနဲ့ခုတ်ပိုင်းပြသောထူးဆန်းသောပြကွက်တစ်မျိုးဖြစ်၏ ။ ဓားကြီးမှာမည်မျထက်သည်ဟုဆိုရလျင်
အနိမ့်အောက်ခြေမှညောင်ကိုင်းများကို
ဓားဖြင့် ခုတ်ဖြတ်ပြရာ ညောင်ကိုင်းမှာ
တိခနဲပြတ်ကျသွား၏ ။
ဒိဗ္ဗစက္ကုမှာကားသူ့တပည့် ဖိုးထိန်အား အကျီ ၤချွတ်စေကာ၊ အမြစ်တစ်ချို့ကို ဆေးသွေးရာတွင်အသုံးပြုသောကျောက်ပျဉ်တစ်ခုပေါ်တွင်သွေး၍
အပေါ်ပိုင်းတစ်ခုလုံးအားလိမ်းစေ၏ ။
ထို့နောက်
မြေပြင်ပေါ် ပက်လက်လှန်လှဲအိပ်စေပြီး
လျင်အသွားထက်ထက်ငှက်ကြီးတောင်ဓားဖြင့်ခုတ်ပိုင်းချလိုက်တော့သည်။

..ဟာ...

...သေပြီ...

....အောင်မလေး သေပါပြီ....

ဝိုင်းအုံကြည့်ရူနေသောလူများမှာ
ဒိဗ္ဗစက္ကုဓားဖြင့်ခုတ်ပိုင်းလိုက်သောအချိန်တွင် ကြောက်လန့်တကြား
အော်ဟစ်သူကအော် ၊ ကြောက်လန့်စရာသွေးသံရဲရဲမြင်ကွင်းမျိုးမြင်ရတော့မည်မို့မကြည့်ရဲသောကြောင့်မျက်လုံးမှိတ်သူကမှိတ်ဖြင့် ရုတ်ရုတ်သဲသဲ
ဖြစ်ကုန်ကြတော့သည်။

...ဟာ...ထူးဆန်းတယ်ဟေ့
ဓားနဲ့ခုတ်တာ ဘာမှဖြစ်မသွားဘူး...

...အောင်မလေး သေပြီထင်နေတာ
ဘာမှမဖြစ်ဘူး...

...အတော်ထူးဆန်းတာပဲဟေ့....

ကြည့်ရူနေသောသူများထံမှအံ့အြ
ပြောဆိုသံများတစ်ယောက်တစ်ပေါက်
ပြောဆိုသံများထွက်ပေါ်လာခြင်းပင်။
်အကြောင်းမှာ ဒိဗ္ဗစက္ကု ခုတ်ချလိုက်သောဓားမှာ ဖိုးထိန်ကိုယ်ပေါ်အကျတွင်
သားရေတုန်းကြီးကိုခုတ်ချသည်အလား
အပေါ်သို့ပြန်ခုန်တက်လာသောကြောင့်
ဖြစ်သည်။ ဒိဗ္ဗစက္ကုမှာ ဖိုးထိန်အားတစ်ချက်ပြီး၊တစ်ချက်ဓားဖြင့်ခုတ်ပိုင်းသော်လည်းပထမခုတ်ချက်နည်းတူ ဓားမှာ
ရော်ဘာတုံးကြီးခုတ်သည်အလားအပေါ်သို့ပြန်ခုန်တက်သွားသောမြင်ကွင်းကိုကြည့်ရူနေသူများ ရင်တထိတ်ထိတ်၊ အသည်းတလှပ်လှပ် မြင်တွေ့နေရ၏ ။
ထို့သို့ဖြင့် ဒိဗ္ဗစက္ကု ထံမှ မြွေနိူင်ဆေးဝယ်သူများ၊ ဂျင်းဆင်းဆေးမြစ်ဝယ်သူများ၊ တုတ်ပြီး၊ ဓားပြီးဆေးဝယ်သူများဖြင့် ငွေထည့်သော ဖလားကြီးမှာ
ပြည့်လျံသွားတော့သည်။
ပစ္စည်းများကိုဝယ်ယူရာတွင် ဒိဗ္ဗစက္ကုမှာ ဈေးနူန်းမသတ်မှတ်မိမိစေတနာရှိသလောက် လှူဒါန်းခိုင်းခြင်းမျိုးဖြစ်၏ ။

ဒိဗ္ဗစက္ကုတစ်ယောက်သူ၏ထူးခြား၊ရှားပါးသောပစ္စည်းများရောင်းချ၍ပြန်ခါနီးတွင် ထူးဆန်းသော
စကားတစ်ခွန်းကြောင့် အားလုံးသောလူပရိတ်သတ်များမှာ စိတ်ဝင်တစားဖြင့်အံ့အြဘနန်းဖြစ်ကြရတော့သည်။

" အားလုံးပဲ ကျွန်ပ်အရေးကြီးကိစ္စ
တစ်ရပ်ကိုပြောပါ့မယ် သေချာနားထောင်ပေးကြပါ ။
ကျွန်ပ်ဟာ အဓိဋ္ဌန်သာသနာပြုအတွက်ခရီးသွားနေသူ
ဆိုတာအားလုံးကိုပြောပြပြီးပါပြီ
ရောက်တဲ့နေရာမှာ သတ္တေဝါတွေကို
ကယ်တင်နိူင်သလောက်ကယ်တင်ခဲ့ပါတယ်
ကျွန်ပ်ဟာ အခုထူးခြားတဲ့အတတ်ပညာတစ်ခုကိုကျင့်နေတာ ကျင့်စဉ်အောင်ခါနီးပြီ
ဖြစ်ပါတယ်။
ကျင့်စဉ်ကတော့ မြေကသိုဏ်း ကျင့်စဉ်ပါပဲ ကျွန်ပ်ဟာ မြေကြီးထဲမှာ လူသေလို
မြုတ်နှံပြီးကျင့်ရတာပါ ။

ကျင့်စဉ်ကာလက ခုနှစ်ရက်ဖြစ်ပြီးတော့စမြုတ်နေကစ့ ခုနှစ်ရက်ပြည့်တဲ့နေ့မှ မြေကျင်းကို
တူးဖော်ပြီး ကျွန်ပ်ကို အခေါင်းအဖုန်းဖွင့်ပေးရပါမယ်။ ...."